


Cele Secrets

နေမကောင်းဖြစ်နေတဲ့ ရွှေထူးရဲ့ မိခင်ကို အိမ်တိုင်ရာ ရောက်သွားပြီး ဂရုစိုက် စောင့်ရှောက်နေတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ

ပြည်သူချစ် အနုပညာရှင် တွေဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာ လောကမှာ ထိပ်ဆုံးကနေ အောင်မြင်မှုတွေ ကိုယ်စီ ရရှိပိုင်ဆိုင် ထားတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက သာယာ ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားပြီး တစ်ယောက်ကို တစ်ယောက် အပြန်အလှန် အားပေးနှစ်သိမ့် နေရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို အတူတူ မျှဝေခံစားနေကြတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်ရေးကတော့ အချိန်တွေကြာလာတာနဲ့အမျှ တစ်ယောက်ကို တစ်ယောက် သံယောဇဉ်ပိုတိုးရင်း အေးချမ်းစွာရှိနေတာပဲ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ ဇနီးမောင်နှံရယ်လို့ နှစ်ယောက် တစ်ဘဝဖြစ်လာခဲ့သူပီပီ တစ်ယောက်ကို တစ်ယောက် အချစ်ပိုကြသလို နှစ်ဖက်မိဘတွေနဲ့ မိသားစုဝင်တွေကိုလည်း ဂရုတစိုက် ရှိကြတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ရွှေထူးနဲ့ ရွှေမှုံရတီက နေမကောင်းဖြစ်ပြီး ကျန်းမာရေးချူချာနေတဲ့ ရွှေထူးရဲ့ မေမေ ဒေါ်ယဉ်ကျေးဆီ အိမ်တိုင်ရာရောက် သွားပြီး သတင်းမေးခဲ့ကြပြီး လိုအပ်တာမှန်သမျှကို ဖြည့်ဆည်း ဂရုစိုက်ပေး ခဲ့တယ်လို့ သိရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီ ကတော့ ဇနီးမောင်နှံတွေပီပီ နှစ်ယောက်တည်း အိမ်ခွဲနေကြပေမယ့် အရေးကြုံလာတဲ့ အခါ တိုင်းမှာတော့ မိဘတွေဆီကို သွားပြီး ဂရုစိုက်စောင့်ရှောက်ပေးလေ့ ရှိတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ မိသားစုလေး အခုလိုပဲ သိုက်သိုက်ဝန်းဝန်းနဲ့ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections
Cele Secrets