



unicode

စစ်ကောင်စီက ​ပုဒ်မ ၅၀၅ (က) ​ဖြင့် အရေးယူခံထားရတဲ့ အနုပညာရှင်တွေ ရဲ့ စာရင်းကို နေ့စဉ်ထုတ်ပြန်လျက်ရှိရာ ဒီကနေ့မှာတော့ သရုပ်ဆောင် မအေးသောင်း ( အေးဝတ်ရည်သောင်း ) နှင့် သရုပ်ဆောင် ရတနာဗိုလ်တို့လည်း ပါဝင်လာ တာဖြစ်ပါတယ်။

ဧပြီလ ၈ ရက်နေ့ည ထုတ်ပြန်တဲ့ သရုပ်ဆောင်/အဆိုတော်/ဒါရိုက်တာ စာရင်းတွေကတော့ ရတနာဗိုလ်၊ အေးဝတ်ရည်သောင်း၊ နေဇော်လင်း၊ စိုင်းအောင်နိုင်၊ အောင်မြိုင်သင်း၊ ယုယုလွင်၊လှမျိုးသန့် ၊ ဗြိတိသျှကိုကိုမောင် (ခ) ကျော်စွာနိုင်၊ လင်းမြင့်သိန်း၊ နွေတင်ဇာနိုင်၊ ယုအိစံ၊ စိုးဝင်းနိုင်၊ ရန်နောင်စိုး၊ မယ်မင်းဘုံ၊ မင်းသိဏ်းကျော်၊ သက်ဝင်းလှိုင်၊ ဟန်လင်း၊ ဆန်းလင်းထွန်း၊ ဝေဇင်ကိုကိုကျော် နဲ့ သက်ပိုင်စိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းအတွင်း မှာလည်း နာမည်ကြီး အနုပညာရှင် တွေဖြစ်တဲ့ ရဲတိုက်၊ ​ပိုင်တံခွန်၊ ဇာဂနာ၊ ဝင်းမင်းသန်း တို့လည်း ဖမ်းဆီးထိန်း သိမ်းခြင်းကို ခံခဲ့ရပါတယ်။အခုဆိုရင်တော့ ထင်ရှားတဲ့အနုပညာရှင်တွေရဲ့ စာရင်းကို ဝရမ်းထုတ်ပြန် လာခဲ့ရာ စုစုပေါင်း ( ၁၄၀ ) ခန့် ရှိသွားပြီလို့ သိရပါတယ်။

Credit ; Shwe Yaung Myanmar