



UNICODE

ပရိသတ်ကြီးရေ G Fatt ကတော့ လူငယ်တွေ အရမ်းကြိုက်နှစ်သက် ရတဲ့ တေးသံရှင် တစ်ယောက်ဖြစ်ပြီး သူရေး ဖွဲ့လိုက်တဲ့ သီချင်း စာသားတိုင်း ကလည်း ရင်ကိုထိမှန်စေပါတယ်နော်။G Fatt က လက်ရှိအချိန်မှာလည်း အနုပညာ အလုပ်တွေကို ဖြည်းဖြည်း မှန်မှန်လုပ်ဆောင်နေဆဲ ဖြစ်ပြီး တစ်ယောက်တည်း အေးအေးချမ်းချမ်း နေထိုင်နေတာ ဖြစ်ပါတယ်။G Fatt ရဲ့ သီချင်းဟောင်းလေး တွေကလည်း ယနေ့အချိန်ထိ တိုင်မရိုးသွားသေး ဘဲ နားထောင်လို့ ကောင်းနေဆဲ ဖြစ်တာကြောင့် ပရိသတ်တွေ ကြားမှာ အရမ်းရေပန်းစားနေတာ ဖြစ်ပါတယ်နော်။

G Fatt က နောက်ထပ် လည်းသီချင်းအသစ်တွေ ကို ဆက်လက် လုပ်ဆောင်နေပြီး အနုပညာ ညီအစ်ကို မောင်နှမတွေ နဲ့လည်း ခင်ခင်မင်မင် လက်တွဲနေထိုင်နေတာဖြစ်ပါတယ်။G fatt ရဲ့ အနုပညာ ခြေလှမ်းတွေကို သူ့ရဲ့ ချစ်ပရိသတ်တွေ ကလည်း အမြဲစောင့်ကြည့်ပြီး အားပေးနေ ကြတာပါနော်။ G fatt ကတော့ လူငယ်ပီပီ အရမ်းကြိုးစား တာကြောင့် တေးသီချင်း လောကမှာ နေရာ တစ်နေရာ ကနေ ရပ်တည်နေပြီး အောင်မြင်မှု တွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ G Fatt က ပရိသတ်တွေ အံ့အားသင့်သွားအောင် လို့ ကောင်မလေးတစ်ယောက် နဲ့ ကြည်နူးနေတဲ့ ပုံလေးတွေကို တင်ပေးလာတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း G Fatt နောက်ထပ် သီချင်းအသစ်လေး အတွက် MV ရိုက်နေတယ်လို့ ထင်ကြေးပေး ကြပြီး သူ့အတွက် ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။G Fatt တို့နှစ်ယောက်ရဲ့ ကြည်နူးနေတဲ့ ပုံရိပ်လေးတွေက ဘာအတွက် ဖြစ်မလဲဆိုတာကို ပရိသတ်ကြီးလည်း ခန့်မှန်းရင်း နောက်ထပ် သီချင်း အသစ်လေးကို စောင့် မျှော်လိုက်ရအောင် နော်။

Source&Photo Credit:G Fatt’s Facebook page