မင်းမော်ကွန်းတို့ တစ်မိသားစုလုံးကတော့ တော်လှန်ရေးအတွက် စိတ်ဓာတ်ပြင်းပြ နေကြတာကြောင့် ကိုယ်တိုင် စွန့်လွှတ်အနစ်နာခံ ထားကြတာဖြစ်ပါတယ်။မင်းမော်ကွန်းက တောထဲကို မိသားစုထက် အရင်ရောက်ရှိနေခဲ့တာ ဖြစ်ပြီး PDF လူငယ်လေးတွေကိုလည်း တတ်နိုင်သလောက် ကူညီပေးနေတာဖြစ်ပါတယ်။သူ့ရဲ့ဇနီးနဲ့သားငယ်လေးက မကြာသေးခင်ကမှ တောထဲကို ရောက်ရှိလာပြီး မိသားစုသုံးယောက် အေးအတူပူ အမျှနေထိုင်ရင်း အပြန်အလှန် ဖေးမပေးနေ ကြတာဖြစ်ပါတယ်။

မင်းမော်ကွန်း ကလည်း အခုအခြေအနေမှာ စိတ်ဓာတ် ခိုင်မာပြီး တောထဲရောက် ရဲဘော်တွေ နဲ့ အတူအားကြိုးမာန်တက် ကြိုးစားနေတာ ဖြစ်ပါတယ်။သူ့ရဲ့ဇနီးကတော့ ခင်ပွန်းအတွက် လိုအပ်မယ့် ဝေယျာဝစ္စ တွေကိုလည်း လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။မင်းမော်ကွန်းတို့ မိသားစုသုံးယောက်က တောတောင်ထဲ မှာ လှေလေးနဲ့ ခက်ခက်ခဲခဲ သွားလာနေရတာ ဖြစ်ပါတယ်။သူတို့မိသားစုကို ကူညီပေးမယ့်သူတွေရှိပေမယ့် မင်းမော်ကွန်းက အားနာပြီးလက်မခံခဲ့တာလို့ သိရပါတယ်။

ဒါ့ကြောင့် မင်းမော်ကွန်းတို့မိသားစုက တောထဲကရတဲ့ မှိုလေးတွေကို အနီးနားကရွာထဲကို လှေလေး နဲ့ သွားရောင်းပြီး စားဝတ်နေရေး အတွက်ဖြေရှင်းတာဖြစ်ပါတယ်။မင်းမော်ကွန်းက သူစီးနေကျ ကားလေးကိုလည်း ရရာ စျေး နဲ့ အရှုံးခံပြီးရောင်းခဲ့တာ ဖြစ်ပါတယ်။လွတ်မြောက် နယ်မြေရောက်နေပေမယ့် လည်း မိသားစုအတွက်ကုန်ကျစရိတ်တွေက ရှိနေတာဖြစ်လို့ ဘယ်သူ့ရဲ့အကူအညီကို မှ လက်မခံဘဲ ကိုယ့်အားကိုယ်ကိုးပြီး တောထဲမှာ ခက်ခက်ခဲခဲနေထိုင်နေရတဲ့ မင်းမော်ကွန်းတို့မိသားစုပုံလေးကို ပြန်လည်မျှ ဝေပေးလိုက်ပါတယ်။

crd:ရဲမင်း(AAC) Facebook Acc

ZAWGYI

မင္းေမာ္ကြန္းတို႔ တစ္မိသားစုလုံးကေတာ့ ေတာ္လွန္ေရးအတြက္ စိတ္ဓာတ္ျပင္းၿပ ေနၾကတာေၾကာင့္ ကိုယ္တိုင္ စြန႔္လႊတ္အနစ္နာခံ ထားၾကတာျဖစ္ပါတယ္။မင္းေမာ္ကြန္းက ေတာထဲကို မိသားစုထက္ အရင္ေရာက္ရွိေနခဲ့တာ ျဖစ္ၿပီး PDF လူငယ္ေလးေတြကိုလည္း တတ္နိုင္သေလာက္ ကူညီေပးေနတာျဖစ္ပါတယ္။သူ႔ရဲ့ဇနီးနဲ႔သားငယ္ေလးက မၾကာေသးခင္ကမွ ေတာထဲကို ေရာက္ရွိလာၿပီး မိသားစုသုံးေယာက္ ေအးအတူပူ အမၽွေနထိုင္ရင္း အျပန္အလွန္ ေဖးမေပးေန ၾကတာျဖစ္ပါတယ္။

မင္းေမာ္ကြန္း ကလည္း အခုအေျခအေနမွာ စိတ္ဓာတ္ ခိုင္မာၿပီး ေတာထဲေရာက္ ရဲေဘာ္ေတြ နဲ႔ အတူအားႀကိဳးမာန္တက္ ႀကိဳးစားေနတာ ျဖစ္ပါတယ္။သူ႔ရဲ့ဇနီးကေတာ့ ခင္ပြန္းအတြက္ လိုအပ္မယ့္ ေဝယ်ာဝစၥ ေတြကိုလည္း လုပ္ကိုင္ေပးေနတာ ျဖစ္ပါတယ္။မင္းေမာ္ကြန္းတို႔ မိသားစုသုံးေယာက္က ေတာေတာင္ထဲ မွာ ေလွေလးနဲ႔ ခက္ခက္ခဲခဲ သြားလာေနရတာ ျဖစ္ပါတယ္။သူတို႔မိသားစုကို ကူညီေပးမယ့္သူေတြရွိေပမယ့္ မင္းေမာ္ကြန္းက အားနာၿပီးလက္မခံခဲ့တာလို႔ သိရပါတယ္။

ဒါ့ေၾကာင့္ မင္းေမာ္ကြန္းတို႔မိသားစုက ေတာထဲကရတဲ့ မွိုေလးေတြကို အနီးနားကရြာထဲကို ေလွေလး နဲ႔ သြားေရာင္းၿပီး စားဝတ္ေနေရး အတြက္ေျဖရွင္းတာျဖစ္ပါတယ္။မင္းေမာ္ကြန္းက သူစီးေနက် ကားေလးကိုလည္း ရရာ ေစ်း နဲ႔ အရႈံးခံၿပီးေရာင္းခဲ့တာ ျဖစ္ပါတယ္။လြတ္ေျမာက္ နယ္ေျမေရာက္ေနေပမယ့္ လည္း မိသားစုအတြက္ကုန္က်စရိတ္ေတြက ရွိေနတာျဖစ္လို႔ ဘယ္သူ႔ရဲ့အကူအညီကို မွ လက္မခံဘဲ ကိုယ့္အားကိုယ္ကိုးၿပီး ေတာထဲမွာ ခက္ခက္ခဲခဲေနထိုင္ေနရတဲ့ မင္းေမာ္ကြန္းတို႔မိသားစုပုံေလးကို ျပန္လည္မၽွ ေဝေပးလိုက္ပါတယ္။

crd:ရဲမင္း(AAC) Facebook Acc