ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်း ရဲ့ ဒုတိယသမီးရတနာလေးကို မွေးဖွား ခဲ့တာ နှစ်လပြည့်မြောက်ခဲ့ပါပြီနော်။သမီးလေးရဲ့ လတ်တလောကျန်းမာရေးအခြေအနေကြောင့် မီလန်မှာရှိတဲ့ မြန်မာနိုင်ငံအတွက် ဆုတောင်းပွဲကို လည်း မသွားနိုင်တာကြောင့် ဝမ်းနည်းနေတာပါနော်။ သမီးလေးရဲ့ အပြုအမူတိုင်းကိုလည်း လင်မယားနှစ်ယောက်လုံးကြည့်ပြီး ချစ်နေ ရတာပါနော်။မြန်မာနိုင်ငံရဲ့ အခြေအနေတွေ မငြိမ်သက် သေးတာကြောင့် ပြန်လာလို့ မရသေးပါဘူးနော်။ ပြည်ပကနေပြီးတော့လိုအပ်တဲ့ အလှူငွေများကိုတော့ ဆိုရှယ်မီဒီယာ မှတစ်ဆင့် ကောက်ခံပေး နေတာ ဖြစ်ပါတယ်နော်။ ဒီလို ကိုယ်တတ်နိုင်သလောက်လုပ်ပေးနေတာကိုပဲ ကျေးဇူးတင် စရာကောင်းနေပါပြီနော်။အခုလည်း သမီးဖြစ်သူ ရဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလာပြန်ပါပြီနော်။

” သမီးလေးနှစ်လပြည့်ပီရာသီဉ တုအေးလို့ သူ့ခမျာ၂ပတ်ကျော်လောက်နှာစေးနှာပိတ် နေတာနို့စို့ရင်းငိုလိုက် နှာခေါင်းလေးပွတ်လိုက်ကလေးဆိုတော့ မညစ်ထုတ်တတ်ရှာဘူးမနက်နဲ့ညကိုယ်လဲမအိပ်ရနှာခေါင်းထဲရေဖျန်းစက်နဲ့ ပိတ်နေတဲ့ နှာချေးတွေက်ုစုပ်ထုတ်ရတိုင်းမျက်ရည်ဝဲမိတယ်သမီးလေးကငို ကိုယ်လည်းဆရာဝန်ခိုင်းတဲ့အတိုင်းလုပ်ရတာသောက်ဆေးကကလေးတွေ အတွက်မပေးတော့ နေ့ည ကိုယ်လဲမ အိပ်ဒီနေ့ သမီးလေး ၂လပြည့်ပီနေထွက်လာလို့ရာသီဥတုလေးကောင်းလာတော့ နှာခေါင်းလေးပွင့်လာ ပုံရတယ်သူ့အဖေနဲ့ဆော့ စကားပြောချင်နေပုံရတယ်။

သမီးလေးကျန်းမာရေးကြောင့် မီလန်မှာရှိတဲ့ မြန်မာနိုင်ငံ အတွက်ဆုတောင်းပွဲလည်း မသွားနိုင်ခဲ့ ဘူး တောင်းပန်ပါတယ် အရမ်းလာချင်နေခဲ့တာလူအုပ်နဲ့ Covid ကြောင့်ရယ်သမီးလေးနှာစေးနေတာရယ်ကိုယ်နေတာ မီလန်နဲ့ အလှမ်းဝေးတာကြောင့်လာဖို့သွား ဖို့မလွယ်လို့ပါမနေ့က ဆုတောင်းပွဲပါဝင်ကြတဲ့မြန်မာ တွေအားလုံး ဆရာတော် ဘုရားများအားလုံးအတွက်ဂုဏ်ယူပါတယ် ကျေးဇူးလည်းတင်ပါတယ် ကျွန်မတို့ နိုင်မှာအရေးတော်ပုံအောင်ရမည် ” လို့ ရေးသားထားတာ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…

Credit

ZAW GYI




Credit