ျမန္မာနိုင္ငံရဲ့ ထိပ္ထိပ္ၾကဲ မင္းသမီးတစ္ေယာက္ ျဖစ္တဲ့ ဝတ္မႈံေရႊရည္ က အကယ္ဒမီ (၂) ဆုရွ င္အျဖစ္ ေအာင္ျမင္မႈ အေပါင္း သရဖူေဆာင္းထားသလို နိုင္ငံတကာနဲ႔လည္း ရင္ေဘာင္တန္းနိုင္ သူေလးတစ္ေယာက္ ျဖစ္ပါတယ္။ ဝတ္မႈံေရႊရည္ က ကိုရီးယား နိုင္ငံက ခ်ီးျမႇင့္ထားတဲ့ ထူးခၽြန္ဆု တစ္ဆုကို ပိုင္ဆိုင္ထားၿပီး နိုင္ငံတကာမွာ က်င္းပတဲ့ ပြဲအခမ္းအနား ေတြကိုလည္း ျမန္မာနိုင္ငံ ကိုယ္စားျပဳအျဖစ္ မၾကာခဏ တက္ေရာက္ရေလ့ရွိတာပဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ဝတ္မႈံေရႊရည္က ျမန္မာပရိသတ္ေတြ ဂုဏ္ယူေစမယ့္ သတင္းေကာင္းတစ္ခုကို သယ္ေဆာင္လာခဲ့ျပန္ပါၿပီ။

ဝတ္မႈံေရႊရည္က ကမၻာေက်ာ္ Forbes Magazine က ေရြးခ်ယ္တဲ့ Forbes Asia’s digital stars အေယာက္ (၁၀၀) မွာ ကိုရီးယား ေကေပါ့ အဖြဲ႕ျဖစ္တဲ့ BLACKPINK၊ ထိုင္း ထိပ္တန္း မင္းသမီး Davika Hoorne၊ ဖိလစ္ပိုင္း ထိပ္တန္း မင္းသမီး Kim Chiu အစရွိတဲ့ အာရွထိပ္သီး အႏုပညာရွင္ေတြနဲ႔ ရင္ေဘာင္တန္းၿပီး ေဖာ္ျပခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ဝတ္မႈံေရႊရည္ ကေတာ့ သူမရဲ့ မွတ္တိုင္ တစ္ခုအတြက္ “Forbes Magazine က ေရြးခ်ယ္တဲ့ Forbes Asia’s digital stars အေယာက္ (၁၀၀) မွာ ျမန္မာနိုင္ငံ ကိုယ္စား ျပဳအေနနဲ႔ ကစ္ ေရြးခ်ယ္ခံရပါတယ္…ကစ္ကို ခ်စ္ခင္အား ေပးၾကတဲ့ တစ္ဦးတစ္ေယာက္ခ်င္းစီကို xo xo 💋💋” ဆိုၿပီး ဂုဏ္ယူဝမ္းသာစရာသတင္းေကာင္းေလးကို မၽွေဝေပးလာပါတယ္။


.

ဝတ္မႈံေရႊရည္ကေတာ့ ကမၻာ့နိုင္ငံ အသီးသီးက အႏုပညာရွင္ ေတြၾကားမွာ မၾကာခဏဆိုသလို ေဖာ္ျပခံရၿပီး နိုင္ငံတကာက ပြဲအခမ္းအနားႀကီး ေတြကိုလည္း ျမန္မာနိုင္ငံ ကိုယ္စားျပဳအေန နဲ႔ တက္ေရာက္ ေလ့ရွိသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ဝတ္မႈံေရႊရည္ မွတ္တိုင္ တစ္ခုအတြက္ ဂုဏ္ယူဝမ္းသာေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾက တဲ့ ပရိသတ္ႀကီးအားလုံး လည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Wutt Hmone Shwe Yi ‘s fb

unicode

မြန်မာနိုင်ငံရဲ့ ထိပ်ထိပ်ကြဲ မင်းသမီးတစ်ယောက် ဖြစ်တဲ့ ဝတ်မှုံရွှေရည် က အကယ်ဒမီ (၂) ဆုရှ င်အဖြစ် အောင်မြင်မှု အပေါင်း သရဖူဆောင်းထားသလို နိုင်ငံတကာနဲ့လည်း ရင်ဘောင်တန်းနိုင် သူလေးတစ်ယောက် ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် က ကိုရီးယား နိုင်ငံက ချီးမြှင့်ထားတဲ့ ထူးချွန်ဆု တစ်ဆုကို ပိုင်ဆိုင်ထားပြီး နိုင်ငံတကာမှာ ကျင်းပတဲ့ ပွဲအခမ်းအနား တွေကိုလည်း မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် မကြာခဏ တက်ရောက်ရလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဝတ်မှုံရွှေရည်က မြန်မာပရိသတ်တွေ ဂုဏ်ယူစေမယ့် သတင်းကောင်းတစ်ခုကို သယ်ဆောင်လာခဲ့ပြန်ပါပြီ။

ဝတ်မှုံရွှေရည်က ကမ္ဘာကျော် Forbes Magazine က ရွေးချယ်တဲ့ Forbes Asia’s digital stars အယောက် (၁၀၀) မှာ ကိုရီးယား ကေပေါ့ အဖွဲ့ဖြစ်တဲ့ BLACKPINK၊ ထိုင်း ထိပ်တန်း မင်းသမီး Davika Hoorne၊ ဖိလစ်ပိုင်း ထိပ်တန်း မင်းသမီး Kim Chiu အစရှိတဲ့ အာရှထိပ်သီး အနုပညာရှင်တွေနဲ့ ရင်ဘောင်တန်းပြီး ဖော်ပြခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် ကတော့ သူမရဲ့ မှတ်တိုင် တစ်ခုအတွက် “Forbes Magazine က ရွေးချယ်တဲ့ Forbes Asia’s digital stars အယောက် (၁၀၀) မှာ မြန်မာနိုင်ငံ ကိုယ်စား ပြုအနေနဲ့ ကစ် ရွေးချယ်ခံရပါတယ်…ကစ်ကို ချစ်ခင်အား ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို xo xo 💋💋” ဆိုပြီး ဂုဏ်ယူဝမ်းသာစရာသတင်းကောင်းလေးကို မျှဝေပေးလာပါတယ်။


.

ဝတ်မှုံရွှေရည်ကတော့ ကမ္ဘာ့နိုင်ငံ အသီးသီးက အနုပညာရှင် တွေကြားမှာ မကြာခဏဆိုသလို ဖော်ပြခံရပြီး နိုင်ငံတကာက ပွဲအခမ်းအနားကြီး တွေကိုလည်း မြန်မာနိုင်ငံ ကိုယ်စားပြုအနေ နဲ့ တက်ရောက် လေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည် မှတ်တိုင် တစ်ခုအတွက် ဂုဏ်ယူဝမ်းသာနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြ တဲ့ ပရိသတ်ကြီးအားလုံး လည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Wutt Hmone Shwe Yi ‘s fb