သ႐ုပ္ေဆာင္ မင္းသားေခ်ာ ေဇရဲထက္က အႏုပညာလမ္ းေၾကာင္းထက္မွာ တစ္ခ်ိန္က လၽွမ္းလၽွမ္းေတာက္ ေအာင္ျမင္ေက် ာ္ၾကားခဲ့တဲ့ သူတစ္ေယာက္ျဖစ္လို႔ ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသားျဖစ္မွာ အေသအခ်ာပါပဲ။ ခန္႔ညားတဲ့ ႐ုပ္ရည္နဲ႔ ေယာက်ာ္းပီသတဲ့ ေဘာ္ဒီခပ္မိုက္မိုက္ကို ပိုင္ဆိုင္ထားသူမို႔ ဆယ္ေက်ာ္သက္ ႏႈတ္ခမ္းနီမေလးေတြရဲ့ အသည္းစြဲ မင္းသားတစ္လက္လည္း ျဖစ္လို႔ေနပါတယ္။

ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာမွာ ပီျပင္တဲ့ သ႐ုပ္ေဆာင္မႈ ေတြနဲ႔ ကာရိုက္တာ ေပၚလြင္ေအာင္ ရိုက္ကူးတတ္သူျဖစ္လို႔ ေအာင္ျမင္မႈရရွိေနတာလည္း ျဖစ္ပါတယ္။ လက္ရွိမွာ အႏုပညာလႈပ္ရွားမႈေတြ နည္းပါးေနတဲ့ ေဇရဲထက္က အိမ္မွာေနရင္း ပရိသတ္ေတြနဲ႔ အဆက္အသြယ္မျပတ္ရေအာင္ လႈပ္ရွားမႈေလးေတြကို လူမႈကြန္ယက္ထက္မွာ ေဝမၽွေလ့ရွိတာျဖစ္ပါတယ္။ သူရဲ့ ပုံရိပ္ေလး ေတြနဲ႔ စိတ္ခံစားခ်က္ တစ္ခ်ိဳ႕ကို တင္ေပးေလ့ရွိတဲ့ ေဇရဲထက္ရဲ့ ယေန႔မွာလည္း ပိုစ့္တစ္ခု ေဝမၽွလာခဲ့ပါတယ္။

ဒါကေတာ့ သူ႔ကို လာေရာက္ ခင္မင္ဆက္ဆံၾကသူေတြက ေမတၱာအစစ္ နဲ႔ ေပါင္းသင္းတာမဟုတ္ပဲ အလိမ္အညာေတြျဖစ္ေနခဲ့လို႔ ေပါက္ကြဲေနတာျဖစ္ပါတယ္။ ေဇရဲထက္က ” ငါအရမ္းေၾကာက္သြားၿပီ ဘာလို႔လူေတြက ငါ့ကိုပဲလာၿပီး ေမတၱာတရားတု ေတြနဲ႔ ဆက္ဆံၾကတာလည္း ေငြေၾကာင့္လား ငါ့မွာဘာမွမရွိပါဘူး အဆင္ေျပ႐ုံပါ😓😓😓 ” ဆိုၿပီး သူရဲ့ စိတ္ခံစားခ်က္တစ္ခ်ိဳ႕ကို ပရိသတ္ေတြထံ ရင္ဖြင့္လာတာ ျဖစ္လို႔ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…။

သတင္းအရင္းျမစ္: Source – Zay Ye Htet’s FB account

unicode

သရုပ်ဆောင် မင်းသားချော ဇေရဲထက်က အနုပညာလမ် းကြောင်းထက်မှာ တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ကျေ ာ်ကြားခဲ့တဲ့ သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါပဲ။ ခန့်ညားတဲ့ ရုပ်ရည်နဲ့ ယောကျာ်းပီသတဲ့ ဘော်ဒီခပ်မိုက်မိုက်ကို ပိုင်ဆိုင်ထားသူမို့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားတစ်လက်လည်း ဖြစ်လို့နေပါတယ်။

ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ပီပြင်တဲ့ သရုပ်ဆောင်မှု တွေနဲ့ ကာရိုက်တာ ပေါ်လွင်အောင် ရိုက်ကူးတတ်သူဖြစ်လို့ အောင်မြင်မှုရရှိနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေတဲ့ ဇေရဲထက်က အိမ်မှာနေရင်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတာဖြစ်ပါတယ်။ သူရဲ့ ပုံရိပ်လေး တွေနဲ့ စိတ်ခံစားချက် တစ်ချို့ကို တင်ပေးလေ့ရှိတဲ့ ဇေရဲထက်ရဲ့ ယနေ့မှာလည်း ပိုစ့်တစ်ခု ဝေမျှလာခဲ့ပါတယ်။

ဒါကတော့ သူ့ကို လာရောက် ခင်မင်ဆက်ဆံကြသူတွေက မေတ္တာအစစ် နဲ့ ပေါင်းသင်းတာမဟုတ်ပဲ အလိမ်အညာတွေဖြစ်နေခဲ့လို့ ပေါက်ကွဲနေတာဖြစ်ပါတယ်။ ဇေရဲထက်က ” ငါအရမ်းကြောက်သွားပြီ ဘာလို့လူတွေက ငါ့ကိုပဲလာပြီး မေတ္တာတရားတု တွေနဲ့ ဆက်ဆံကြတာလည်း ငွေကြောင့်လား ငါ့မှာဘာမှမရှိပါဘူး အဆင်ပြေရုံပါ😓😓😓 ” ဆိုပြီး သူရဲ့ စိတ်ခံစားချက်တစ်ချို့ကို ပရိသတ်တွေထံ ရင်ဖွင့်လာတာ ဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…။

သတင်းအရင်းမြစ်: Source – Zay Ye Htet’s FB account