လက္ရွိ ျဖစ္ေပၚေနတဲ့ အေျခအေနေတြ မွာဆိုရင္ လူငယ္ အမ်ားစုကပဲ ေရွ႕ဆုံးက ေန တက္တက္ ႂကြႂကြ နဲ႔ ဦးေဆာင္ေန ၾကတာျဖစ္ပါတယ္။လမ္းေပၚ ထြက္လာရင္ အသက္ အႏၲရာယ္ မလုံျခဳံမွန္း သိေသာ္လည္း လူငယ္ေတြ ကေတာ့ ေၾကာက္ေသြး မပါၾကဘဲ သတၱိအျပည့္ နဲ႔ ရင္ဆိုင္ေန ၾကတာ ေၾကာင့္ အရမ္း ေလးစားစရာ ေကာင္းၾကပါတယ္။ယေန႔ အခ်ိန္ထိ ဆိုရင္ က်ဆုံး သူရဲေကာင္း ေတြ လည္း အေယာက္ ( ၃၀၀ )ေက်ာ္ေနၿပီ ျဖစ္ေပမယ့္ လူထု လႈပ္ရွားမႈ ေတြ ကိုေတာ့ ၿမိဳ႕နယ္ အသီးသီး မွာ ေန႔စဥ္ ရက္ဆက္ ေတြ႕ျမင္ ေနရဆဲ ျဖစ္ပါတယ္။

လမ္းေပၚ မွာ လႈပ္ရွားေန ၾကတဲ့ လူငယ္ေတြ အတြက္ လည္း ျပည္သူ ေတြက အဟာရ ျပည့္မယ့္ စားစရာ ၊ ေသာက္စရာေတြ ကိုအျမဲ လႉဒါန္းၿပီး လိုအပ္သမၽွအကူအညီ ေတြကို လည္းေပး ေနၾကတာ ျဖစ္ပါတယ္။လူငယ္ေတြ ကေတာ့ သူတို႔ကို ကူညီေဖးမ ေပးၿပီး အစားအေသာက္ ေတြလႉဒါန္း ေပးတဲ့ေစတနာရွင္ ေတြရဲ့ေက်းဇူး ကို လည္း သိတတ္ၾကတာ ျဖစ္ပါတယ္။အခုဆိုရင္ လည္း လူငယ္ တစ္စု က ေရွ႕တန္း ကေန ရြပ္ရြပ္ ခၽြံခၽြံ ရင္ဆိုင္ ေနရင္း ထမင္းေၾကာ္ လာေကၽြးတဲ့အလႉရွင္ ရွိလို႔ အတူတူ မၽွေဝ စားေသာက္ ေနၾကတာပဲျဖစ္ပါတယ္။

လူငယ္ေတြ ကေတာ့ သူတို႔ အတြက္ စားစရာ ၊ ေသာက္စရာေတြ လႉဒါန္း ေပးၾကတဲ့ အလႉရွင္ ေတြကို “က်န္းမာပါေစ ၊ ခ်မ္းသာပါေစ”ဆိုၿပီး ဆုမြန္ေကာင္းေတာင္းေပးေနၾကတာျဖစ္ပါတယ္။အခုလိုမ်ိဳး အႏၲရာယ္ေတြ ၾကားထဲမွာ ေတာင္ အလႉရွင္ေတြ ရဲ့ေစတနာကို သိတတ္ေန ၾကတာျဖစ္ပါတယ္။လူငယ္ေတြရဲ့မ်က္ႏွာေပၚ မွာလည္း အျပဳံးပန္းေတြေဝဆာေနၿပီး သူတို႔အတြက္တစ္ေထာင့္တစ္ေနရာကေနကူညီေဖးမေပးေနတဲ့ ျပည္သူေတြေၾကာင့္ ခြန္အားအျပည့္နဲ႔ဆက္လက္ ရင္ဆိုင္ေနၾက တဲ့ ဗီဒီယိုဖိုင္ေလး ကို ျပန္လည္ မၽွေဝ ေပးလိုက္ပါတယ္။

Source&Photo Credit: MM LOAD
Video Credit: MM LOAD

UNICODE

လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ မှာဆိုရင် လူငယ် အများစုကပဲ ရှေ့ဆုံးက နေ တက်တက် ကြွကြွ နဲ့ ဦးဆောင်နေ ကြတာဖြစ်ပါတယ်။လမ်းပေါ် ထွက်လာရင် အသက် အန္တရာယ် မလုံခြုံမှန်း သိသော်လည်း လူငယ်တွေ ကတော့ ကြောက်သွေး မပါကြဘဲ သတ္တိအပြည့် နဲ့ ရင်ဆိုင်နေ ကြတာ ကြောင့် အရမ်း လေးစားစရာ ကောင်းကြပါတယ်။ယနေ့ အချိန်ထိ ဆိုရင် ကျဆုံး သူရဲကောင်း တွေ လည်း အယောက် ( ၃၀၀ )ကျော်နေပြီ ဖြစ်ပေမယ့် လူထု လှုပ်ရှားမှု တွေ ကိုတော့ မြို့နယ် အသီးသီး မှာ နေ့စဉ် ရက်ဆက် တွေ့မြင် နေရဆဲ ဖြစ်ပါတယ်။

လမ်းပေါ် မှာ လှုပ်ရှားနေ ကြတဲ့ လူငယ်တွေ အတွက် လည်း ပြည်သူ တွေက အဟာရ ပြည့်မယ့် စားစရာ ၊ သောက်စရာတွေ ကိုအမြဲ လှူဒါန်းပြီး လိုအပ်သမျှအကူအညီ တွေကို လည်းပေး နေကြတာ ဖြစ်ပါတယ်။လူငယ်တွေ ကတော့ သူတို့ကို ကူညီဖေးမ ပေးပြီး အစားအသောက် တွေလှူဒါန်း ပေးတဲ့စေတနာရှင် တွေရဲ့ကျေးဇူး ကို လည်း သိတတ်ကြတာ ဖြစ်ပါတယ်။အခုဆိုရင် လည်း လူငယ် တစ်စု က ရှေ့တန်း ကနေ ရွပ်ရွပ် ချွံချွံ ရင်ဆိုင် နေရင်း ထမင်းကြော် လာကျွေးတဲ့အလှူရှင် ရှိလို့ အတူတူ မျှဝေ စားသောက် နေကြတာပဲဖြစ်ပါတယ်။

လူငယ်တွေ ကတော့ သူတို့ အတွက် စားစရာ ၊ သောက်စရာတွေ လှူဒါန်း ပေးကြတဲ့ အလှူရှင် တွေကို “ကျန်းမာပါစေ ၊ ချမ်းသာပါစေ”ဆိုပြီး ဆုမွန်ကောင်းတောင်းပေးနေကြတာဖြစ်ပါတယ်။အခုလိုမျိုး အန္တရာယ်တွေ ကြားထဲမှာ တောင် အလှူရှင်တွေ ရဲ့စေတနာကို သိတတ်နေ ကြတာဖြစ်ပါတယ်။လူငယ်တွေရဲ့မျက်နှာပေါ် မှာလည်း အပြုံးပန်းတွေဝေဆာနေပြီး သူတို့အတွက်တစ်ထောင့်တစ်နေရာကနေကူညီဖေးမပေးနေတဲ့ ပြည်သူတွေကြောင့် ခွန်အားအပြည့်နဲ့ဆက်လက် ရင်ဆိုင်နေကြ တဲ့ ဗီဒီယိုဖိုင်လေး ကို ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။

Source&Photo Credit: MM LOAD
Video Credit: MM LOAD