အလှူဒါန ဆိုတာငွေရှိတိုင်းမဖြစ်ဘဲ စေတနာရှိမှ သာဖြစ်တာမျိုးပါ။ သရုပ်ဆောင် ဘေဘီမောင်ဟာ မကြာခ ဏဆိုသလို ကာလဒါနလေးတွေလုပ်တတ် တာကြောင့် ပရိသတ် တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့် အဝရထားသူလေးပါ။ မိဘကို ကောင်းကောင်းမွန်မွန်ထားချင်တဲ့ စိတ်ကြောင့် အလုပ်တွေ အများကြီး ကြိုးစားခဲ့ပြီး လက်ရှိမှာလည်း မိဘ စိတ်ချမ်းသာ ရတဲ့ သမီးလိမ္မာလေး တစ်ယောက် ဖြစ်ပေးခဲ့ပါတယ်။

ဘုရားတရားလည်းကိုင်းရှိုင်းပြီး အလှူဒါနဆိုလည်း လက်မနှေးတတ်တာကြောင့် သူမရဲ့ အလုပ်အကိုင်တွေလည်း အဆင်ပြေ အောင်မြင်နေခဲ့ပါတယ်။သင်္ကြန်တွင်းမှာလည်း ညီအမနှစ်ယောက် အတူတူ တရားစခန်း ဝင်ပြီး ကုသိုလ်တွေလုပ်ခဲ့ကြ ပါသေးတယ်။ လက်ရှိ အကျပ်အတည်းကာလမှာလည်း သူမတို့ အတွက်တော့ နေဖို့စားဖို့ မခက်ခဲပေမယ့် အရင်လို ဖောဖောသီသီလှူဒါန်းနိုင်ဖို့တော့ သိပ်ပြီးအဆင်မပြေနိုင်တော့ပါဘူး။

ဒါကြောင့်လည်း လိုအပ်သူတွေဆီ လှူဒါန်းနိုင်ဖို့ အတွက် အလုပ်တွေ ကြိုးစားလုပ်နေခဲ့ပါတယ်။ အမကြီးအမိရာပီသသလို သမီးအကြီးဆုံးဖြစ်တာကြောင့် မိဘတွေ အတွက် အားကိုးရတဲ့ ထီးလေး တစ်လက်ဖြစ်ခဲ့သလို ညီမလေးအတွက်လည်း ရှေ့ကနေ မားမားမတ်မတ် ကာကွယ်ပေးနိုင်တဲ့ အမကောင်း တစ်ယောက်အဖြစ် ရပ်တည်ပေးခဲ့ပါသေးတယ်။

အလုပ်တွေ ကြိုးစားနေတဲ့ သူမရဲ့ပုံရိပ်တွေကို ” ခေတ်ကာလ အခြေနေကြောင့် အရင်လို အလှူတွေလုပ်ချင်ပေမယ့် 😞 ကျမမှာရှိတဲ့ငွေကဘဏ်ထဲမှာရယ် ကျမကပိုက်ဆံရှိရင် မြေဝယ်ထားတဲ့အတွက် ခုချိန်ခက်ခဲနေတာတော့အမှန် စားဖို့သောက်ဖို့ ဒုက္ခမရောက်ပေမယ့် လှူချင်တန်းချင်တဲ့စိတ်ကြောင့် ကျမငွေရှာသည် 🥰 ကားကိုယ်တိုင်မောင်းပြီး ဆိုင်အတွက် လိုအပ်တဲ့ပစ္စည်းများကိုကိုယ်တိုင်ကုန်ကြိုသည် 🥰 ဆိုင်ကိုယ်တိုင်ထိုင်သည် 🥰 ကျမကို အလဲထိုး ချင်သူများ ကျမသည် ဘဝသမားမို့ တွန်းချတိုင်းပြုတ်မကျတတ်တဲ့ ပစ်တိုင်းထောင် ဆိုတာသိထားပါ ☺️ ပုံ ကိုယ်ဘဝကိုယ်နားလည်တဲ့ကျမဈေးသည် 😁 ” ဆိုပြီး သူမရဲ့ရင်တွင်းခံစားချက် တစ်ချို့နဲ့ ဝေမျှလာခဲ့ပါတယ်။

Photo Credit – Baby Maung’s FB Acc

ZAW GYI

အလႉဒါန ဆိုတာေငြရွိတိုင္းမျဖစ္ဘဲ ေစတနာရွိမွ သာျဖစ္တာမ်ိဳးပါ။ သ႐ုပ္ေဆာင္ ေဘဘီေမာင္ဟာ မၾကာခ ဏဆိုသလို ကာလဒါနေလးေတြလုပ္တတ္ တာေၾကာင့္ ပရိသတ္ ေတြရဲ့ခ်စ္ခင္အားေပးမႈကို အျပည့္ အဝရထားသူေလးပါ။ မိဘကို ေကာင္းေကာင္းမြန္မြန္ထားခ်င္တဲ့ စိတ္ေၾကာင့္ အလုပ္ေတြ အမ်ားႀကီး ႀကိဳးစားခဲ့ၿပီး လက္ရွိမွာလည္း မိဘ စိတ္ခ်မ္းသာ ရတဲ့ သမီးလိမၼာေလး တစ္ေယာက္ ျဖစ္ေပးခဲ့ပါတယ္။

ဘုရားတရားလည္းကိုင္းရွိုင္းၿပီး အလႉဒါနဆိုလည္း လက္မေႏွးတတ္တာေၾကာင့္ သူမရဲ့ အလုပ္အကိုင္ေတြလည္း အဆင္ေၿပ ေအာင္ျမင္ေနခဲ့ပါတယ္။သၾကၤန္တြင္းမွာလည္း ညီအမႏွစ္ေယာက္ အတူတူ တရားစခန္း ဝင္ၿပီး ကုသိုလ္ေတြလုပ္ခဲ့ၾက ပါေသးတယ္။ လက္ရွိ အက်ပ္အတည္းကာလမွာလည္း သူမတို႔ အတြက္ေတာ့ ေနဖို႔စားဖို႔ မခက္ခဲေပမယ့္ အရင္လို ေဖာေဖာသီသီလႉဒါန္းနိုင္ဖို႔ေတာ့ သိပ္ၿပီးအဆင္မေျပနိုင္ေတာ့ပါဘူး။

ဒါေၾကာင့္လည္း လိုအပ္သူေတြဆီ လႉဒါန္းနိုင္ဖို႔ အတြက္ အလုပ္ေတြ ႀကိဳးစားလုပ္ေနခဲ့ပါတယ္။ အမႀကီးအမိရာပီသသလို သမီးအႀကီးဆုံးျဖစ္တာေၾကာင့္ မိဘေတြ အတြက္ အားကိုးရတဲ့ ထီးေလး တစ္လက္ျဖစ္ခဲ့သလို ညီမေလးအတြက္လည္း ေရွ႕ကေန မားမားမတ္မတ္ ကာကြယ္ေပးနိုင္တဲ့ အမေကာင္း တစ္ေယာက္အျဖစ္ ရပ္တည္ေပးခဲ့ပါေသးတယ္။

အလုပ္ေတြ ႀကိဳးစားေနတဲ့ သူမရဲ့ပုံရိပ္ေတြကို ” ေခတ္ကာလ အေျခေနေၾကာင့္ အရင္လို အလႉေတြလုပ္ခ်င္ေပမယ့္ 😞 က်မမွာရွိတဲ့ေငြကဘဏ္ထဲမွာရယ္ က်မကပိုက္ဆံရွိရင္ ေျမဝယ္ထားတဲ့အတြက္ ခုခ်ိန္ခက္ခဲေနတာေတာ့အမွန္ စားဖို႔ေသာက္ဖို႔ ဒုကၡမေရာက္ေပမယ့္ လႉခ်င္တန္းခ်င္တဲ့စိတ္ေၾကာင့္ က်မေငြရွာသည္ 🥰 ကားကိုယ္တိုင္ေမာင္းၿပီး ဆိုင္အတြက္ လိုအပ္တဲ့ပစၥည္းမ်ားကိုကိုယ္တိုင္ကုန္ႀကိဳသည္ 🥰 ဆိုင္ကိုယ္တိုင္ထိုင္သည္ 🥰 က်မကို အလဲထိုး ခ်င္သူမ်ား က်မသည္ ဘဝသမားမို႔ တြန္းခ်တိုင္းျပဳတ္မက်တတ္တဲ့ ပစ္တိုင္းေထာင္ ဆိုတာသိထားပါ ☺️ ပုံ ကိုယ္ဘဝကိုယ္နားလည္တဲ့က်မေဈးသည္ 😁 ” ဆိုၿပီး သူမရဲ့ရင္တြင္းခံစားခ်က္ တစ္ခ်ိဳ႕နဲ႔ ေဝမၽွလာခဲ့ပါတယ္။

Photo Credit – Baby Maung’s FB Acc