ပရိသတ်ကြီး ရေ ပရိသတ် တွေ ရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီး ချောလေး ဆောင်းယွန်းစံ နဲ့ အဆိုတော် မီးနို တို့နှစ်ယောက် ကတော့ ဒီနေ့ မှာ အလှူလေး တစ်ခုကို ပြုလုပ် ခဲ့ ပါတယ်။ အလှူ လေး ကတော့ ကင်ဆာ ရောဂါ ကို အပြင်းအထန် ခံစား နေရတဲ့ ကလေးငယ် လေးအ တွက် လိုအပ် နေတဲ့ ဆေးဖိုးကို တတ်နိုင် သလောက် လှူဒါန်း ပေးခဲ့ တာပဲဖြစ်ပါတယ်။

ကလေး ငယ်လေး ကတော့ အသက် (၆) နှစ်အရွယ် သာရှိသေးပေမဲ့ လည်း အဆုတ် ကင်ဆာ ရောဂါ ကို အဆင့် ( ၃ ) အ ထိဝေဒနာ ကို ခံစားနေ ခဲ့ရ တာပဲဖြစ်ပါတယ်။ မီးနိုက ကလေးငယ် လေး အတွက် သူကိုယ်တိုင် လည်း တတ်နိုင် သလောက် လှူဒါန်း ပေးခဲ့ပြီး သူ့ရဲ့ လူမှု့ ကွန်ရက် စာမျက်နှာ ကနေ ဆေးဖိုး လှူဒါန်းနိုင်ကြောင်း မျှဝေ ဖော်ပြ ထားခဲ့ ပါသေးတယ်။ ဆောင်းယွန်းစံ ကလည်း မီးနို ရဲ့ အလှူခံ ပိုစ့်လေး ကို တွေ့ကာ ကလေးငယ် လေးအတွက် တတ်နိုင် သလောက်ပါဝင် လှူဒါန်း ပေးခဲ့ တာပါ။

ဆောင်းယွန်းစံ လည်း သူ့ ရဲ့ပရိသတ် တွေထဲက စေတနာရှင် လှူဒါန်း ချင်သူများ ရှိရင် ပါဝင် လှူဒါန်း ပေးဖို့လည်း ဖိတ်ခေါ် ထားခဲ့ ပါသေးတယ်။ ပရိသတ်ကြီးရေ ဆောင်းယွန်းစံ နဲ့ မီးနို တို့ရဲ့ မွန်မြတ် လှပြီး ပကာသန ကင်းရိုး ရှင်းလှတဲ့ အလှူလေး ကို ပရိသတ်တွေ လည်း သာဓု ခေါ်ဆို ပေးခဲ့ ကြပါဦးနော်။

Source – Mee No, Saung Yoon San

ZAWGYI



