ပရိသတ္ႀကီးေရ.. ဆြဲေဆာင္ မႈရွိတဲ့ အသံခ်ိဳခ်ိဳေလး နဲ႔ ပရိသတ္ေတြရဲ့ ရင္ထဲ တိုးဝင္ေနရာယူထားတဲ့ ျပည္သူ႔ အသည္းေက်ာ္ အဆိုေတာ္ မေလး ေကေကမိုး ကိုေတာ့ ပရိသတ္ေတြ တစ္ခဲနက္ အားေပးခ်စ္ခင္ ေနၾကမယ္လို႔ ေမၽွာ္လင့္ပါတယ္ေနာ္..။မိန္းကေလး ပရိသတ္ေတြၾကား ေရပန္း စားေအာင္ျမင္ကာ လူႀကိဳက္မ်ားတဲ့ သီခ်င္း ေကာင္းေလးေတြ မ်ားစြာ ထြက္ရွိထားၿပီး အႏုပညာ လမ္းေၾကာင္းမွာ ေအာင္ျမင္စြာ ေလၽွာက္လွမ္း ေနတဲ့ သူမကေတာ့ Tik Tok ေလးေတြ မၾကာခဏ ေဆာ့ကစားတတ္ပါတယ္ေနာ္..။

လူငယ္ပီပီ ေပ်ာ္ေပ်ာ္ေနတတ္ တဲ့ အခ်စ္ေတာ္ေလး ေကေကမိုး တစ္ေယာက္ကေတာ့ အခုတစ္ခါ မွာလည္း ၿခိမ့္ေကကို နဲ႔ အတူ Tik Tok Duet ေလး တြဲဖက္ေဆာ့ကစား ထားတဲ့ ဗီဒီယိုဖိုင္ေလး နဲ႔လည္း ပရိသတ္ေတြကို အခြီေလးေတြ နဲ႔ သေဘာက် ေစျပန္ပါတယ္ေနာ္..။အခ်စ္ခ်င္း ၿပိဳင္ကာ တစ္ေယာက္ပါး တစ္ေယာက္ရိုက္ၿပီး ပြဲၾကမ္း ကုန္ၾကလို႔ အူတက္ေအာင္ ရယ္ေနရတဲ့ ေကေကမိုး နဲ႔ ၿခိမ့္ေကကိုတို႔ရဲ့ Tik Tok အခြီဗီဒီယိုေလးက ေတာ့ ရိုက္ေနရင္း နဲ႔ ကို သူမကိုယ္တိုင္ခြီ ေနရတဲ့အေၾကာင္းေဘးကို လည္း ေက ကေျပာျပထားပါေသးတယ္..။

“ရိုက္ေနရင္းရယ္ေနတာ နဲ႔ တင္ ၁၈၆ ေခါက္ေလာက္ၾကာသြားတယ္😂😂😂😂😂..” ဆိုၿပီး သူမ ရဲ့ Tik Tok အခြီဗီဒီယိုဖိုင္ေလးကို ေကေကမိုး က ပရိသတ္ေတြ ကို ေဝမၽွထားတာပဲ ျဖစ္ပါတယ္ေနာ္…..။အဲ့ဒီပို႔စ္ ရဲ့ ေအာက္မွာေတာ့ ပရိသတ္ေတြက လည္း သေဘာက်စြာ စေနာက္ ထားၾကၿပီး အခြီေလးေတြေျပာကာ အားေပးစကားေလး ေတြလည္း ေျပာထားၾကသလို ဟာသ ေလးေတြလုပ္တတ္ လြန္းတဲ့ သူမကိုခ်စ္ခင္ ၾကတဲ့အေၾကာင္းေလးေတြကို လည္း ေျပာထားၾကပါတယ္ေနာ္..။

သတင္းအရင္းျမစ္: PKay Kay Moe’s Fb Acc

UNICODE

ပရိသတ်ကြီးရေ.. ဆွဲဆောင် မှုရှိတဲ့ အသံချိုချိုလေး နဲ့ ပရိသတ်တွေရဲ့ ရင်ထဲ တိုးဝင်နေရာယူထားတဲ့ ပြည်သူ့ အသည်းကျော် အဆိုတော် မလေး ကေကေမိုး ကိုတော့ ပရိသတ်တွေ တစ်ခဲနက် အားပေးချစ်ခင် နေကြမယ်လို့ မျှော်လင့်ပါတယ်နော်..။မိန်းကလေး ပရိသတ်တွေကြား ရေပန်း စားအောင်မြင်ကာ လူကြိုက်များတဲ့ သီချင်း ကောင်းလေးတွေ များစွာ ထွက်ရှိထားပြီး အနုပညာ လမ်းကြောင်းမှာ အောင်မြင်စွာ လျှောက်လှမ်း နေတဲ့ သူမကတော့ Tik Tok လေးတွေ မကြာခဏ ဆော့ကစားတတ်ပါတယ်နော်..။

လူငယ်ပီပီ ပျော်ပျော်နေတတ် တဲ့ အချစ်တော်လေး ကေကေမိုး တစ်ယောက်ကတော့ အခုတစ်ခါ မှာလည်း ခြိမ့်ကေကို နဲ့ အတူ Tik Tok Duet လေး တွဲဖက်ဆော့ကစား ထားတဲ့ ဗီဒီယိုဖိုင်လေး နဲ့လည်း ပရိသတ်တွေကို အခွီလေးတွေ နဲ့ သဘောကျ စေပြန်ပါတယ်နော်..။အချစ်ချင်း ပြိုင်ကာ တစ်ယောက်ပါး တစ်ယောက်ရိုက်ပြီး ပွဲကြမ်း ကုန်ကြလို့ အူတက်အောင် ရယ်နေရတဲ့ ကေကေမိုး နဲ့ ခြိမ့်ကေကိုတို့ရဲ့ Tik Tok အခွီဗီဒီယိုလေးက တော့ ရိုက်နေရင်း နဲ့ ကို သူမကိုယ်တိုင်ခွီ နေရတဲ့အကြောင်းဘေးကို လည်း ကေ ကပြောပြထားပါသေးတယ်..။

“ရိုက်နေရင်းရယ်နေတာ နဲ့ တင် ၁၈၆ ခေါက်လောက်ကြာသွားတယ်😂😂😂😂😂..” ဆိုပြီး သူမ ရဲ့ Tik Tok အခွီဗီဒီယိုဖိုင်လေးကို ကေကေမိုး က ပရိသတ်တွေ ကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်…..။အဲ့ဒီပို့စ် ရဲ့ အောက်မှာတော့ ပရိသတ်တွေက လည်း သဘောကျစွာ စနောက် ထားကြပြီး အခွီလေးတွေပြောကာ အားပေးစကားလေး တွေလည်း ပြောထားကြသလို ဟာသ လေးတွေလုပ်တတ် လွန်းတဲ့ သူမကိုချစ်ခင် ကြတဲ့အကြောင်းလေးတွေကို လည်း ပြောထားကြပါတယ်နော်..။

သတင်းအရင်းမြစ်: PKay Kay Moe’s Fb Acc