ပရိသတ်ကြီးရေ ဒီရက်ပိုင်းမှာတော့ ကိုဗစ် ရောဂါကြောင့် ကိုယ်ချစ်ခင်ရ သူတွေ မိသားစုဝင်တွေကို ဆုံးရှုံးရသူတွေ များစွာ ရှိနေတာ စိတ်မကောင်းစရာတွေပါပဲ ။ အနုပညာရှင်တွေထဲမှာ ဆိုရင်လည်း ကိုဗစ်ကူးစက်ခံရသူတွေ များစွာတွေ့ရပြီး တစ်ချို့ဆို ကွန်လွန်သွားတဲ့ သတင်းတွေပါ ကြားနေရလို့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြတာပါ ။

မနေ့က ဆိုရင်လည်း လူရွှင်တော် ဦးမေတ္တာ အောက်ဆီဂျင်တွေ ထိုးကျကာ သေဆုံးသွားတယ် ဆိုတဲ့ သတင်းတွေ ကြားရတာ ဝမ်းနည်းစရာပါပဲ ။ ဦးမေတ္တာကို ချစ်ခင်ကြတဲ့ ပရိသတ်တွေ မိတ်ဆွေတွေကလည်း နှမြောတသ ဖြစ်ခဲ့ကြရပါတယ် ။

ဦးမေတ္တာရဲ့ ရုပ်ခန္ဓာကိုယ်ကိုလည်း နေ့ချင်း သဂြိုလ်ခဲ့ကြတယ်လို့ သိရပါတယ် ။ ဒါ့အပြင် ဦးမေတ္တာရဲ့ နောက်ဆုံးခရီးကို ကျန်ရစ်သူမိသားစုတွေနဲ့ ခင်မင်ရတဲ့ မိတ်ဆွေ အချို့ လိုက်ပါပို့ဆောင်ပေးကြတာကို လည်းတွေ့ရပါတယ် ။ ပရိသတ်ကြီးအတွက် ဦးမေတ္တာရဲ့ နောက်ဆုံးခရီး ဗီဒီယိုကိုဝေမျှပေးလိုက်ပါတယ် ။

CRD – Cele Zone

ZAWGYI




CRD – Cele Zone