The Voice Myanmar သီချင်းဆိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ရာမှတစ်ဆင့် ဂီတလောကထဲသို့ ဝင်ရောက်လာသူကတော့ အဆိုတော် နိုဗန်ထူးပဲ ဖြစ်ပါတယ်။သူကတော့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများ တွင် ပြည်သူတွေ နဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ အခုလိုပါဝင်ခဲ့တဲ့ နိုဗန်ထူးကိုတော့ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတဲ့အတွက် ဘေးကင်းရာသို့ခေတ္တခဏ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။တိမ်းရှောင်နေရပေမယ့်လည်း တတ်နိုင်တဲ့ ဘက်ကနေ တော်လှန်ရေး အတွက် တိုက်ပွဲဝင် နေဆဲ ဖြစ်ကြောင်းကို မကြာသေးခင် နာရီပိုင်းလောက်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာ ဖြစ်ပါတယ်။

သူကလည်း အခုလိုအနိုင်ကျင့်ခံ နေရတာကို ခေါင်းငုံ့ မခံဘဲ ဘယ်လိုတုံ့ ပြန်ရမလဲ တွေးနေသင့် ကြောင်းနှင့် ဒီအရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် လူတိုင်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်သင့်ကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။ ဓမ္မဘက်ကနေ ရပ်တည်ခဲ့သူ များအားလုံး အနစ်နာခံစွန့်လွှတ်ခဲ့တာတွေကို မမေ့လိုက်သင့်ကြောင်းကိုလည်း..မင်းဘာတွေ လုပ်ပြီးပြီလဲ၊ မင်းဘာတွေ ဆက်လုပ်မလဲ၊EAO တွေ၊CRPH ၊ NUG ၊ UN ဘာညာတွေ ကို တွေးနေရမယ့် အချိန်မဟုတ်ဘူး။ သူတို့လည်း သူတို့အလုပ် သူတို့လုပ်နေလိမ့်မယ်။ ကိုယ်တိုင် ကလည်း အပျော် တွေ လုပ်မနေဘဲ ကိုယ့်အပေါ် အနိုင်ကျင့်တာကို ခေါင်းငုံ့မခံဘဲဘယ်လို ပြန်သိပ်ရမလဲဘဲတွေးနေရမှာ။ နည်းလမ်းမျိုးစုံ နဲ့ အကျင့်ယုတ်တာကို ခံလာတာအခုပဲ ရက်ပေါင်း ၁ဝဝကျော်နေပြီ။အရူးတွေအောက်မှာ ကျွန်သာသာ အသက်ထပ်ရှင်တာထက် ခင်ဗျားတို့ တိုက်ရင်းသေတာက ပိုမိုက်အုန်းမယ်။

ရှင်းရှင်းလေး တိုက်မယ်ဆိုတဲ့ သူတွေက လေ့ကျင့်၊ နောက်ကွယ်က လှူတန်းမယ့်သူက လှူ ၊ အခွန်မှန်သမျှရှောင်၊ Boycott လုပ်ရမယ့်ဟာလုပ်၊ ကိုယ်နိုင်မယ့်တာဝန်ကို ထမ်းနေဖို့ပဲ လိုတာ။အနုပညာရှင်တွေ လည်းအကြမ်းဖက်တာပဲ လုပ်တတ်ပြီး လူမှန်ရင်လက်မခံတဲ့ အရူးအုပ်စုရဲ့ ဝရမ်းပြေးဖြစ်ရ၊ ပြည်သူ့ဝန်ထမ်းတွေလည်းအိမ်တွေစွန့်လွှတ်၊ ရာထူးတွေ စွန့်လွှတ်ကြ၊အာဇာနည်များလည်း သွေးချောင်းစီးခဲ့ရတာကို မမေ့ပါနဲ့ ။ကိုယ်တိုင်လည်း ဝရမ်းပြေးဖြစ်ပေမယ့် တစ်ထောင့်တစ်နေရာက အမြဲတမ်းပေးဆပ်နေတုန်းပဲ။ မလုပ်တတ်တာဆိုလို့ စောက်ပိုပဲ ရှိတယ်။ သွေးကြွေးဆပ်ဖို့ကို ဆာလောင်နေရမယ်။တော်လှန်ရေးကို ဆာလောင်နေရမယ်။🔥” လို့ ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း နိုဗန်ထူးရေးသားထားတဲ့ အကြောင်းအရာများကို မှန်ကန်ကြောင်း ထောက်ခံပြောဆိုနေကြတာ ဖြစ်ပါတယ်။ပြည်သူ တွေလည်း အရေးတော်ပုံကြီးမှာ အတူပူးပေါင်းမှ သာ လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ရရှိမှာဖြစ်တဲ့အတွက် သွေးမအေးသွားကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Photo Crd-Novem Htoo’s Facebook

ZAW GYI

The Voice Myanmar သီခ်င္းဆိုၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ ရာမွတစ္ဆင့္ ဂီတေလာကထဲသို႔ ဝင္ေရာက္လာသူကေတာ့ အဆိုေတာ္ နိုဗန္ထူးပဲ ျဖစ္ပါတယ္။သူကေတာ့ လက္ရွိျမန္မာနိုင္ငံမွာ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈမ်ား တြင္ ျပည္သူေတြ နဲ႔အတူ တက္ႂကြစြာ ပူးေပါင္းပါဝင္ခဲ့သူတစ္ဦး ျဖစ္ပါတယ္။ အခုလိုပါဝင္ခဲ့တဲ့ နိုဗန္ထူးကိုေတာ့ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုခံထားရတဲ့အတြက္ ေဘးကင္းရာသို႔ေခတၱခဏ တိမ္းေရွာင္ေနရတာ ျဖစ္ပါတယ္။တိမ္းေရွာင္ေနရေပမယ့္လည္း တတ္နိုင္တဲ့ ဘက္ကေန ေတာ္လွန္ေရး အတြက္ တိုက္ပြဲဝင္ ေနဆဲ ျဖစ္ေၾကာင္းကို မၾကာေသးခင္ နာရီပိုင္းေလာက္က သူ႔ရဲ့ လူမႈကြန္ယက္စာမ်က္ႏွာမွာ တင္ထားတာ ျဖစ္ပါတယ္။

သူကလည္း အခုလိုအနိုင္က်င့္ခံ ေနရတာကို ေခါင္းငုံ႔ မခံဘဲ ဘယ္လိုတုံ႔ ျပန္ရမလဲ ေတြးေနသင့္ ေၾကာင္းႏွင့္ ဒီအေရးေတာ္ပုံႀကီးေအာင္ျမင္ဖို႔အတြက္ လူတိုင္း ကိုယ္တတ္နိုင္တဲ့ဘက္ကေန ပါဝင္သင့္ေၾကာင္း ေရးသားထားတာ ျဖစ္ပါတယ္။ ဓမၼဘက္ကေန ရပ္တည္ခဲ့သူ မ်ားအားလုံး အနစ္နာခံစြန႔္လႊတ္ခဲ့တာေတြကို မေမ့လိုက္သင့္ေၾကာင္းကိုလည္း..မင္းဘာေတြ လုပ္ၿပီးၿပီလဲ၊ မင္းဘာေတြ ဆက္လုပ္မလဲ၊EAO ေတြ၊CRPH ၊ NUG ၊ UN ဘာညာေတြ ကို ေတြးေနရမယ့္ အခ်ိန္မဟုတ္ဘူး။ သူတို႔လည္း သူတို႔အလုပ္ သူတို႔လုပ္ေနလိမ့္မယ္။ ကိုယ္တိုင္ ကလည္း အေပ်ာ္ ေတြ လုပ္မေနဘဲ ကိုယ့္အေပၚ အနိုင္က်င့္တာကို ေခါင္းငုံ႔မခံဘဲဘယ္လို ျပန္သိပ္ရမလဲဘဲေတြးေနရမွာ။ နည္းလမ္းမ်ိဳးစုံ နဲ႔ အက်င့္ယုတ္တာကို ခံလာတာအခုပဲ ရက္ေပါင္း ၁ဝဝေက်ာ္ေနၿပီ။အ႐ူးေတြေအာက္မွာ ကၽြန္သာသာ အသက္ထပ္ရွင္တာထက္ ခင္ဗ်ားတို႔ တိုက္ရင္းေသတာက ပိုမိုက္အုန္းမယ္။

ရွင္းရွင္းေလး တိုက္မယ္ဆိုတဲ့ သူေတြက ေလ့က်င့္၊ ေနာက္ကြယ္က လႉတန္းမယ့္သူက လႉ ၊ အခြန္မွန္သမၽွေရွာင္၊ Boycott လုပ္ရမယ့္ဟာလုပ္၊ ကိုယ္နိုင္မယ့္တာဝန္ကို ထမ္းေနဖို႔ပဲ လိုတာ။အႏုပညာရွင္ေတြ လည္းအၾကမ္းဖက္တာပဲ လုပ္တတ္ၿပီး လူမွန္ရင္လက္မခံတဲ့ အ႐ူးအုပ္စုရဲ့ ဝရမ္းေျပးျဖစ္ရ၊ ျပည္သူ႔ဝန္ထမ္းေတြလည္းအိမ္ေတြစြန႔္လႊတ္၊ ရာထူးေတြ စြန႔္လႊတ္ၾက၊အာဇာနည္မ်ားလည္း ေသြးေခ်ာင္းစီးခဲ့ရတာကို မေမ့ပါနဲ႔ ။ကိုယ္တိုင္လည္း ဝရမ္းေျပးျဖစ္ေပမယ့္ တစ္ေထာင့္တစ္ေနရာက အျမဲတမ္းေပးဆပ္ေနတုန္းပဲ။ မလုပ္တတ္တာဆိုလို႔ ေစာက္ပိုပဲ ရွိတယ္။ ေသြးေႂကြးဆပ္ဖို႔ကို ဆာေလာင္ေနရမယ္။ေတာ္လွန္ေရးကို ဆာေလာင္ေနရမယ္။🔥” လို႔ ေရးသားထားတာ ျဖစ္ပါတယ္။ ပရိသတ္ေတြ ကလည္း နိုဗန္ထူးေရးသားထားတဲ့ အေၾကာင္းအရာမ်ားကို မွန္ကန္ေၾကာင္း ေထာက္ခံေျပာဆိုေနၾကတာ ျဖစ္ပါတယ္။ျပည္သူ ေတြလည္း အေရးေတာ္ပုံႀကီးမွာ အတူပူးေပါင္းမွ သာ လိုခ်င္တဲ့ ဒီမိုကေရစီနိုင္ငံေတာ္ႀကီး ရရွိမွာျဖစ္တဲ့အတြက္ ေသြးမေအးသြားၾကဖို႔ တိုက္တြန္းလိုက္ပါရေစ။

Photo Crd-Novem Htoo’s Facebook