အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီး တရားစွဲခံ ထားရသူ (၂၀၀၀)ကျော်ကို လွှတ်ပေးခဲ့ ရာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံ ထားရတဲ့ သရုပ်ဆောင် မေတိုးခိုင်လည်း ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်..။မေတိုးခိုင် ကတော့ ပြီးခဲ့တဲ့လပိုင်းတွေကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာတဲ့အတွက် မိသားစုဝင်တွေ အပြင် ပရိသတ်တွေကပါ ဝမ်းသာပျော်ရွှင်နေကြတာ ဖြစ်ပါတယ်..။

ပြန်လည် လွတ်မြောက်လာပြီး လက်ရှိမှာ နေအိမ်ရောက်ရှိနေပြီဖြစ်တဲ့ မေတိုးခိုင် ရဲ့ သတင်းကောင်းလေးကို ညီမဖြစ်သူက ပရိသတ်တွေကို ပြန်လည်ဝေမျှထားတာ ဖြစ်ပါတယ်..။“မဖူးအိမ်ပြန် ရောက်ပါပြီ ဦးတီ နဲ့ တီဝဲတော့ မပါလာသေးပါဘူး..” ဆိုပြီး မေတိုးခိုင် ရဲ့ ညီမလေးဖြစ်သူက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေး ပြောပြထားတာ ဖြစ်ပါတယ်။​လက်ရှိ အခြေအနေတွေမှာ ရှောင်တိမ်း နေရတဲ့ သရုပ်ဆောင် သဇင်ထူးမြင့်ကလည်း အဆိုပါသတင်းကောင်းလေးနဲ့ ပတ်သက်ပြီး “မဖူးပြန်ရောက်ပါပြီ♥️

ကျန်ခဲ့တဲ့သူ အားလုံးလည်း အပြစ်မရှိတဲ့ သူတွေမို့အမြန်ဆုံး လွတ်စေချင်ပြီ…” ဆိုပြီး ဝမ်းသာစွာ နဲ့ ပြောပြထားပြီး ဆုတောင်းစကားလေးလည်း ဆိုထားတာ တွေ့ရပါတယ်..။မေတိုးခိုင် ပြန်လည် လွတ်မြောက်လာခဲ့ တဲ့အတွက် အားလုံးက ဝမ်းသာပျော်ရွှင် နေကြသလို ပြေတီဦး၊ အိန္ဒြာကျော်ဇင်အပြင် အခြားကျန်ရှိနေသေးတဲ့ အနုပညာရှင်တွေနဲ့ ပြည်သူတွေ အမြန်ဆုံး လွတ်မြောက်ကြဖို့ ပရိသတ်တွေက ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်..။

crd…..

ZAWGYI

အာဏာရွင္ ဆန႔္က်င္ေရး လူထု လႈပ္ရွားမႈေတြေၾကာင့္ ဖမ္းဆီး တရားစြဲခံ ထားရသူ (၂၀၀၀)ေက်ာ္ကို လႊတ္ေပးခဲ့ ရာ ပုဒ္မ ၅၀၅-က ျဖင့္ အမႈဖြင့္ခံ ထားရတဲ့ သ႐ုပ္ေဆာင္ ေမတိုးခိုင္လည္း ျပန္လည္လြတ္ေျမာက္လာၿပီ ျဖစ္ပါတယ္..။ေမတိုးခိုင္ ကေတာ့ ၿပီးခဲ့တဲ့လပိုင္းေတြကတည္းက ဖမ္းဆီးခံခဲ့ရတာျဖစ္ၿပီး ဒီကေန႔မွာ ျပန္လည္လြတ္ေျမာက္လာတဲ့အတြက္ မိသားစုဝင္ေတြ အျပင္ ပရိသတ္ေတြကပါ ဝမ္းသာေပ်ာ္ရႊင္ေနၾကတာ ျဖစ္ပါတယ္..။

ျပန္လည္ လြတ္ေျမာက္လာၿပီး လက္ရွိမွာ ေနအိမ္ေရာက္ရွိေနၿပီျဖစ္တဲ့ ေမတိုးခိုင္ ရဲ့ သတင္းေကာင္းေလးကို ညီမျဖစ္သူက ပရိသတ္ေတြကို ျပန္လည္ေဝမၽွထားတာ ျဖစ္ပါတယ္..။“မဖူးအိမ္ျပန္ ေရာက္ပါၿပီ ဦးတီ နဲ႔ တီဝဲေတာ့ မပါလာေသးပါဘူး..” ဆိုၿပီး ေမတိုးခိုင္ ရဲ့ ညီမေလးျဖစ္သူက သူမရဲ့ေဖ့စ္ဘြတ္စာမ်က္ႏွာကေန အသိေပး ေျပာျပထားတာ ျဖစ္ပါတယ္။​လက္ရွိ အေျခအေနေတြမွာ ေရွာင္တိမ္း ေနရတဲ့ သ႐ုပ္ေဆာင္ သဇင္ထူးျမင့္ကလည္း အဆိုပါသတင္းေကာင္းေလးနဲ႔ ပတ္သက္ၿပီး “မဖူးျပန္ေရာက္ပါၿပီ♥️

က်န္ခဲ့တဲ့သူ အားလုံးလည္း အျပစ္မရွိတဲ့ သူေတြမို႔အျမန္ဆုံး လြတ္ေစခ်င္ၿပီ…” ဆိုၿပီး ဝမ္းသာစြာ နဲ႔ ေျပာျပထားၿပီး ဆုေတာင္းစကားေလးလည္း ဆိုထားတာ ေတြ႕ရပါတယ္..။ေမတိုးခိုင္ ျပန္လည္ လြတ္ေျမာက္လာခဲ့ တဲ့အတြက္ အားလုံးက ဝမ္းသာေပ်ာ္ရႊင္ ေနၾကသလို ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္အျပင္ အျခားက်န္ရွိေနေသးတဲ့ အႏုပညာရွင္ေတြနဲ႔ ျပည္သူေတြ အျမန္ဆုံး လြတ္ေျမာက္ၾကဖို႔ ပရိသတ္ေတြက ဆုေတာင္းေပးေနၾကတာ ျဖစ္ပါတယ္..။

crd…..