ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့ ကနေ စတင်ပြီး မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပွား နေတဲ့ အခြေ အနေ‌‌ေကြာင့် ပြည်သူတွေ နဲ့ နယ်ပယ် အသီးသီးက အနုပညာရှ င်မောင်နှမတွေ က စစ်မှန်တဲ့ ဒီမိုကရေစီ ပြန်လည် ရရှိရေး အတွက် လူထုလှုပ် ရှားမှုတွေမှာ ပူးပေါင်းပါဝင် နေကြတာ ဖြစ်ပါတယ်။ ယခုလို ပြည်သူေ တွနဲ့အတူ လှုပ်ရှားနေကြတဲ့ အနုပညာရှ င်တွေထဲမှာ ပိုပို ကလည်း လ မ်းမပေါ်ထွက်ကာ အားသွန်ခွန်စိုက် ကြိုး စားခဲ့တဲ့ သူပဲဖြစ် ပါတယ်။
လူထု လှုပ်ရှား မှုတွေမှာ ပါဝင်ရင်း ၅၀၅ (က)ဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံရမယ့် သူတွေ ထဲတွင် ပါဝင်လာ ခဲ့တာ ဖြစ်ပြီး ဧပြီလ (၁၅)ရက်နေ ့တွင် သူမရဲ့အိမ်တွင် ဖမ်းဆီး အရေးယူ ခံလိုက်ရတာ ပဲဖြစ်ပါတယ်။အရင် ရက်ပိုင်းကဆိုရင် ပိုပိုနဲ့ ပက်သက်ပြီး ကောလဟာလ တွေက ထွက်ရှိနေတာ ဖြစ်ပြီး သူမရဲ့အိမ် ကလည်း အခုချိန်ထိ ဘယ်ရောက် လို့ ရောက် မှန်းမ သိသေးတာကြောင့် မမှန်တဲ့ သတင်းတွေ ကို မတင်ကြဖို့ တောင်းဆိုထား တာလည်း တွေ့ရပါတယ်။
ဒီနေ့ မှာတော့ သူမရဲ့သူ ငယ်ချင်းဖြစ်တဲ့ မော်ဒယ်လ် သရုပ်ဆောင် Hu Go က “မပို အင်းစိန်ထောင် ရောက်ပြီလို့ မိသားစုထံမှ သိရကျန်းမာပါစေအမ 🙏”ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်တွင် တင်ပေးလာတာ ဖြစ်ပါတယ်။”ကျန်းမာရေးမခြေ အနေတော့ မသိရသေးဘူး! သိရရင်ပြန် မျှဝေပေးပါ့မယ်! But သူက ဘုရားတ ရားသမားဆိုတော့ Will Power ကောင်းတယ်! အဲ့တော့ I HOPE So သူဒီဒဏ်ကို အသာလေးကျော် လွှားနိုင်မှာပါ!သူအ တွက်လဲ ဆုတောင်း​ပေးကြပါအုံး🖤”လို့ သူရဲ့ပို့စ်အောက်တွင် ပရိသတ် တွေသိအောင် ထပ်ပြီးရေးသား မျှဝေထားတာ ဖြစ်ပြီး ပိုပိုရဲ့ ပရိသတ်ေ တွကလည်း ကျန်းမာရေးေ ကာင်းမွန်ပြီး အမြန်ဆုံး လွတ်မြောက်ပါစေ လို့ ဆုတောင်းထားကြတာပဲဖြစ်ပါတယ်။
Credit;Hu Go FB Page
ZAW GYI
Credit;Hu Go FB Page