လူထုလႈပ္ရွားမႈပြဲေတြကေတာ့ အခုခ်ိန္ အထိ တိုင္ေအာင္ ျမန္မာနိုင္ငံက ေနရာ အႏွံ့အျပားမွာ ေန႔စဥ္နဲ႔ အမၽွ ျမင္ေတြ႕ေနရဆဲ ျဖစ္ပါတယ္ ။ လူငယ္ေတြကလည္း အႏၲရာယ္ရွိေနတဲ့ၾကားကေန နည္းလမ္းမ်ိဳးစုံနဲ႔ ဆႏၵထုတ္ေဖာ္ေနၾကတာ ျဖစ္ပါတယ္ ။ အခုလည္း လူထုလႈပ္ ရွားမႈ ျပဳလုပ္ ေနတဲ့ လူငယ္ တစ္ေယာက္က သူၾကဳံေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္ တစ္ခုကို ေရးသားေျပာျပၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ မၽွေဝခဲ့တာ ျဖစ္ပါတယ္ ။

စာထဲမွာေတာ့ အဲ့ဒီလူငယ္က သူ႔ကိုေစတနာ အျပည့္နဲ႔ ကူညီတဲ့အျပင္ ကန္စြန္းရြက္ ေတြနဲ႔ပိုက္ဆံ ပါထည့္ေပးလိုက္တဲ့ အန္တီႀကီးတစ္ေယာက္အေၾကာင္းကို ေျပာျပထားတာ ျဖစ္ပါတယ္ ။ ဟင္းရြက္ေရာင္းတဲ့ အန္တီႀကီးက သူ႔ကိုအႏၲရာယ္ၾကားကေန ကူညီေပးခဲ့ ႐ုံသာမက သူေန႔တိုင္းလာတာကိုေတြ႕လို႔ ဆီဖိုးယူထား ဆိုၿပီး ပိုက္ဆံ (၅၀၀၀) ပါေပးခဲ့တာ ျဖစ္ပါတယ္ ။ အန္တီ ႀကီးေပးတဲ့ ပိုက္ဆံကိုေတာ့ လူငယ္ကလည္း မယူပါရေစနဲ႔လို႔ ျငင္းခဲ့တာပဲ ျဖစ္ပါတယ္ ။

အဲ့ဒီေနာက္မွာေတာ့ အန္တီႀကီးက “အေဒၚစိတ္ခ်မ္း သာေအာင္ ကန္စြန္းရြက္ ေတာ့ယူ” လို႔ဆိုတာေၾကာင့္ လူငယ္လည္း ယူလာခဲ့တာ ျဖစ္ပါတယ္ ။ အိမ္ေရာက္လို႔ ကန္စြန္းရြက္ေၾကာ္စားမယ္လို႔ ထုတ္လိုက္တဲ့အခါက် ပိုက္ဆံပါ လာမွန္း သိလိုက္ရတာျဖစ္ေၾကာင္းကို အဲ့ဒီလူငယ္က ေရးသားေျပာျပထားတာ ျဖစ္ပါတယ္ ။ မယူမွန္း သိလို႔ ကန္စြန္းရြက္(၂)စည္းၾကားမွာ ပိုက္ဆံထည့္ေပးလိုက္တဲ့ ဟင္းရြက္ဆိုင္က အန္တီႀကီးရဲ့ေစတနာကေတာ့ တကယ့္ကို ေလးစားခ်င္စရာေကာင္းေလာက္ပါတယ္။

Source & Photo Credit-Original Uploader

unicode

လူထုလှုပ်ရှားမှုပွဲတွေကတော့ အခုချိန် အထိ တိုင်အောင် မြန်မာနိုင်ငံက နေရာ အနှံ့အပြားမှာ နေ့စဉ်နဲ့ အမျှ မြင်တွေ့နေရဆဲ ဖြစ်ပါတယ် ။ လူငယ်တွေကလည်း အန္တရာယ်ရှိနေတဲ့ကြားကနေ နည်းလမ်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ် ။ အခုလည်း လူထုလှုပ် ရှားမှု ပြုလုပ် နေတဲ့ လူငယ် တစ်ယောက်က သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် တစ်ခုကို ရေးသားပြောပြပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ် ။

စာထဲမှာတော့ အဲ့ဒီလူငယ်က သူ့ကိုစေတနာ အပြည့်နဲ့ ကူညီတဲ့အပြင် ကန်စွန်းရွက် တွေနဲ့ပိုက်ဆံ ပါထည့်ပေးလိုက်တဲ့ အန်တီကြီးတစ်ယောက်အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ် ။ ဟင်းရွက်ရောင်းတဲ့ အန်တီကြီးက သူ့ကိုအန္တရာယ်ကြားကနေ ကူညီပေးခဲ့ ရုံသာမက သူနေ့တိုင်းလာတာကိုတွေ့လို့ ဆီဖိုးယူထား ဆိုပြီး ပိုက်ဆံ (၅၀၀၀) ပါပေးခဲ့တာ ဖြစ်ပါတယ် ။ အန်တီ ကြီးပေးတဲ့ ပိုက်ဆံကိုတော့ လူငယ်ကလည်း မယူပါရစေနဲ့လို့ ငြင်းခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက်မှာတော့ အန်တီကြီးက “အဒေါ်စိတ်ချမ်း သာအောင် ကန်စွန်းရွက် တော့ယူ” လို့ဆိုတာကြောင့် လူငယ်လည်း ယူလာခဲ့တာ ဖြစ်ပါတယ် ။ အိမ်ရောက်လို့ ကန်စွန်းရွက်ကြော်စားမယ်လို့ ထုတ်လိုက်တဲ့အခါကျ ပိုက်ဆံပါ လာမှန်း သိလိုက်ရတာဖြစ်ကြောင်းကို အဲ့ဒီလူငယ်က ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ မယူမှန်း သိလို့ ကန်စွန်းရွက်(၂)စည်းကြားမှာ ပိုက်ဆံထည့်ပေးလိုက်တဲ့ ဟင်းရွက်ဆိုင်က အန်တီကြီးရဲ့စေတနာကတော့ တကယ့်ကို လေးစားချင်စရာကောင်းလောက်ပါတယ်။

Source & Photo Credit-Original Uploader