ကိုယ္က်ိဳးမငဲ့ပဲ ျမန္မာနိုင္ငံ အႏွံ အကူအညီလိုအပ္တဲ့ေနရာေတြမွာ စိတ္ေရာလူပါ ပါဝင္ၿပီး ကူညီေဆာင္ရြက္ေပးေနတဲ့ ပရဟိတမင္းသားႀကီး ေဝဠဳေက်ာ္ကေတာ့ အမ်ားအက်ိဳးကို သယ္ပိုးေဆာင္ရြက္ရေနရင္ကို ေပ်ာ္ရႊင္ေနသူတစ္ေယာက္ပါပဲ။ ပရဟိတ အလုပ္ကို လုပ္ကိုင္ေနတဲ့ ေဝဠဳေက်ာ္က ဘဝေပးအေျခအေနေတြေၾကာင့္ ေရာဂါေဝဒနာအမ်ိဳးမ်ိဳးခံစားေနရသူေတြကိုလည္း (၇) ရက္သားသမီး အလႉရွင္ေတြနဲ႔ ခြဲစိတ္မႈေတြျပဳလုပ္ေပးေနသူလည္း ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ေဝဠဳေက်ာ္က ေခါင္းမွာေရ အိတ္တည္ေနတဲ့ (၁၀)လအရြယ္သားေလးအတြက္ အလႉေငြေတြရရွိၿပီးမွ မခြဲစိတ္ေတာ့မယ့္အေၾကာင္း စိတ္မေကာင္းစြာေျပာလာပါတယ္။

ေဝဠဳေက်ာ္က ” ကရင္ျပည္နယ္၊လွိုင္းဘြဲ႕က ၁၀လ အရြယ္ ေခါင္းေရအိတ္တည္ေရာဂါ သားေလးပါ။ မနက္က ၾကာသပေတးေန႔ ခြဲစိတ္ဖို႔အတြက္ ရန္ကင္းေဆး႐ုံမွာ သြားစစ္ေဆးရပါတယ္။ ေဖာင္ေဒ ရွင္းက ကားနဲ႔ပဲ လိုက္ပို႔ေပးခဲ့ပါတယ္။ေဆး႐ုံက ေဆးစစ္ ခ်က္ေတြအရ ကေလးဦးေႏွာက္က ေရပိတဲ့ဒါဏ္ေၾကာင့္ ျပားခ်ပ္ေနၿပီး ပြန္းပဲ့ ဒါဏ္ရာရေနပါၿပီ။ ခြဲစိတ္ ရင္လဲ ေခါင္းခြံက ျပန္မပိန္နိူင္ေတာ့ သလို ေရထုတ္ ၿပီးရင္လည္း ဦးေႏွာက္ ေသးၿပီး ျပားခ်ပ္ေနလို႔ ရွင္သန္ဖို႔မလြယ္နိူင္ေတာ့ပါဖူး။ အခုခြဲစိတ္ဖို႔ကိုလည္း ေမ့ေဆးဒဏ္ခံနိူင္ဖို႔နဲ႔ ခြဲစိတ္မႈ ေအာင္ျမင္ဖို႔က ၁၀ရာခိုင္ႏႈန္းပဲ ရွိတယ္ဆိုတယ့္အေၾကာင္း စိတ္မေကာင္းစြာ ၾကားသိရပါတယ္။

ဆရာဝန္ႀကီးေတြရဲ့ သုံးသပ္ေဆြးေႏြးမႈအရ နိူင္ငံျခားေရာက္ ေနတယ့္ သားေလးမိဘေတြက သားေလးကို မခြဲစိတ္ဖို႔ဆုံးျဖတ္လိုက္ပါတယ္။ ေနာက္က်ျခင္း၊ေစာျခင္းေတြမေျပာလိုေတာ့ပဘူး။ အရာအားလုံးဟာ သားေလးရဲ့ကံတရား ျဖစ္လို႔ စိတ္မေကာင္းျဖစ္ရပါတယ္။ ဝဋ္ေႂကြးေတြ မ်ားခဲ့ပုံရပါတယ္။ သားေလးအတြက္ အလႉရရွိထားသည္မ်ားကို သားေလး အတြက္ ကုန္က်စရိတ္တခ်ိဳ႕ လႉေပးၿပီး က်န္ရွိသည့္ အလႉေငြမ်ားကို သားေလး ကုသိုလ္ရသြားေအာင္ အျခား လိုအပ္ေနၿပီး အလႉမရသည့္ ကေလးလူနာမ်ားတြင္ ထည့္သြင္း လႉဒါန္း ေပးသြား မည္ျဖစ္ေၾကာင္း အလႉရွင္မ်ားအား အသိေပးအပ္ပါသည္။ သားေလး ေဆး႐ုံကျပန္ဆင္းသည့္အခါ စာရင္းရွင္းတမ္း တင္ေပးပါမယ္။” ဆိုၿပီး စိတ္မေကာင္းစြာ ေျပာလာတာပဲ ျဖစ္ပါတယ္။

unicode

ကိုယ်ကျိုးမငဲ့ပဲ မြန်မာနိုင်ငံ အနှံ အကူအညီလိုအပ်တဲ့နေရာတွေမှာ စိတ်ရောလူပါ ပါဝင်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်ကတော့ အများအကျိုးကို သယ်ပိုးဆောင်ရွက်ရနေရင်ကို ပျော်ရွှင်နေသူတစ်ယောက်ပါပဲ။ ပရဟိတ အလုပ်ကို လုပ်ကိုင်နေတဲ့ ဝေဠုကျော်က ဘဝပေးအခြေအနေတွေကြောင့် ရောဂါဝေဒနာအမျိုးမျိုးခံစားနေရသူတွေကိုလည်း (၇) ရက်သားသမီး အလှူရှင်တွေနဲ့ ခွဲစိတ်မှုတွေပြုလုပ်ပေးနေသူလည်း ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဝေဠုကျော်က ခေါင်းမှာရေ အိတ်တည်နေတဲ့ (၁၀)လအရွယ်သားလေးအတွက် အလှူငွေတွေရရှိပြီးမှ မခွဲစိတ်တော့မယ့်အကြောင်း စိတ်မကောင်းစွာပြောလာပါတယ်။

ဝေဠုကျော်က ” ကရင်ပြည်နယ်၊လှိုင်းဘွဲ့က ၁ဝလ အရွယ် ခေါင်းရေအိတ်တည်ရောဂါ သားလေးပါ။ မနက်က ကြာသပတေးနေ့ ခွဲစိတ်ဖို့အတွက် ရန်ကင်းဆေးရုံမှာ သွားစစ်ဆေးရပါတယ်။ ဖောင်ဒေ ရှင်းက ကားနဲ့ပဲ လိုက်ပို့ပေးခဲ့ပါတယ်။ဆေးရုံက ဆေးစစ် ချက်တွေအရ ကလေးဦးနှောက်က ရေပိတဲ့ဒါဏ်ကြောင့် ပြားချပ်နေပြီး ပွန်းပဲ့ ဒါဏ်ရာရနေပါပြီ။ ခွဲစိတ် ရင်လဲ ခေါင်းခွံက ပြန်မပိန်နိူင်တော့ သလို ရေထုတ် ပြီးရင်လည်း ဦးနှောက် သေးပြီး ပြားချပ်နေလို့ ရှင်သန်ဖို့မလွယ်နိူင်တော့ပါဖူး။ အခုခွဲစိတ်ဖို့ကိုလည်း မေ့ဆေးဒဏ်ခံနိူင်ဖို့နဲ့ ခွဲစိတ်မှု အောင်မြင်ဖို့က ၁ဝရာခိုင်နှုန်းပဲ ရှိတယ်ဆိုတယ့်အကြောင်း စိတ်မကောင်းစွာ ကြားသိရပါတယ်။

ဆရာဝန်ကြီးတွေရဲ့ သုံးသပ်ဆွေးနွေးမှုအရ နိူင်ငံခြားရောက် နေတယ့် သားလေးမိဘတွေက သားလေးကို မခွဲစိတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ နောက်ကျခြင်း၊စောခြင်းတွေမပြောလိုတော့ပဘူး။ အရာအားလုံးဟာ သားလေးရဲ့ကံတရား ဖြစ်လို့ စိတ်မကောင်းဖြစ်ရပါတယ်။ ဝဋ်ကြွေးတွေ များခဲ့ပုံရပါတယ်။ သားလေးအတွက် အလှူရရှိထားသည်များကို သားလေး အတွက် ကုန်ကျစရိတ်တချို့ လှူပေးပြီး ကျန်ရှိသည့် အလှူငွေများကို သားလေး ကုသိုလ်ရသွားအောင် အခြား လိုအပ်နေပြီး အလှူမရသည့် ကလေးလူနာများတွင် ထည့်သွင်း လှူဒါန်း ပေးသွား မည်ဖြစ်ကြောင်း အလှူရှင်များအား အသိပေးအပ်ပါသည်။ သားလေး ဆေးရုံကပြန်ဆင်းသည့်အခါ စာရင်းရှင်းတမ်း တင်ပေးပါမယ်။” ဆိုပြီး စိတ်မကောင်းစွာ ပြောလာတာပဲ ဖြစ်ပါတယ်။

ဝေဠုကျော်ကတော့ သားလေး အတွက် ခွဲစိတ်ကုသနိုင်ဖို့ အလှူငွေတွေကိုလည်း ကောက်ခံပြီး သူကိုယ်တိုင် ဆေးရုံကိုလိုက်ပို့ပေးပြီးမှ စိတ်မကောင်းစရာသတင်းကြောင့် စိတ်ပျက်အားလျော့ခဲ့ရတာပဲ ဖြစ်ပါတယ်။ သားလေးလည်း ရောက်လေရာ ဘဝတိုင်းမှာ ဒီလိုဝေဒနာဆိုးကြီးကို မခံစားရပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်