ေစတနာသည္ လူတိုင္း ႏွင့္ မတန္ဆိုတဲ့ စကားဟာ အခုလို လူေတြေၾကာင့္ပါ။ ပရဟိတ လုပ္ေနတဲ့ ဦးဒိန္းေဒါင္ ဟာ ဒုကၡေရာက္ေနသူ တစ္ေယာက္ ကိုေတြ႕တာေၾကာင့္ စိတ္ေကာင္း ထားၿပီး အိမ္ေပၚမွာ ေခၚတင္ထားေပမယ့္ ေငြက်ပ္ (၃၅) သိန္းခိုး ယူကာ ထြက္ေျပးသြားခဲ့ ပါတယ္။ ေစတနာ ေစာ္ကားခံလိုက္ ရတဲ့အခါ လူတိုင္းက ခံျပင္းမိမွာပါ။ ခိုးယူသြား သူရဲ့ပုံကို တင္ၿပီး လူမႈကြန္ရက္ မွာ အကူအညီ ေတာင္းခဲ့ၿပီး ေနာက္ ဒီေန႔မွာေတာ့ ဖမ္းမိခဲ့ၿပီပဲျဖစ္ပါတယ္။

မေကာင္းမႈဟာ ဆိတ္ကြယ္ရာ မရွိဆိုသလို တစ္ပတ္ အတြင္းမွာပဲ မသမာ သူကိုဖမ္းမိခဲ့တာပါ။ ဒီလိုဖမ္းမိနိုင္ဖို႔ အတြက္လည္း အဖက္ဖက္က ကူညီေပးခဲ့တဲ့ ဒလၿမိဳ႕နယ္က နယ္ထိန္း ကိုရန္ေအာင္ကို လည္း ဦးဒိန္းက ေက်းဇူးတင္ စကားဆိုခဲ့ပါတယ္။ တရားခံကို ဖမ္းမိသြားတာ ေၾကာင့္ ေနာက္ထပ္ မသမာသူေတြအတြက္လည္းစံၿပ ျဖစ္ၿပီး ဒီလိုလုပ္ ရပ္မ်ိဳး ထပ္မလုပ္ရဲ ေလာက္ေတာ့ပါဘူး။

အခုလိုဖမ္းမိခဲ့တဲ့ အတြက္လည္း ပရိသတ္ေတြ က ဦးဒိန္း နဲ႔ အတူထပ္တူ ေပ်ာ္ရႊင္ၿပီး ဝမ္းသာတဲ့ မွတ္ခ်က္ေတြ အမ်ားအျပားေပးခဲ့ၾကပါ တယ္။ ေနာက္မ်ားမွာလည္း ဒီလိုမသမာ သူေတြနဲ႔ ကင္းေဝးၿပီး အမ်ား အက်ိဳးကို သယ္ပိုး နိုင္တဲ့ ပရဟိတ သမားေကာင္းႀကီး တစ္ေယာက္ ျဖစ္ပါေစလို႔ ဆုမြန္ ေကာင္းေတာင္းေပးလိုက္ပါတယ္ ဦးဒိန္းေရ။

Happy – Cele Zone
Photo – Dain Daung

UNICODE

စေတနာသည် လူတိုင်း နှင့် မတန်ဆိုတဲ့ စကားဟာ အခုလို လူတွေကြောင့်ပါ။ ပရဟိတ လုပ်နေတဲ့ ဦးဒိန်းဒေါင် ဟာ ဒုက္ခရောက်နေသူ တစ်ယောက် ကိုတွေ့တာကြောင့် စိတ်ကောင်း ထားပြီး အိမ်ပေါ်မှာ ခေါ်တင်ထားပေမယ့် ငွေကျပ် (၃၅) သိန်းခိုး ယူကာ ထွက်ပြေးသွားခဲ့ ပါတယ်။ စေတနာ စော်ကားခံလိုက် ရတဲ့အခါ လူတိုင်းက ခံပြင်းမိမှာပါ။ ခိုးယူသွား သူရဲ့ပုံကို တင်ပြီး လူမှုကွန်ရက် မှာ အကူအညီ တောင်းခဲ့ပြီး နောက် ဒီနေ့မှာတော့ ဖမ်းမိခဲ့ပြီပဲဖြစ်ပါတယ်။

မကောင်းမှုဟာ ဆိတ်ကွယ်ရာ မရှိဆိုသလို တစ်ပတ် အတွင်းမှာပဲ မသမာ သူကိုဖမ်းမိခဲ့တာပါ။ ဒီလိုဖမ်းမိနိုင်ဖို့ အတွက်လည်း အဖက်ဖက်က ကူညီပေးခဲ့တဲ့ ဒလမြို့နယ်က နယ်ထိန်း ကိုရန်အောင်ကို လည်း ဦးဒိန်းက ကျေးဇူးတင် စကားဆိုခဲ့ပါတယ်။ တရားခံကို ဖမ်းမိသွားတာ ကြောင့် နောက်ထပ် မသမာသူတွေအတွက်လည်းစံပြ ဖြစ်ပြီး ဒီလိုလုပ် ရပ်မျိုး ထပ်မလုပ်ရဲ လောက်တော့ပါဘူး။

အခုလိုဖမ်းမိခဲ့တဲ့ အတွက်လည်း ပရိသတ်တွေ က ဦးဒိန်း နဲ့ အတူထပ်တူ ပျော်ရွှင်ပြီး ဝမ်းသာတဲ့ မှတ်ချက်တွေ အများအပြားပေးခဲ့ကြပါ တယ်။ နောက်များမှာလည်း ဒီလိုမသမာ သူတွေနဲ့ ကင်းဝေးပြီး အများ အကျိုးကို သယ်ပိုး နိုင်တဲ့ ပရဟိတ သမားကောင်းကြီး တစ်ယောက် ဖြစ်ပါစေလို့ ဆုမွန် ကောင်းတောင်းပေးလိုက်ပါတယ် ဦးဒိန်းရေ။

Happy – Cele Zone
Photo – Dain Daung