

unicode

ဆေးကျောင်းသားလေး မောင်ခန့်ငြားဟိန်း (ခ) အာကာဇော် ရဲ့ဈာပနာ သူမိခင် ပြောသလို ကမ္ဘာကျော်ပါပြီ။ အာဏာသိမ်း စစ်ကောင်စီ ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အကြမ်းဖက် ပစ်ခတ်မှုတွေ ကြောင့် ကျဆုံးခဲ့တဲ့ ရန်ကုန် ဆေးတက္ကသိုလ် (၁) ကျောင်းသား မောင်ခန့်ငြားဟိန် း(ခ) အာကာဇော်( ဆေးတက္ကသိုလ် ပထမနှစ် အသက် (၁၈) နှစ်) ဈာပန မြင်ကွင်း) အကြောင်းကို စင်ကာပူ ရဲ့ ဒီနေ့ထုတ် thenewpaper သတင်းစာ မှာ အကျယ်တဝင့် ဖော်ပြပေး လာပါတယ်။

သူ့သားရဲ သက်မဲ့ ခန္ဓာကိုယ် ရုပ်အလောင်း သွား ထုတ်စဉ် က အန်တီ ရင်ဖွင့်ခဲ့တဲ့ ရင်တွင်း စကား လေးကိုပါ သတင်းစာမှာ ထည့်သွင်း ဖော်ပြထား ပါတယ်။ အန်တီပြောခဲ့ သလိုပဲ ကျွန်မသား အာဇာနည် သူရဲကော င်းကြီးကို ကမ္ဘာကျော်အောင် နိုင်ငံ ကျော်အောင် ပြောပေး ကြပါဆိုတဲ့ အတိုင်း စင်ကာပူ သတင်း စာမှာ ဖော်ပြပေးချက် အရ နိုင်ငံကျော် နေပါပြီ။ကျဆုံး သွားတဲ့ အာဇာနည် သူရဲကောင်း အားလုံးကို လေးစား ဦးညွတ် အလေးပြု ပါတယ်။ ကော င်း မွန်စွာ ငြိမ်းချမ်းစွာ အနားယူ အိပ်စက်နိုင် ကြပါစေ။ (ယနေ့ထုတ် သတင်းစာမှာ မောင်လေးခန့်ငြားဟိန်း အကြောင်းပါ နေတာတွေ့လို့ .. အန်တီ တစ်ယောက် သူ့သား အာဇာနည် သူရဲကောင်း ကြီးအတွက် ဂုဏ်ယူနိုင်အောင် တင်ပေးလိုက်ပါတယ် )