unicode
ကျော်ကျော် ၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦး တို့သုံးယောက်ကတော့ တကယ့်မောင်နှမ အရင်းတွေပမာ ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်း တွေပဲ ဖြစ်ကြပါတယ်။ သူတို့သုံးယောက်က အနုပညာအလုပ် တွေကို အတူလက်တွဲကာ လုပ်ကိုင်ရင်းနဲ့ အောင်မြင် နေကြတာ ဖြစ်ပါတယ် ။ လက်ရှိမှာ ဆိုရင် ကျော်ကျော် တို့အဖွဲ့လေးက ကြော်ငြာတွေအတူတူရိုက်ကူ နေရသလို Live Sale တွေလည်း မကြာခဏ ရောင်းချ နေရတာ ဖြစ်ပါတယ် ။ ပရိသတ်တွေ ကလည်း သူတို့အဖွဲ့လေးကို ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ် ။
ကျော်ကျော် တို့သူငယ်ချင်းသုံးယောက် က အရမ်းအတွဲ ညီကြသလို ဟာသဗီဒီယိုတွေ ဖန်တီးတဲ့ နေရာမှာလည်း အရမ်းတော်ကြတာ ဖြစ်ပါတယ် ။ ကျော်ကျော်တို့အဖွဲ့ရဲ့ဟာသဗီဒီယို လေးတွေက ပရိသတ်တွေကြားမှာ အမြဲတမ်းလူကြည့်များပြီး အောင်မြင်နေတတ်တာ ဖြစ်ပါတယ် ။ အခုလည်း ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦး တို့သုံးယောက်က အတူတူဆုံရင်းနဲ့ အခွီ တလိုင်းဗီဒီယိုလေး တစ်ခုကို ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ် ။
“သူငယ်ချင်းကိုမထိနဲ့ မီးပွင့်သွားမယ်”ဆိုတဲ့ ဒီဗီဒီယိုလေး မှာတော့ ကျော်ကျော် နဲ့တိုက်မိတဲ့ သစ်ပင်ကို တောင် ဆုမြတ်နိုးဦး တို့က ရန်ရှာခဲ့ကြတာ ဖြစ်ပါတယ် ။ တုတ်တွေသွားဆွဲလာပြီး သစ်ပင် ကိုရိုက်နှက်နေတဲ့ ဆုမြတ်နိုးဦးနဲ့ ညီထွဋ်ခေါင်တို့ကို ကျော်ကျော် ကတောင် ပြန်ဆွဲခဲ့ရတာပဲ ဖြစ်ပါတယ် ။ ကဲ သူငယ်ချင်းကိုဘယ်လောက် ချစ်ကြောင်း သက်သေပြလိုက်တဲ့ ကျော်ကျေ ာ်တို့သူငယ်ချင်းသုံးာ က်ရဲ့အခွီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Video Credit-“N-H-K=ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ” FB Page