


Credit:Swelsone News
Cele Secrets

ဆွေးမြေ့နေတဲ့ ကန်စွန်းရွက်ရောင်းတဲ့ အမေကြီးရဲ့ အိမ်ကို ပြန်လည်ပြုပြင် တည်ဆောက်ပေးမယ့် ဒိန်းဒေါင်

ပရိသတ်ကြီးရေ.. ဒိန်းဒေါင်လို့ ဆိုလိုက်တာနဲ့ ရယ်စရာ ဟာသလေးတွေကို မျက်နှာဟန်ပန် အမူအရာတွေအပြင် ခြေဟန်လက်ဟန်နဲ့ ပြောတတ်ပြီး ပရိသတ်တွေကို အမြဲပျော်ရွှင် ရယ်မောစေတဲ့ ဟာသသရုပ်ဆောင် အနုပညာရှင်ကို မြင်ယောင်မိကြမှာပါနော်..။ ဒိန်းဒေါင်ကတော့ ဟာသလေးတွေနဲ့ ပရိသတ်တွေကိုရယ်မာပျာ်ရွှင်စေသလို ပရဟိတ အလုပ်တွေနဲ့လည်း ပြည်သူပရိသတ်တွေကို ဖေးမကူညီကာ လှူဒါန်းမှုတွေနဲ့ ကောင်းမှုကုသိုလ်လေးတွေပြုလုပ်နေတဲ့ ပရဟိတပုဂ္ဂိုလ်တစ်လည်း ဖြစ်ပါတယ်နော်..။

အလှူရှင်တွေရဲ့ လှူဒန်းမှုလေး တွေကို လိုအပ်နေကြတဲ့ပြည်သူပရိသတ်တွေကို ပြန်လည် လှူဒါန်းပေးနေတဲ့ ဒိန်းဒေါင်ကတော့ ဒီကနေ့လေးမှာလည်း ကန်စွန်းရွက်ရောင်းတဲ့ အမေအိုအတွက် အသုံးအဆောင်တွေနဲ့ ငွေကြေးတွေလှူဒါန်းခဲ့ပြန် ပါတယ်နော်..။ ငွေကြေးနဲ ့ပစ္စည်းတွေကို လှူဒါန်းခဲ့တဲ့အပြင် ပြိုလဲကျတော့မယ့် ယိုင်နဲ့နေတဲ့ အမေအိုရဲ့ နေအိမ်ကို လည်း ပြန်လည်ပြုပြင်တည်ဆောက်ပေးမယ့် အကြောင်းလေး ကိုလည်း ပြောပြလာပါတယ်နော်..။

“ချွန်တွန်းအလှူရှင်များကို ကုသိုလ်ရအောင် လုပ်ပေးတဲ့ ကန်စွန်းရွက်ရောင်းတဲ့အမေအိုပါ🙏🙏🙏🙏🙏..” ဆိုပြီး ကြည်နူးပီတိဖြစ်စရာကောင်းလွန်းပြီး သာဓုခေါ်စရာလည်းကောင်းလွန်းတဲ့ သူတို့အဖွဲ့ရဲ့ အလှူလေးကို ဝေမျှထား တာဖြစ်ပါတယ်..။ ပရိသတ်တွေကလည်း အလှူအတန်းနဲ့ ပရဟိတ အလုပ်တွေမှာ လက်မနှေးတဲ့ ဒိန်းဒေါင်တို့ “ချွန်တွန်း” အဖွဲ့ရဲ့ အလှူလေးတွေကို အမြဲစောင့်ကြည့်အားပေးကာ ကြည်နူးအပျော်လေးတွေကူးစက်ရင်း သာဓုခေါ်ဆုတောင်း စကားလေးတွေလည်း ပြောထားကြပါတယ်နော်..။

Credit:Swelsone News
Cele Secrets