ပရဟိတအလုပ်တွေ ကိုဆက်တိုက်လုပ်ဆောင်နေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး လှူဒါန်းမှုတွေကို အဆက်မပြတ် ပြုလုပ်နေတာ ဖြစ်ပါတယ်။ စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် အစားအသောက်တွေ ပေးဝေလှူဒါန်းကာ နေ့စဉ်နဲ့အမျှ လှူဒါန်းကုသိုလ် ယူနေတာလည်း တွေ့ရပါတယ်။

ခုလိုကာလမှာလည်း စားဝတ်နေရေး အကြောင်းအမျိုးမျိုး ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူ တွေအတွက် ကိုယ်တိုင်လည်းပါဝင်လှူဒါန်းသလို အလှူရှင်တွေကိုယ်စားလည်း သွားရောက်ကာ ကူညီဖေးမလှူဒါန်းခြင်းတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။ဒီနေ့မှာတော့ သူကိုယ်တိုင်ကူညီကာအိမ်အသစ်လေးဆောက်လုပ်ပေးနေတဲ့ တောင်ဥက္ကလာကျူးမှာနေထိုင်တဲ့ မိသားစုဝင်ထဲက အငယ်ဆုံး ကလေးလေး ဆုံးပါးသွားတာ နဲ့ပတ်သက်ပြီး အလွန်အမင်းစိတ်မကောင်းဖြစ်နေကြောင်းခုလိုဖော်ပြလာပါတယ်။

“ဒီကလေးလေး ဆုံးသွားရှာပြီ။တောင်ဥက္ကလာ ကျူးကပါ မောင်နှမ ရယောက်ထဲက အငယ်ဆုံး အမွှာထဲက တစ်ယောက်ပေါ့။ သားသမီးကများ အလုပ်အကိုင်က ပလုံကောက် မိသားစု ၊ဝါးအိမ်လေး အသစ်ပြန် ဆောက်ထားပေမယ့် အမိုးအကာ အပြီးထိ မလုပ်နိူင်သေး။ ကိုယ်တွေ အဖွဲ့ သွားမိုးကာပေးတော့ အနာပေါက်နေမှန်းသိတော့ ကလေးကို ဆေးရုံပို့ပေးခဲ့တယ်။၂ရက်ပဲအကြာ ကလေးအသည်းအသန်ဖြစ်လို့ မနက်စောစော ဆေးရုံ နောက်တစ်ခေါက်ထပ်ပို့ပေးခဲ့တယ်။ ဆေးရုံမှာ ကလေး ဆုံးရှာတယ်။ အနာတွေက ပိုးဝင်ပြီး နောက်ကျသွားတာပါ။ ပထမ ဆန်ဆီ လှူပေးတုန်းကတောင် ချီပိုးခဲ့သေးတယ်။ အခုတော့ ငယ်ငယ်နဲ့ပဲ လောကကြီးကို စွန့်ခွာသွားရှာတယ်။ အခုတော့ အိမ်လေး ပြီးသွားလို့ မိသားစုတွေ မပျော်နိူင်တော့ဖူးလေ။ ဆင်းရဲခြင်း၊ ဗဟုသုတနည်းပါးခြင်းတွေရဲ့ အကျိုးဆက်တွေပေါ့။ ကောင်းရာသုဂတိလားပါစေ လို့ပဲ ဆုတောင်းပေးလိုက်ပါတယ် သမီးလေးရေ။ နောင်ဘဝတွေ မှာ အသက်ရှည် ကျမ်းမာပါစေကွယ်။ “ဆိုတဲ့စာလေးပဲဖြစ်ရာပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit Cele Zone

Photo – Wai Lu Kyaw

ZAW GYI

ပရဟိတအလုပ္ေတြ ကိုဆက္တိုက္လုပ္ေဆာင္ေနတဲ့ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနေတြမွာလည္း ျပည္သူေတြနဲ႔အတူ ရပ္တည္ေနၿပီး လႉဒါန္းမႈေတြကို အဆက္မျပတ္ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။ စားဝတ္ေနေရး ခက္ခဲေနၾကတဲ့ ျပည္သူေတြအတြက္ အစားအေသာက္ေတြ ေပးေဝလႉဒါန္းကာ ေန႔စဥ္နဲ႔အမၽွ လႉဒါန္းကုသိုလ္ ယူေနတာလည္း ေတြ႕ရပါတယ္။

ခုလိုကာလမွာလည္း စားဝတ္ေနေရး အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ ဒုကၡေရာက္ေနတဲ့ ျပည္သူ ေတြအတြက္ ကိုယ္တိုင္လည္းပါဝင္လႉဒါန္းသလို အလႉရွင္ေတြကိုယ္စားလည္း သြားေရာက္ကာ ကူညီေဖးမလႉဒါန္းျခင္းေတြ ျပဳလုပ္ေပးလ်က္ရွိပါတယ္။ဒီေန႔မွာေတာ့ သူကိုယ္တိုင္ကူညီကာအိမ္အသစ္ေလးေဆာက္လုပ္ေပးေနတဲ့ ေတာင္ဥကၠလာက်ဴးမွာေနထိုင္တဲ့ မိသားစုဝင္ထဲက အငယ္ဆုံး ကေလးေလး ဆုံးပါးသြားတာ နဲ႔ပတ္သက္ၿပီး အလြန္အမင္းစိတ္မေကာင္းျဖစ္ေနေၾကာင္းခုလိုေဖာ္ျပလာပါတယ္။

“ဒီကေလးေလး ဆုံးသြားရွာၿပီ။ေတာင္ဥကၠလာ က်ဴးကပါ ေမာင္ႏွမ ရေယာက္ထဲက အငယ္ဆုံး အမႊာထဲက တစ္ေယာက္ေပါ့။ သားသမီးကမ်ား အလုပ္အကိုင္က ပလုံေကာက္ မိသားစု ၊ဝါးအိမ္ေလး အသစ္ျပန္ ေဆာက္ထားေပမယ့္ အမိုးအကာ အၿပီးထိ မလုပ္နိူင္ေသး။ ကိုယ္ေတြ အဖြဲ႕ သြားမိုးကာေပးေတာ့ အနာေပါက္ေနမွန္းသိေတာ့ ကေလးကို ေဆး႐ုံပို႔ေပးခဲ့တယ္။၂ရက္ပဲအၾကာ ကေလးအသည္းအသန္ျဖစ္လို႔ မနက္ေစာေစာ ေဆး႐ုံ ေနာက္တစ္ေခါက္ထပ္ပို႔ေပးခဲ့တယ္။ ေဆး႐ုံမွာ ကေလး ဆုံးရွာတယ္။ အနာေတြက ပိုးဝင္ၿပီး ေနာက္က်သြားတာပါ။ ပထမ ဆန္ဆီ လႉေပးတုန္းကေတာင္ ခ်ီပိုးခဲ့ေသးတယ္။ အခုေတာ့ ငယ္ငယ္နဲ႔ပဲ ေလာကႀကီးကို စြန႔္ခြာသြားရွာတယ္။ အခုေတာ့ အိမ္ေလး ၿပီးသြားလို႔ မိသားစုေတြ မေပ်ာ္နိူင္ေတာ့ဖူးေလ။ ဆင္းရဲျခင္း၊ ဗဟုသုတနည္းပါးျခင္းေတြရဲ့ အက်ိဳးဆက္ေတြေပါ့။ ေကာင္းရာသုဂတိလားပါေစ လို႔ပဲ ဆုေတာင္းေပးလိုက္ပါတယ္ သမီးေလးေရ။ ေနာင္ဘဝေတြ မွာ အသက္ရွည္ က်မ္းမာပါေစကြယ္။ “ဆိုတဲ့စာေလးပဲျဖစ္ရာပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit Cele Zone

Photo – Wai Lu Kyaw