


Source: Connie Tun’s fb
Bilie – Cele Connections

UNICODE

စတူဒီယို တေးသံရှင် တစ်ယောက်ဖြစ်တဲ့ ကော်နီ ကတော့ ဂီတ သက်တမ်း နှစ်(၃၀) ကျော်တိုင် အောင်မြင်မှု အရှိန်အဟုန် လုံးဝကျဆင်းသွား ခြင်းမရှိတဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကော်နီ ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အသက် (၅၃) နှစ် ပြည့်သွားခဲ့ပြီ ဖြစ်ပြီး သူမချစ်တဲ့ အနုပညာ အလုပ်တွေကို တစိုက်မတ်မတ် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာ လည်း ကော်နီက နားလည် ခွင့်လွှတ်တတ်ပြီး စိတ်ရှည်တဲ့ နိုင်ငံကျော် Rocker ကြီးနှစ်ယောက်ဖြစ်တဲ့ ဇော်ဝင်းထွဋ် နဲ့ ရင်ဂို အကြောင်းကို အခုလိုပဲ ပြောပြလာခဲ့ပါတယ်။

“အမြဲနောက်ကျတတ်တဲ့ဒီညီမကို,😷 ပုဂံ FM မှာအသံဆိုဖို့ရာ ည (၇)နာရီကျော် ထိစောင့်ပေးတဲ့ချစ်စရာ.. အကိုကြီး (၂) ယောက်ပါ, 🙏💕 ကားပေါ်ထိုင်ခါနီးမှ ဓါတ်ပုံ ရိုက်မလို့ဆိုပြန်တော့ မီးရှိတဲ့ နေရာကိုလာ ရိုက်ပေးပြန်ရော။ ဘယ်လောက် ချစ်စရာကောင်းလဲနော်,, 🥰 ဆယ်ဖီကို (၃) ခါလောက်နှိပ်လိုက်တာ.. ဒီတစ်ပုံထဲပါလာတယ်ကွယ်,,💕🎶” ဆိုပြီး ဇော်ဝင်းထွဋ် နဲ့ ရင်ဂို တို့ရဲ့ သဘောကောင်းတဲ့ အကြောင်း ကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ဇော်ဝင်းထွဋ် နဲ့ ရင်ဂို တို့ကတော့ မြင်သူတိုင်း ရှိန်ကြတဲ့ ထင်မထား လောက်အောင် သဘောကောင်း တယ်ဆိုတာ ကော်နီ ပြောမှ သိရတော့တာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ Rocker ကြီးနှစ်ယောက် သက်ရှည် ကျန်းမာစွာနဲ့ အမိုက်စား Rock သီချင်းတွေ ဆက်လက် ဖန်တီးနိုင်ပါစေနော်။ ဖတ်ရှု ပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Connie Tun’s fb
Bilie – Cele Connection