မြန်မာ့ရုပ်ရှင် လောကမှာ သက်တမ်း နုပြီးတော့ ပရိသတ်တွေ ရဲ့ ရင်ထဲကို ထိရောက်စွာ ဆွဲဆောင်နိုင်ခဲ့ တာကတော့ ခီမောင်နှံ တို့ပဲ ဖြစ်ပါတယ်…. ခရစ်စတီးနားခီကတော့ ခင်ပွန်း ဖြစ်သူကို မင်းသား တင်ရိုက်ပြီး ကိုယ်တိုင် က ဒါရိုက်တာ လုပ်ပြီး ထက်မြက်တဲ့ အိမ်ရှင် မကောင်းပဲ ဖြစ်ပါတယ်. ခရစ်စတီးနားခီ နဲ့ ဇာဏ်ခီတို့ဇနီး မောင်နှံ ကတော့ ရုပ်ရှင် ကား အနည်းငယ်နဲ့ တင် မတူ ကွဲပြားစွာ ထိုးမြောက် နိုင်တာကြောင့် သူတို့ ရဲ့ ရုပ်ရှင်ကား တွေကို စောင့်မျှော် နေကြတာ ဖြစ်ပါတယ်။

ရုပ်ရှင် သရုပ်ဆောင် ဇဏ်ခီ နဲ့မိသားစု ဟာ နေအိမ် အကျယ်ချုပ် ရက်ပေါင်း (၄၀) ကျော်ခန့် ထိန်းသိမ်း စစ်ဆေးခံ ရပြီးတဲ့ နောက် မှာ လွတ်မြောက်သွားပြီလို့သရုပ်ဆောင် ဇဏ်ခီ နဲ့ နီးစပ်တဲ့ ရန်ကုန်မြို့ က သူ့ရဲ့မိတ်ဆွေ တွေက ဘီဘီစီ ကို အတည်ပြုပါတယ်။လက်ရှိ မှာတော့ သူတို့ မိသားစု ဟာ အာရှ နိုင်ငံ တခုမှာ ရောက်ရှိ နေပါတယ်။

သရုပ်ဆောင် ဇဏ်ခီကတော့ ထိန်းသိမ်းခံ ရချိန် ကာလ တုန်းက ဆေးကုသ ခွင့်မရတဲ့ သူ့ရဲ့ နဂိုရောဂါ အခံဖြစ်တဲ့ အရိုး အကြောရောဂါက ပိုမိုဆိုးရွားခဲ့တာကြောင့် လက်ရှိမှာ အခုရောက် ရှိနေတဲ့နိုင်ငံမှာ ဆေးကုသမှုခံ ယူနေရတယ် လို့ ဆိုပါတယ်။ သရုပ်ဆောင် ဇဏ်ခီ နဲ့ မိသားစု ဟာ ပြီးခဲ့တဲ့ ဧပြီ ၁ရရက်မှာ ပြည်ပထွက်ခွာဖို့ ရန်ကုန်လေဆိပ်မှာ လိုအပ်တဲ့ စစ်ဆေးမှု ခံယူနေ စဉ် ထိန်းသိမ်းခံခဲ့ရ တာဖြစ်ပါတယ်။ဒါ့ကြောင့် ဒီနေ့မှာ ထွက်ပေါ်လာတဲ့ သတင်းကောင်းလေးကြောင့် ပရိသတ်လေးလည်း ပျော်ရွင်ကြပါစေနော်..

Credit…CELEBRITY PLATFORMS

ZAWGYI



