အဆိုတော်မေခလာ ကတော့ လူကြီးလူငယ်မရွေး နှစ်ခြိုက် အားပေးခြင်းခံရတဲ့ နာမည်ကျော် တေးသံရှင် တစ်ဦးပဲ ဖြစ်ပါတယ်နော်။ ဂီတလောက ရဲ့ငွေကြယ်ပွင့်တစ်ပွင့်လို့တောင်ဆိုနိုင်တဲ့ မေခလာက ဂီတသက်တမ်း ကလည်း နှစ်အတော်ကြာအောင် ရှိနေပြီ ဖြစ်ပါတယ် ။ ခေတ်တွေပြောင်းလဲသွားပေမယ့် အခုချိန်အထိ မပြောင်းမလဲဘဲ အောင်မြင်မှုတွေသိမ်းပိုက်ရရှိနေတဲ့ မေခလာက သီချင်းတွေဆက်လက် ဖန်တီးရင်း သူမရဲ့နာမည်ကို ထိန်းထားနိုင်တာ ဖြစ်ပါတယ် ။

ချစ်ငယ်လို့အားလုံး ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ ထူးခြားတဲ့အသံပါဝါ ကို ပိုင်ဆိုင်ထားပြီး သီချင်းတွေကို ပရိသတ်တွေ ရဲ့ရင်ထဲ ထိရောက်အောင် သီဆိုတတ်တာ ဖြစ်ပါတယ် ။ မကြာသေးခင်ကမှ ထွက်ရှိခဲ့တဲ့ မေခလာရဲ့ “ဦးရဲ့ကလေး မောင်လေးရဲ့မမ ” ဆိုတဲ့သီချင်းအသစ်လေး ကလည်း အားလုံးရဲ့နှုတ်ဖျားမှာ ရေပန်းစားပြီး အရမ်းအောင်မြင်နေတာ ဖြစ်ပါတယ် ။ အခုလည်း မေခလာက “ရှ” ဆိုတဲ့ သီချင်း အသစ်လေးရဲ့ Music Video ကို ဒီနေ့မှာပဲ ရိုက်ကူးရေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မေခလာကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ ဒီသီချင်းဗီဒီယိုလေး မှာတော့ Cele တွေဖြစ်တဲ့ ဒီးနဲ့ ရွှေတို့ ကလည်း ပါဝင်အားဖြည့်ပေးထားတာ ဖြစ်ပါတယ် ။ မေခလာကတော့ Music Video ရိုက်ကွင်းကို Live လွှင့်ပေးခဲ့သေး တာလည်း ဖြစ်ပါတယ် ။ ဟာသတွေပြောတတ်တဲ့ ဒီးနဲ့ရွှေ တို့ကြောင့် မေခလာတစ်ယောက် ရိုက်ကွင်း မှာအူတက်အောင် ရယ်မောခဲ့ရတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ် တွေအတွက် တေးသံရှင် မေခလာရဲ့Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Maykalar’s FB Page

unicode