ပြည်သူ့ အချစ်တော် ဟားငါးကောင် အဖွဲ့ကတော့ လက်ရှိ အချိန်မှာ တောတွင်း တစ်နေရာ ကို ရောက်ရှိ လို့ နေပြီပဲ ဖြစ်ပါတယ် ။ အမှန်တရား ကို လက်ကိုင်ထားပြီး ပြည်သူတွေ ဘက်က နေ အခိုင်အမာ ရပ်တည် ခဲ့တဲ့ ဟားငါးကောင် အဖွဲ့က အားလုံး နဲ့ အတူ တစ်သားတည်း ရှိ နေကြောင်း ပြသခဲ့ တာ ဖြစ်ပါတယ် ။ သူတို့အဖွဲ့က တော့ မြို့ပေါ်မှာ ရှိတဲ့ အချိန်တုန်း ကလည်း လူထု လှုပ်ရှားမှုပွဲ တွေမှာ တတ်နိုင် သလောက် ပါဝင် အားဖြည့် ပေး ခဲ့ ကြတာ ဖြစ်ပါ တယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်း ကစပြီး လူရွှင်တော် တိုင်းကျော် နဲ့ လူရွှင်တော် ပိုးလေး တို့က သူတို့ ရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ ပုံတစ်ချို့ ကို မျှဝေ ပေးလာတာ ဖြစ်ပါတယ် ။ တိုင်းကျော် ၊ ပြည်ကျော် ၊ တိုးကျော် ၊ ဝိုင်းကျော် နဲ့ ပိုးလေးတို့ငါးယောက် လုံးက အခုဆိုရင် တောထဲ တောင်ထဲ မှာ ခိုလှုံနေ ရတာပဲ ဖြစ်ပါတယ် ။ သူတို့အဖွဲ့ကတော့ အနုပညာ အလုပ်တွေ လုပ်စဉ် တုန်းကလည်း တက်ညီ လက်ညီ ရှိကြ သလို အခုလို အချိန်မှာ လည်း စည်းလုံး ညီညွတ် နေကြတာ ဖြစ်ပါ တယ် ။

အခုချိန် မှာ တော့ ဟားငါးကောင် ရဲ့ အမှန်တရား အတွက် တိုက်ပွဲ ဝင်နေတဲ့ ပုံရိပ် များဟာ တောင်ကိုရီးယား ရဲ့ သတင်းများ မှာပါ ဖော်ပြခြင်း ခံနေရပြီ ဖြစ်ပါတယ်။ အဆိုပါ သတင်းနဲ့ ပက်သက်ပြီး မရွှေမိုး ကတော့ သူမ ရဲ့ ဆိုရှယ် မီဒီယာကနေ တဆင့် အခုလိုပဲ ရေးသားခဲ့ ပါတယ်။ ” တောင်ကိုရီးယား သတင်းထဲမှာ နာမည်ကြီး မြန်မာ လူရွှင်တော် ဟား ၅ ကောင် အကြောင်းပါလာပြီ ..

နာမည်ကျော် လူရွှင်တော် “ Ha 5 Gown” (“ ပြုံးနေသော လူငါး ဦး” လို့ အဓိပ္ပာယ် ရတဲ့) ၅ ယောက်ဟာ အခုတော့ မြန်မာ ပြည်သူတွေ ကို ကာကွယ်ဖို့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ( PDF ) ကိုရောက်နေ ပြီဆိုတာပေါ့။ ဒီနေ့ တောင်ကိုရီးယား တွေပြော နေကြတဲ့ သတင်း..။ ” ဟု ရေးသား ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံ ရဲ့ နွေဦး တော်လှန်ရေး ဟာ တကမ္ဘာလုံး က စောင့်ကြည့်ကာ ချီးကျူး အံ့အားသင့်ခဲ့ ရတဲ့ အထိ ပြည်သူတွေ ရဲ့ စည်းလုံး ညီညွတ်မှု ဟာ အံ့မခန်းပဲ ဖြစ်ပါတယ်။ အဆုံးထိ ဖတ်ရှု ပေးတဲ့ ပရိတ်သတ် ကြီးကို အထူးပဲ ကျေးဇူးတင် ရှိပါ တယ်ရှင်။

Credit

ZAWGYI

ျပည္သူ႔ အခ်စ္ေတာ္ ဟားငါးေကာင္ အဖြဲ႕ကေတာ့ လက္ရွိ အခ်ိန္မွာ ေတာတြင္း တစ္ေနရာ ကို ေရာက္ရွိ လို႔ ေနၿပီပဲ ျဖစ္ပါတယ္ ။ အမွန္တရား ကို လက္ကိုင္ထားၿပီး ျပည္သူေတြ ဘက္က ေန အခိုင္အမာ ရပ္တည္ ခဲ့တဲ့ ဟားငါးေကာင္ အဖြဲ႕က အားလုံး နဲ႔ အတူ တစ္သားတည္း ရွိ ေနေၾကာင္း ျပသခဲ့ တာ ျဖစ္ပါတယ္ ။ သူတို႔အဖြဲ႕က ေတာ့ ၿမိဳ႕ေပၚမွာ ရွိတဲ့ အခ်ိန္တုန္း ကလည္း လူထု လႈပ္ရွားမႈပြဲ ေတြမွာ တတ္နိုင္ သေလာက္ ပါဝင္ အားျဖည့္ ေပး ခဲ့ ၾကတာ ျဖစ္ပါ တယ္ ။

ၿပီးခဲ့တဲ့ ရက္ပိုင္း ကစၿပီး လူရႊင္ေတာ္ တိုင္းေက်ာ္ နဲ႔ လူရႊင္ေတာ္ ပိုးေလး တို႔က သူတို႔ ရဲ့လူမႈကြန္ယက္ စာမ်က္ႏွာထက္မွာ ပုံတစ္ခ်ိဳ႕ ကို မၽွေဝ ေပးလာတာ ျဖစ္ပါတယ္ ။ တိုင္းေက်ာ္ ၊ ျပည္ေက်ာ္ ၊ တိုးေက်ာ္ ၊ ဝိုင္းေက်ာ္ နဲ႔ ပိုးေလးတို႔ငါးေယာက္ လုံးက အခုဆိုရင္ ေတာထဲ ေတာင္ထဲ မွာ ခိုလႈံေန ရတာပဲ ျဖစ္ပါတယ္ ။ သူတို႔အဖြဲ႕ကေတာ့ အႏုပညာ အလုပ္ေတြ လုပ္စဥ္ တုန္းကလည္း တက္ညီ လက္ညီ ရွိၾက သလို အခုလို အခ်ိန္မွာ လည္း စည္းလုံး ညီညြတ္ ေနၾကတာ ျဖစ္ပါ တယ္ ။

အခုခ်ိန္ မွာ ေတာ့ ဟားငါးေကာင္ ရဲ့ အမွန္တရား အတြက္ တိုက္ပြဲ ဝင္ေနတဲ့ ပုံရိပ္ မ်ားဟာ ေတာင္ကိုရီးယား ရဲ့ သတင္းမ်ား မွာပါ ေဖာ္ျပျခင္း ခံေနရၿပီ ျဖစ္ပါတယ္။ အဆိုပါ သတင္းနဲ႔ ပက္သက္ၿပီး မေရႊမိုး ကေတာ့ သူမ ရဲ့ ဆိုရွယ္ မီဒီယာကေန တဆင့္ အခုလိုပဲ ေရးသားခဲ့ ပါတယ္။ ” ေတာင္ကိုရီးယား သတင္းထဲမွာ နာမည္ႀကီး ျမန္မာ လူရႊင္ေတာ္ ဟား ၅ ေကာင္ အေၾကာင္းပါလာၿပီ ..

နာမည္ေက်ာ္ လူရႊင္ေတာ္ “ Ha 5 Gown” (“ ျပဳံးေနေသာ လူငါး ဦး” လို႔ အဓိပၸာယ္ ရတဲ့) ၅ ေယာက္ဟာ အခုေတာ့ ျမန္မာ ျပည္သူေတြ ကို ကာကြယ္ဖို႔ ျပည္သူ႔ကာကြယ္ ေရးတပ္ဖြဲ႕ ( PDF ) ကိုေရာက္ေန ၿပီဆိုတာေပါ့။ ဒီေန႔ ေတာင္ကိုရီးယား ေတြေျပာ ေနၾကတဲ့ သတင္း..။ ” ဟု ေရးသား ေဖာ္ၿပ ထားပါတယ္။

ျမန္မာနိုင္ငံ ရဲ့ ေႏြဦး ေတာ္လွန္ေရး ဟာ တကမၻာလုံး က ေစာင့္ၾကည့္ကာ ခ်ီးက်ဴး အံ့အားသင့္ခဲ့ ရတဲ့ အထိ ျပည္သူေတြ ရဲ့ စည္းလုံး ညီညြတ္မႈ ဟာ အံ့မခန္းပဲ ျဖစ္ပါတယ္။ အဆုံးထိ ဖတ္ရႈ ေပးတဲ့ ပရိတ္သတ္ ႀကီးကို အထူးပဲ ေက်းဇူးတင္ ရွိပါ တယ္ရွင္။

Credit