



UNICODE

သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ သိင်္ဂီထွန်း ကတော့ အနုပညာ အလုပ်တွေ ကိုဖြည်းဖြည်း မှန်မှန် လုပ်ဆောင်နေပြီး ပရိသတ်တွေ ရဲ့ အချစ်များစွာ ကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်နော်။သိင်္ဂီထွန်း က ဗီဒီယိုဇာတ်ကားတွေ နဲ့ ရုပ်ရှင်ဇာတ်ကားကြီး တွေမှာ ကျရာ ဇာတ်ရုပ် ကို ပီပြင် ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်လို့ ပရိသတ် တွေက တစ်ခဲနက် အားပေးနေကြတာ ပဲဖြစ်ပါတယ်။သိင်္ဂီထွန်း က လက်ရှိမှာ ဆိုရင် တစ်ယောက်တည်း အေးအေး ချမ်းချမ်း နေထိုင်နေပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်နော်။

သိင်္ဂီထွန်း က စိတ်သဘောထား ပြည့်ဝပြီး အားနည်း သူတွေကိုကူညီဖေး မတတ်လို့ သူမဆီမှာ အကူအညီ လာတောင်းကြတဲ့ အခါတိုင်း စေတနာ သန့်သန့်နဲ့ အမြဲတမ်းလိုလို ကူညီပေးလိုက်တာ ဖြစ်ပါတယ်။သိင်္ဂီထွန်း ရဲ့ စေတနာတွေကို သိတဲ့လူတစ်ချို့ ကတော့ သူမကိုအရမ်းချစ် ကြပြီး ခင်မင်ကြတာ ဖြစ်ပါတယ်။သိင်္ဂီထွန်းရဲ့ စိတ်ဓာတ်လေး ကို ပရိသတ်တွေကလည်း လေးစားကြပြီး သူမ ဘက်က နေအမြဲ ရပ်တည်ကြကာ အားပေး စကားလေး တွေပြောဆို ပေးကြတာဖြစ်ပါတယ်နော်။

အခု ဆိုရင်တော့ သိင်္ဂီထွန်း က လူတစ်ချို့ကို စေတနာသန့်သန့် နဲ့ ကူညီပေးလိုက်ပေမယ့် နောက်ကွယ်မှာ အသိအမှတ် ပြုမခံရဘဲ ချောက်တွန်း ခံလိုက်ရတဲ့အဖြစ်တွေကို စိတ်မကောင်း စွာ နဲ့ ရင်ဖွင့်လာတာ ဖြစ်ပါတယ်။သိင်္ဂီထွန်း ကတော့”အချို့သောကူညီမူတွေ နောက်ကွယ်မှာ ကျေးဇူးတင်ဖို့ ၊ ကျေးဇူးတရားသိဖို့၊အသိမှတ်ပြုဖို့ နေနေ သာသာ ချောက်ထဲ တွန်းချခံလိုက် ရတာတွေ ရှိတယ်.ကုသို လ် အဖြစ်သာခံ ယူရင်း..သာဓု သာဓု သာဓု”ဆိုပြီး မျက်လုံး ထိခိုက်ထားတဲ့ပုံရိပ်လေးတွေ နဲ့ အတူရေးသား မျှဝေလာတာ ဖြစ်ပါတယ်နော်။

Source&Photo Credit:Theingi Tun’s Facebook Account