သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ ကေတာ့ ပရဟိတ အလုပ္ေတြကို စိတ္ေရာ ကိုယ္ပါ အားစိုက္ ကာ လုပ္ကိုင္ေန သူ တစ္ဦးျဖစ္ပါတယ္။ သူ႔ရဲ့ ေဖာင္ေဒးရွင္း မွ အဖြဲ႕ဝင္ညီအစ္ကို ေမာင္ႏွမ မ်ား ႏွင့္လည္း လိုအပ္တဲ့ ေနရာတိုင္းကို သြားေရာက္ကာ ကူညီ ေဆာင္ရြက္ေပး ေနတာလည္း ျဖစ္ပါတယ္။ ေဝဠဳေက်ာ္ ရဲ့ ပရဟိတအလုပ္အေပၚ ႀကိဳးစား ပမ္းစား အားထုတ္ လုပ္ေဆာင္မႈေတြ ေၾကာင့္ ပရိသတ္ေတြ ကပါ ေလးစား အားက်ေနၾကတာ ျဖစ္ပါတယ္။

ေန႔စဥ္ မျပတ္ လႉဒါန္း ေနတဲ့ အလႉပုံရိပ္ ေတြကိုလည္း ပရိသတ္ ေတြ သာဓု ေခၚဆိုနိုင္ ေအာင္ သူ႔ရဲ့ ေဖာင္ေဒးရွင္း လူမႈကြန္ယက္ စာမ်က္ႏွာတြင္ ေဝမၽွေပးေနတာလည္း ျဖစ္ပါ တယ္။ မၾကာေသးခင္ မိနစ္ပိုင္း ေလာက္က လည္း ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္း Facebook Page တြင္ စစ္ေဘးေရွာင္ ျပည္သူမ်ား နဲ႔ပတ္သက္ၿပီး တတ္နိုင္ သေလာက္ လႉဒါန္း ေပးၾကဖို႔ ေတာင္းဆို ေနတာ ျဖစ္ပါတယ္။ စစ္ေဘးေရွာင္ တိုင္းရင္းသားေတြ ဟာ သူတို႔ရဲ့ အိုးအိမ္ ေတြကို စြန႔္ခြာကာထြက္ေျပးေနရဆဲ ျဖစ္တာေၾကာင့္ စားေရး ေသာက္ေရး အျပင္ အျခား လိုအပ္တဲ့ အရာမ်ားစြာ ရွိေနတာပါ။

သူကလည္း ” 15-4-2021 တိုက္ပြဲ ေတြ ဆက္လက္ ျဖစ္ပြားေနလို႔ ေတာေတာင္ ထဲ အိုးအိမ္ စြန႔္ ေရွာင္ပုန္းေနရတယ့္ တိုင္းရင္းသား ရြာေတြ ထပ္တိုး လာေနပါတယ္။ဒုကၡမ်ိဳးစုံ နဲ႔ ပုန္းခို ေနရတယ့္ တိုင္းရင္းသား ညီအကို မ်ားအတြက္ အကူအညီ မ်ားစြာလည္း ေရွ႕ဆက္ လိုအပ္ေန ပါဦးမယ္။တိုင္းရင္းသား တိုက္ပြဲ ေရွာင္မ်ားအတြက္ လႉေပး လိုေသာ ေစတနာ အလႉရွင္မ်ား အေနနဲ႔ ေဖာင္ေဒးရွင္းမွ တစ္ဆင့္ လႉေပးလို႔ ရပါတယ္။ ” ဆိုၿပီး ႏွိုးေဆာ္ တိုက္တြန္းထား တာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းကို တစ္ဆင့္ ျပန္လည္ ကူးယူ တင္ဆက္ေပး လိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Wai Lu Kyaw Foundation’s Facebook Page

UNICODE

သရုပ်ဆောင် ဝေဠုကျော် ကတော့ ပရဟိတ အလုပ်တွေကို စိတ်ရော ကိုယ်ပါ အားစိုက် ကာ လုပ်ကိုင်နေ သူ တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ဖောင်ဒေးရှင်း မှ အဖွဲ့ဝင်ညီအစ်ကို မောင်နှမ များ နှင့်လည်း လိုအပ်တဲ့ နေရာတိုင်းကို သွားရောက်ကာ ကူညီ ဆောင်ရွက်ပေး နေတာလည်း ဖြစ်ပါတယ်။ ဝေဠုကျော် ရဲ့ ပရဟိတအလုပ်အပေါ် ကြိုးစား ပမ်းစား အားထုတ် လုပ်ဆောင်မှုတွေ ကြောင့် ပရိသတ်တွေ ကပါ လေးစား အားကျနေကြတာ ဖြစ်ပါတယ်။

နေ့စဉ် မပြတ် လှူဒါန်း နေတဲ့ အလှူပုံရိပ် တွေကိုလည်း ပရိသတ် တွေ သာဓု ခေါ်ဆိုနိုင် အောင် သူ့ရဲ့ ဖောင်ဒေးရှင်း လူမှုကွန်ယက် စာမျက်နှာတွင် ဝေမျှပေးနေတာလည်း ဖြစ်ပါ တယ်။ မကြာသေးခင် မိနစ်ပိုင်း လောက်က လည်း ဝေဠုကျော် ဖောင်ဒေးရှင်း Facebook Page တွင် စစ်ဘေးရှောင် ပြည်သူများ နဲ့ပတ်သက်ပြီး တတ်နိုင် သလောက် လှူဒါန်း ပေးကြဖို့ တောင်းဆို နေတာ ဖြစ်ပါတယ်။ စစ်ဘေးရှောင် တိုင်းရင်းသားတွေ ဟာ သူတို့ရဲ့ အိုးအိမ် တွေကို စွန့်ခွာကာထွက်ပြေးနေရဆဲ ဖြစ်တာကြောင့် စားရေး သောက်ရေး အပြင် အခြား လိုအပ်တဲ့ အရာများစွာ ရှိနေတာပါ။

သူကလည်း ” 15-4-2021 တိုက်ပွဲ တွေ ဆက်လက် ဖြစ်ပွားနေလို့ တောတောင် ထဲ အိုးအိမ် စွန့် ရှောင်ပုန်းနေရတယ့် တိုင်းရင်းသား ရွာတွေ ထပ်တိုး လာနေပါတယ်။ဒုက္ခမျိုးစုံ နဲ့ ပုန်းခို နေရတယ့် တိုင်းရင်းသား ညီအကို များအတွက် အကူအညီ များစွာလည်း ရှေ့ဆက် လိုအပ်နေ ပါဦးမယ်။တိုင်းရင်းသား တိုက်ပွဲ ရှောင်များအတွက် လှူပေး လိုသော စေတနာ အလှူရှင်များ အနေနဲ့ ဖောင်ဒေးရှင်းမှ တစ်ဆင့် လှူပေးလို့ ရပါတယ်။ ” ဆိုပြီး နှိုးဆော် တိုက်တွန်းထား တာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေး လိုက် ရပါတယ်နော်။

Source and Photo Crd-Wai Lu Kyaw Foundation’s Facebook Page