အသံချိုချို ၊ တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲ ဝင်ရောက် နေရာယူခဲ့သူကတော့ အေသင်လို့ လူသိများကြတဲ့ အဆိုတော် အေသင်ချိုဆွေ ပဲဖြစ်ပါတယ်။

အဆိုတော် အေသင်ချိုဆွေ ဟာ သူမရဲ့ သမီးလေးဖြစ်သူ အိုင်ဗီလေးကို တစ်ကိုယ်တည်း ရဲဝံ့စွာ ပျိုးထောင်ခဲ့တာဖြစ်ပြီး သူမ ရဲ့ လေးစားစရာစိတ်ဓာတ်ကြောင့် ပရိသတ်တွေက အရင်ကထက် သူမကို ပိုမိုချစ်ခင် အားပေးလာကြတာဖြစ်ပါတယ်။

လက်ရှိမှာ အေသင်ချိုဆွေ က နိုင်ငံရပ်ခြားမှာ သမီးလေးအိုင်ဗီနဲ့ အတူတူ နေထိုင်နေတာဖြစ်ပါတယ်။ အခုအခါမှာလည်း သမီးလေးအိုင်ဗီ ကျောင်းမသွားခင် ဘတ်စ်ကားစောင့်နေတဲ့ ဗီဒီယိုလေးကို တင်လာပေးပြီး ပရိသတ်တွေက အိုင်ဗီလေးကို အရမ်းချစ်ခင် သဘောကျနေကြတာပဲဖြစ်ပါတယ်။ အိုင်ဗီ့ရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုလေးကိုလည်း ပရိသတ်ကြီးကြည့်ရှုနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။

Credit———

zaw gyi




Credit———