သ႐ုပ္ေဆာင္ ေဆာင္းယြန္းစံကေတာ့ လက္ရွိမွာ အလႉအတန္ းေတြ ျပဳလုပ္ ေနရင္းနဲ႔ ျပည္သူေတြ ရဲ့ အခက္အခဲေတြကို ကူညီေျဖရွင္းေပးေနတာလည္း ျဖစ္ပါတယ္။ ပရိသတ္ေတြ၊ခ်စ္ရတဲ့ မိတ္ေဆြသူငယ္ခ်င္းမ်ားရဲ့ အလႉေငြထည့္ဝင္ လႉဒါန္းမႈေတြ စုေပါင္းကာ စားဝတ္ေနေရး ခက္ခဲေနသူမ်ား နဲ႔က်ဆုံးသြားတဲ့ သူရဲေကာင္းတို႔ရဲ့ မိသားစုမ်ားထံသို႔ သြား ေရာက္ကာ လိုအပ္တာေတြကို ကူညီေဆာင္ရြက္ေပးေနတာကိုလည္း ၾကည္ႏူးဖြယ္ ျမင္ေတြ႕ၾကရမွာပါ။
သူမရဲ့ လႈပ္ရွားမႈပုံရိပ္တိုင္းကိုလည္း ပရိသတ္ေတြ သာဓု ေခၚဆိုနိုင္ရန္ ေဆာင္းယြန္းရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာတြင္ ေဝမၽွေပးေနတာပါ။ မၾကာေသးခင္ ရက္ပိုင္းေလာက္ကလည္း ေဆာင္းယြန္းစံရဲ့ Facebook အေကာင့္တြင္ ေနရပ္စြန႔္ခြာ ခဲ့ရေသာ စစ္ေဘးေရွာင္ ကရင္တိုင္းရင္းသားေတြအတြက္ ဒုတိယအႀကိမ္ေျမာက္လႉဒါန္းရန္ ျပင္ဆင္ေနေၾကာင္းကို ေရးသားထားတာပါ။ ပထမအႀကိမ္ တုန္းကလည္း ကခ်င္ျပည္နယ္က စစ္ေဘးေရွာင္တိုင္းရင္းသားေတြအတြက္ အလႉေငြလႉဒါန္းၿပီးၿပီျဖစ္ေၾကာင္းကိုလည္း ေျပာျပထားပါေသးတယ္။
” တစ္ဖက္က ဗုံးၾကဲတိုက္ခိုက္မႈေၾကာင့္ ေဆာင္းယြန္း တို႔ရဲ့ ကခ်င္၊ ကရင္ တိုင္းရင္းသား မိဘျပည္သူေတြဟာ ေနရပ္ကို စြန႔္ခြာပီး စစ္ေဘးကိုေရွာင္တိမ္းေနၾကရျပန္ပါၿပီ 😓အသက္ေဘးကိုေရွာင္တိမ္းဖို႔အတြက္အဝတ္ တစ္ထည္ကိုယ္တစ္ခုနဲ႔ အိုးအိမ္စြန႔္ခြာခဲ့ရတဲ့မိသားစုေတြ၊ ကေလးငယ္ ေလးေတြ၊ သက္ႀကီးရြယ္အိုေတြကိုေတြ႕တိုင္း ရင္ထဲေၾကကြဲရပါတယ္..ေဆာင္းယြန္းတို႔ရဲ့ ေသြးခ်င္းေတြ စစ္ရဲ့ခါးသီးမႈေတြကို ခံစား ရတာ ဒီတစ္ႀကိမ္ေနာက္ဆုံးျဖစ္ပါေစ ဆုေတာင္းပါတယ္ 😞🙏ဒီခ်ိန္မွာ ေဆာင္းယြန္းတို႔ေတြ ဒုတိယအႀကိမ္ စုေပါင္းလႉဒါန္းမႈ ေလးအေနနဲ႔ ေနရပ္စြန႔္ခြာေရွာင္တိမ္းေနၾကရတဲ့ကရင္တိုင္းရင္းသား စစ္ေဘးေရွာင္မိသားစုေတြအတြက္ အလႉေငြေလးေကာက္ခံခ်င္ပါတယ္ရွင္။ကရင္ စစ္ေဘးေရွာင္ မိသားစုမ်ားထံကို သြားေရာက္ကူညီလႉဒါန္းေပးမယ့္ သူေတြရဲ့ post ေလးေတြ ေတြ႕ရင္လည္းcomment မွာ ျပခဲ့ေပးပါဦးေနာ္…ေဆာင္းယြန္းလည္း အတတ္နိုင္ဆုံး ကိုယ္တိုင္သြားလႉ နိုင္ဖို႔အတြက္ႀကိဳးစားပါမယ္ရွင္…
(ေဆာင္းယြန္းတို႔လက္ရွိ အဆက္သြယ္ရ ထားသေလာက္က စစ္ေဘးေရွာင္စခန္းရယ္လို႔ သီးသီးသန႔္သန႔္မရွိေသးဘဲေျမက်င္းေတြတူးၿပီးေနၾကရတဲ့အတြက္ သြားေရာက္ဖို႔ အႏၲရာယ္မ်ားတာမို႔လို႔ အေျခေနအနည္းငယ္တည္ ၿငိမ္မွကိုယ္တိုင္သြားေရာက္လႉဒါန္းခြင့္ျပဳမယ္လို႔သိရပါတယ္)ေဆာင္းယြန္းတို႔ရဲ့ ပထမအႀကိမ္စုေပါင္းလႉဒါန္းမႈေလးမွာေတာ့ ကခ်င္ စစ္ေဘးေရွာင္မိဘျပည္သူေတြ အတြက္လည္း လႉဒါန္းေပးနိုင္ခဲ့တာမို႔ ပါဝင္လႉဒါန္းေပးၾကတဲ့ ပရိတ္သတ္ေမာင္ႏွမေတြကိုေက်းဇူးတင္ပါရေစရွင္ 🙏ေဆာင္းယြန္းတို႔ ျပည္သူေတြမွာ ျပည္သူပဲ ရွိတာမို႔ တစ္ဦးကို တစ္ဦးေဖးမရင္း စည္းစည္းလုံးလုံးနဲ႔ အနိုင္ယူၾကမယ္ေနာ္ေဆာင္းယြန္းတို႔ရဲ့ တစ္နိုင္ငံလုံးက ေသြးခ်င္းေတြအားလုံးပဲ အားတင္းထားၾကပါ…ေဆာင္းယြန္းတို႔ ျပည္သူေတြနိုင္ေတာ့မွာပါ 💪❤” ဆိုၿပီးေရးသား ထားတာပဲျဖစ္ၿပီး ပရိသတ္ေတြလည္းသိရွိေစရန္ဒီသတင္းေလးကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ရပါတယ္ေနာ္။
Source and Photo Crd-Saung Yoon San’s Facebook Account
unicode
သရုပ်ဆောင် ဆောင်းယွန်းစံကတော့ လက်ရှိမှာ အလှူအတန် းတွေ ပြုလုပ် နေရင်းနဲ့ ပြည်သူတွေ ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေ၊ချစ်ရတဲ့ မိတ်ဆွေသူငယ်ချင်းများရဲ့ အလှူငွေထည့်ဝင် လှူဒါန်းမှုတွေ စုပေါင်းကာ စားဝတ်နေရေး ခက်ခဲနေသူများ နဲ့ကျဆုံးသွားတဲ့ သူရဲကောင်းတို့ရဲ့ မိသားစုများထံသို့ သွား ရောက်ကာ လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးနေတာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။
သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကိုလည်း ပရိသတ်တွေ သာဓု ခေါ်ဆိုနိုင်ရန် ဆောင်းယွန်းရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် ဝေမျှပေးနေတာပါ။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း ဆောင်းယွန်းစံရဲ့ Facebook အကောင့်တွင် နေရပ်စွန့်ခွာ ခဲ့ရသော စစ်ဘေးရှောင် ကရင်တိုင်းရင်းသားတွေအတွက် ဒုတိယအကြိမ်မြောက်လှူဒါန်းရန် ပြင်ဆင်နေကြောင်းကို ရေးသားထားတာပါ။ ပထမအကြိမ် တုန်းကလည်း ကချင်ပြည်နယ်က စစ်ဘေးရှောင်တိုင်းရင်းသားတွေအတွက် အလှူငွေလှူဒါန်းပြီးပြီဖြစ်ကြောင်းကိုလည်း ပြောပြထားပါသေးတယ်။
” တစ်ဖက်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆောင်းယွန်း တို့ရဲ့ ကချင်၊ ကရင် တိုင်းရင်းသား မိဘပြည်သူတွေဟာ နေရပ်ကို စွန့်ခွာပီး စစ်ဘေးကိုရှောင်တိမ်းနေကြရပြန်ပါပြီ 😓အသက်ဘေးကိုရှောင်တိမ်းဖို့အတွက်အဝတ် တစ်ထည်ကိုယ်တစ်ခုနဲ့ အိုးအိမ်စွန့်ခွာခဲ့ရတဲ့မိသားစုတွေ၊ ကလေးငယ် လေးတွေ၊ သက်ကြီးရွယ်အိုတွေကိုတွေ့တိုင်း ရင်ထဲကြေကွဲရပါတယ်..ဆောင်းယွန်းတို့ရဲ့ သွေးချင်းတွေ စစ်ရဲ့ခါးသီးမှုတွေကို ခံစား ရတာ ဒီတစ်ကြိမ်နောက်ဆုံးဖြစ်ပါစေ ဆုတောင်းပါတယ် 😞🙏ဒီချိန်မှာ ဆောင်းယွန်းတို့တွေ ဒုတိယအကြိမ် စုပေါင်းလှူဒါန်းမှု လေးအနေနဲ့ နေရပ်စွန့်ခွာရှောင်တိမ်းနေကြရတဲ့ကရင်တိုင်းရင်းသား စစ်ဘေးရှောင်မိသားစုတွေအတွက် အလှူငွေလေးကောက်ခံချင်ပါတယ်ရှင်။ကရင် စစ်ဘေးရှောင် မိသားစုများထံကို သွားရောက်ကူညီလှူဒါန်းပေးမယ့် သူတွေရဲ့ post လေးတွေ တွေ့ရင်လည်းcomment မှာ ပြခဲ့ပေးပါဦးနော်…ဆောင်းယွန်းလည်း အတတ်နိုင်ဆုံး ကိုယ်တိုင်သွားလှူ နိုင်ဖို့အတွက်ကြိုးစားပါမယ်ရှင်…
(ဆောင်းယွန်းတို့လက်ရှိ အဆက်သွယ်ရ ထားသလောက်က စစ်ဘေးရှောင်စခန်းရယ်လို့ သီးသီးသန့်သန့်မရှိသေးဘဲမြေကျင်းတွေတူးပြီးနေကြရတဲ့အတွက် သွားရောက်ဖို့ အန္တရာယ်များတာမို့လို့ အခြေနေအနည်းငယ်တည် ငြိမ်မှကိုယ်တိုင်သွားရောက်လှူဒါန်းခွင့်ပြုမယ်လို့သိရပါတယ်)ဆောင်းယွန်းတို့ရဲ့ ပထမအကြိမ်စုပေါင်းလှူဒါန်းမှုလေးမှာတော့ ကချင် စစ်ဘေးရှောင်မိဘပြည်သူတွေ အတွက်လည်း လှူဒါန်းပေးနိုင်ခဲ့တာမို့ ပါဝင်လှူဒါန်းပေးကြတဲ့ ပရိတ်သတ်မောင်နှမတွေကိုကျေးဇူးတင်ပါရစေရှင် 🙏ဆောင်းယွန်းတို့ ပြည်သူတွေမှာ ပြည်သူပဲ ရှိတာမို့ တစ်ဦးကို တစ်ဦးဖေးမရင်း စည်းစည်းလုံးလုံးနဲ့ အနိုင်ယူကြမယ်နော်ဆောင်းယွန်းတို့ရဲ့ တစ်နိုင်ငံလုံးက သွေးချင်းတွေအားလုံးပဲ အားတင်းထားကြပါ…ဆောင်းယွန်းတို့ ပြည်သူတွေနိုင်တော့မှာပါ 💪❤” ဆိုပြီးရေးသား ထားတာပဲဖြစ်ပြီး ပရိသတ်တွေလည်းသိရှိစေရန်ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Saung Yoon San’s Facebook Account