


Happy – Cele Zone

UNICODE

မိဘတွေ ဟာ သူမ ငယ်စဉ် ကတည်းကကွဲကွာ သွားကြပေမယ့် မိခင်ကိုရော ဖခင်ကိုပါ ဝတ္တရားမပျက်ဘဲ အမြဲတမ်းစောင့် ရှောက်သလို ဖခင် ရဲ့ ဒုတိယ ဇနီးကိုပါ သူမ ရှာထားတဲ့ ငွေကြေး နဲ့ တတ်နိုင် သလောက် ထောက်ပံ့တတ်တဲ့ စေတနာရှင် လေးနွေနွေးး ချစ်ဖွယ်ဟာ မိဘတွေကို အရမ်းသိတတ်သူ တစ်ယောက်ပါ။ ဖခင်ရဲ့ဒုတိယ ဇနီးဆုံးပါးသွားတော့ လည်း ဖခင်ကိုနှစ်သိမ့် ပေးပြီး အနားမှာ အချိန်ကြာကြာရှိနေ ပေးတတ်ပါတယ်။

မိဘနှစ်ပါး ရဲ့ ပြန်လည် ဆုံဆည်းမယ့် အချိန်လေးကို မျှော်လင့်နေပြီး နှစ်ယောက်လုံး အတူတူ ပြန်ပေါင်းနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပေး ခဲ့ပါတယ်။ မိခင်ကိုလည်း သူမ ကြိုးစားပြီး ရှာထားတဲ့ ငွေကြေးတွေ နဲ့ တင့်တောင့် တင့်တယ် ဖြစ်အောင်ထောက်ပံ့ သလို ဖခင်အတွက် လည်း လိုလေးသေး မရှိ ထောင့်စေ့အောင် ဂရုစိုက် တတ်ပါသေးတယ်။

မိခင် များနေ့ မှာတော့ အမေ့ခြေရာကို ယူထားတဲ့ ပုံရိပ်လေးကို ” အမေ့စကား ခရေစေ့ တွင်းကြ နားထောင် နိုင်အောင် ကြိုးစားနေ ထိုင်ရင်း အပိုတွေ သိပ်မပြောတတ်လို့ ချစ်တယ် မေမေ အသက် ရှည် ကျန်းမာ ချမ်းသာပါစေ ကမ္ဘာပေါ်မှာရှိတဲ့ အမေများ အားလုံးလည်း အသက်ရှည် ကျန်းမာ ချမ်းသာကြပါစေ ” ဆိုပြီးဝေမျှခဲ့ပါတယ်။ မိဘကို သိတတ်တဲ့ သားသမီးမို့ ဒီထက်မက အများကြီး အောင်မြင်ဦးမှာပါနွေးရေ။

Happy – Cele Zone
zawgyi