သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး သက္မြန္ျမင့္ကေတာ့ အႏုပညာ ေလာကမွာ ဒိတ္ဒိတ္ၾကဲ ေအာင္ျမင္မႈ ေတြရရွိထားတဲ့ သူတစ္ေယာက္ပါ။ ျမန္မာနိုင္ငံရဲ့ ထိပ္တန္းမင္းသမီးတစ္ဦးျဖစ္တဲ့ သက္မြန္ျမင့္က ႐ုပ္ရွင္ဇာတ္ကား ေပါင္းမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ၿပီး က်ရာ ဇာတ္႐ုပ္ကို ေပၚလြင္ေအာင္ ရိုက္ကူးတတ္သူျဖစ္လို႔ အကယ္ဒမီဆုႀကီးေတြကိုလည္း ထိုက္ထိုက္တန္တန္ရရွိထားတဲ့ သူပဲ ျဖစ္ပါတယ္ ။

သက္မြန္ျမင့္က ျဖဴစင္ရိုးသားတဲ့ တိုင္းရင္းသူေလး ျဖစ္ၿပီး တမူထူးျခားတဲ့အလွကို ပိုင္ဆိုင္ထားသူျဖစ္လို႔ မိန္းကေလး အခ်င္းခ်င္းကပါ အားက်ရတာလည္းျဖစ္ပါတယ္။ အိမ္ေထာင္က်ၿပီးတဲ့အခ်ိန္ထိ အႏုပညာ အလုပ္ေတြကို ႀကိဳးစားလုပ္ကိုင္ေနတဲ့ သက္မြန္ျမင့္တစ္ေယာက္ သားနဲ႔သမီးေလးကိုလည္း အခ်စ္ေတြေပးကာ ဂ႐ုစိုက္ပ်ိဳးေထာင္တာကိုလည္း ေတြ႕ရပါတယ္။ ကေလးႏွစ္ေယာက္ မိခင္ျဖစ္ေပမယ့္ လည္း မပ်က္စီးေသးတဲ့အလွတရားေတြေၾကာင့္ ပရိသတ္ အားေပးအခ်စ္ပိုမႈကို တစ္ခဲနက္ရရွိထားတာပါ။

သက္မြန္က ကိုဗစ္ကာလမွာေတာင္ အႏုပညာ လႈပ္ရွားမႈေတြဆက္တိုက္ဆိုသလို လုပ္ကိုင္ ရတာျဖစ္ၿပီး ယေန႔မွာလည္း Photo shooting တစ္ခုအတြက္ ရိုက္ကူးေပးေနတာ ျဖစ္ပါတယ္။ ရႈတင္အတြက္ ျပင္ဆင္ေနတဲ့သူမက ေခါင္းထက္မွာ ေတာ္ဝင္ သဇင္ပန္းေတြ ပန္ဆင္ၿပီး တလက္လက္ေတာက္ေနတဲ့ ျမန္မာဝတ္စုံနဲ႔ က်က္သေရရွိၿပီးတင့္တယ္ေနတာပါ။ သက္မြန္ရဲ့အလွက ၾကည့္မိသူေတြရင္ထဲ အခ်စ္ပိုသြားမိေစမွာ အေသအခ်ာ ပဲျဖစ္လို႔ ပရိသတ္ေတြထံ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

သတင္းအရင္းျမစ္: Source – Thet Mon Myint’s Facebook Page

unicode

သရုပ်ဆောင် မင်းသမီးချောလေး သက်မွန်မြင့်ကတော့ အနုပညာ လောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်မှု တွေရရှိထားတဲ့ သူတစ်ယောက်ပါ။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ သက်မွန်မြင့်က ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ကျရာ ဇာတ်ရုပ်ကို ပေါ်လွင်အောင် ရိုက်ကူးတတ်သူဖြစ်လို့ အကယ်ဒမီဆုကြီးတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတဲ့ သူပဲ ဖြစ်ပါတယ် ။

သက်မွန်မြင့်က ဖြူစင်ရိုးသားတဲ့ တိုင်းရင်းသူလေး ဖြစ်ပြီး တမူထူးခြားတဲ့အလှကို ပိုင်ဆိုင်ထားသူဖြစ်လို့ မိန်းကလေး အချင်းချင်းကပါ အားကျရတာလည်းဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့အချိန်ထိ အနုပညာ အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့ သက်မွန်မြင့်တစ်ယောက် သားနဲ့သမီးလေးကိုလည်း အချစ်တွေပေးကာ ဂရုစိုက်ပျိုးထောင်တာကိုလည်း တွေ့ရပါတယ်။ ကလေးနှစ်ယောက် မိခင်ဖြစ်ပေမယ့် လည်း မပျက်စီးသေးတဲ့အလှတရားတွေကြောင့် ပရိသတ် အားပေးအချစ်ပိုမှုကို တစ်ခဲနက်ရရှိထားတာပါ။

သက်မွန်က ကိုဗစ်ကာလမှာတောင် အနုပညာ လှုပ်ရှားမှုတွေဆက်တိုက်ဆိုသလို လုပ်ကိုင် ရတာဖြစ်ပြီး ယနေ့မှာလည်း Photo shooting တစ်ခုအတွက် ရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။ ရှုတင်အတွက် ပြင်ဆင်နေတဲ့သူမက ခေါင်းထက်မှာ တော်ဝင် သဇင်ပန်းတွေ ပန်ဆင်ပြီး တလက်လက်တောက်နေတဲ့ မြန်မာဝတ်စုံနဲ့ ကျက်သရေရှိပြီးတင့်တယ်နေတာပါ။ သက်မွန်ရဲ့အလှက ကြည့်မိသူတွေရင်ထဲ အချစ်ပိုသွားမိစေမှာ အသေအချာ ပဲဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Source – Thet Mon Myint’s Facebook Page