ပရိသတ်ကြီးရေ အနုပညာလောကမှာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ သည်ခေတ်နေဟာ ဆိုရင် ဖေဖော်ဝါရီလအစပိုင်းကတည်းက နွေဦးတော်လှန်ရေး မှာ ပြည်သူလူထု နဲ့ အတူ တစ်သားတည်းရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။ သည်ခေတ်နေက လူထုလှုပ်ရှားမှုမှာလည်း အားကြိုးမာန်တက် ပါဝင်ခဲ့တဲ့သူတစ်ယောက်လည်း ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူခံထားရတာပဲဖြစ်ပါတယ်။

သည်ခေတ်နေက လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိ သွားပြီ ဖြစ်ပြီးတော့ ချစ်ရတဲ့ သမီးလေးကိုပါ ခေါ်ထားတဲ့ အကြောင်းကို အခုလို ပြောပြ လာခဲ့ ပါတယ်။ “သမီးလေးရေ… မဟုတ်တာ လုပ်ရမှာ နဲ့ မဟုတ်တာပြောရမှာ… လောကမှာ ကြောက်စရာဆိုလို့ အဲ့ဒီ၂ခုပဲရှိတယ်တဲ့။

မှန်တာပြော/ မှန်တာလုပ်ပြီး ချစ်ခြင်းမေတ္တာ နဲ့ သာ ရှင်သန်ပါစေ သမီးလေးရေ။ ခုတော့… ဖေဖေနဲ့ပေါင်းပြီး ကိုယ့်သမီးလေးလည်း တောသူလေးဖြစ်နေပါပြီ” ဆိုပြီး သမီးလေးရဲ့ ဓာတ်ပုံ နှင့် တကွ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီ ဖြစ်တဲ့ အကြောင်းကို သူ့ရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသား ဖော်ပြထားပါတယ်။ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ ဖေဖေ သည်ခေတ်နေတို့ရဲ့ ပုံရိပ်လေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

crd – MYANMAR LOAD

ZAWGYI

ပရိသတ္ႀကီးေရ အႏုပညာေလာကမွာ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာကို ရိုက္ကူးထားတဲ့ ဒါရိုက္တာ သည္ေခတ္ေနဟာ ဆိုရင္ ေဖေဖာ္ဝါရီလအစပိုင္းကတည္းက ေႏြဦးေတာ္လွန္ေရး မွာ ျပည္သူလူထု နဲ႔ အတူ တစ္သားတည္းရပ္တည္ခဲ့တာပဲ ျဖစ္ပါတယ္။ သည္ေခတ္ေနက လူထုလႈပ္ရွားမႈမွာလည္း အားႀကိဳးမာန္တက္ ပါဝင္ခဲ့တဲ့သူတစ္ေယာက္လည္း ျဖစ္တာေၾကာင့္ စစ္ေကာင္စီရဲ့ ပုဒ္မ ၅၀၅(က)နဲ႔ အမႈဖြင့္အေရးယူခံထားရတာပဲျဖစ္ပါတယ္။

သည္ေခတ္ေနက လြတ္ေျမာက္နယ္ေၿမ တစ္ေနရာကို ေရာက္ရွိ သြားၿပီ ျဖစ္ၿပီးေတာ့ ခ်စ္ရတဲ့ သမီးေလးကိုပါ ေခၚထားတဲ့ အေၾကာင္းကို အခုလို ေျပာၿပ လာခဲ့ ပါတယ္။ “သမီးေလးေရ… မဟုတ္တာ လုပ္ရမွာ နဲ႔ မဟုတ္တာေျပာရမွာ… ေလာကမွာ ေၾကာက္စရာဆိုလို႔ အဲ့ဒီ၂ခုပဲရွိတယ္တဲ့။

မွန္တာေျပာ/ မွန္တာလုပ္ၿပီး ခ်စ္ျခင္းေမတၱာ နဲ႔ သာ ရွင္သန္ပါေစ သမီးေလးေရ။ ခုေတာ့… ေဖေဖနဲ႔ေပါင္းၿပီး ကိုယ့္သမီးေလးလည္း ေတာသူေလးျဖစ္ေနပါၿပီ” ဆိုၿပီး သမီးေလးရဲ့ ဓာတ္ပုံ ႏွင့္ တကြ လြတ္ေျမာက္နယ္ေျမသို႔ ေရာက္ရွိေနၿပီ ျဖစ္တဲ့ အေၾကာင္းကို သူ႔ရဲ့ လူမႈကြန္ယက္ထက္မွာ ေရးသား ေဖာ္ျပထားပါတယ္။ပရိသတ္ေတြအတြက္ ခ်စ္စရာေကာင္းတဲ့ သမီးေလးနဲ႔ ေဖေဖ သည္ေခတ္ေနတို႔ရဲ့ ပုံရိပ္ေလးကို ျပန္လည္ မၽွေဝေပးလိုက္ပါတယ္။

crd – MYANMAR LOAD