ချစ်သုဝေက တော့ ငယ်ငယ်လေးကတည်းက အဆိုတော်လုပ်ရင်း မြန်မာဇာတ်လမ်း တွေမှာလည်း ကျရာနေရာ ကနေ ပါဝင်သရုပ်ဆောင်ခဲ့ တာကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို ခံခဲ့ရသူလေး ဖြစ်ပါတယ်။ ချစ်သုဝေ ကတော့ ဆရာဝန် တစ်ယောက်ဖြစ်ပေမဲ့ အနုပညာအလုပ်တွေ ကို လုပ်ကိုင်ရင်း အဆိုတော်လင်းလင်းနဲ့ အိမ်ထောင်ကျပြီးလို့ ခေတ်ခေတ် နဲ့ သစ်သစ် လို့ချစ်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သာယာ ပျော်ရွင်တဲ့ မိသားစုဘဝလေးမှာ ကိုယ်ပိုင်စီးပွားရေးအပြင် ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး ခွဲစိပ်ဖို့လိုအပ်တဲ့ ကလေးတွေကိုလည်း ကုသိုလ် ယူရင်းရောဂါ ကုသပေးနေတာဖြစ်ပါတယ်။

ချစ်သုဝေဟာ လက်ရှိမှာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို အရေးယူခံထားရ တာကြောင့် ဘေးကင်းရာသို့ တိမ်းရှောင် နေရတာ ဖြစ်ပါတယ်။ သူမရဲ့ လုံခြုံရေးကြောင့် အွန်လိုင်းအသုံးပြုခြင်းမရှိဘဲ လူမှုကွန်ယက်ပေါ်ကနေ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။ရှောင်တိမ်းနေရချိန် ကာလအတွင်း ဖခင်ကို ဆုံးရှုံးလိုက် ရတာဟာ ချစ်သုဝေအတွက်တော့ အကြီးမားဆုံး နာကျင်မှုတစ်ခုပဲ ဖြစ်ပါတယ်နော်..လွန်ခဲ့တဲ့ လပိုင်းလောက်က ချစ်သုဝေရဲ့ ခင်ပွန်း အဆိုတော် လင်းလင်းရဲ့ ဖခင်လည်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားတဲ့ မိဘတွေကွယ်လွန်ချိန်မှာတောင် အနားမှာ ရှိနေခွင့်မရတာဟာ သူတို့အတွက်တော့ အကြီးမားဆုံး ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။ဒီနေ့မနက်မှာတော့ချစ်သုဝေက ဖခင် နဲ့ ပက်သက်လို့ ” Daddy..ရင်ကွဲနာဟာအတော်ဆိုးဆိုးပါပဲ dae…သားသမီးတာဝန်အလုံးစုံမကျေနိုင်သလိုခံစားမိတဲ့နောင်တ တချို့လည်းပါတယ်..ယူကြုံးမရ ဖြစ်မှုတွေလည်း ပါတယ်…Daeအရမ်းအားကိုးတဲ့ မီးငယ်ပေါက် dae ကို မကယ်နိုင်ခဲ့ဘူး..နောက်ဆုံးခရီးလည်းမပို့နိုင်ခဲ့ဘူး…ရက်လည် ဆွမ်းသ င်္ကန်း ကိုယ်တိုင်ကိုယ်ကျ dae အတွက် မကပ်နိုင်ခဲ့ပြန်ပါဘူး…

သူတပါးအတွက်တောင်အရာရာ ကိုယ်တိုင်လုပ်ပေးရမှစိတ်ကျေနပ်တတ်တာ…ခုတော့…daeအလှည့်မှ… Daeအတွက်ရည်စူးပြီး ကုသိုလ်ပြုသမျှအတွက် dae မြင့်မြတ်ရာဘုံဘဝက သာဓုခေါ်ပါနော်Dae ကို ချစ်လို့ ရည်စူးကုသိုလ်ပြုပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းအားလုံးကိုလည်းကျေးဇူးပါနော် “ ဆိုပြီးရေးခဲ့ပါတယ်”ချစ်သုဝေရဲ့ ဖခင်လည်းကောင်းရာမွန်ရာဘုံဘဝမှာအေးချမ်းစွာ အနားယူနိုင်ပါစေလို့ ပရိတ်ကြီးနဲ့အတူ ဆုတောင်းလိုက်ပါတယ်နော်…

Source – Chit Thu Wai
Crd

ZAWGYI

ခ်စ္သုေဝက ေတာ့ ငယ္ငယ္ေလးကတည္းက အဆိုေတာ္လုပ္ရင္း ျမန္မာဇာတ္လမ္း ေတြမွာလည္း က်ရာေနရာ ကေန ပါဝင္သ႐ုပ္ေဆာင္ခဲ့ တာေၾကာင့္ ပရိသတ္ေတြရဲ့အားေပးမႈကို ခံခဲ့ရသူေလး ျဖစ္ပါတယ္။ ခ်စ္သုေဝ ကေတာ့ ဆရာဝန္ တစ္ေယာက္ျဖစ္ေပမဲ့ အႏုပညာအလုပ္ေတြ ကို လုပ္ကိုင္ရင္း အဆိုေတာ္လင္းလင္းနဲ႔ အိမ္ေထာင္က်ၿပီးလို႔ ေခတ္ေခတ္ နဲ႔ သစ္သစ္ လို႔ခ်စ္စရာေကာင္းတဲ့ မိသားစု ဘဝေလးကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ သာယာ ေပ်ာ္ရြင္တဲ့ မိသားစုဘဝေလးမွာ ကိုယ္ပိုင္စီးပြားေရးအျပင္ ေခတ္သစ္ေဖာင္ေဒးရွင္းကို တည္ေထာင္ထားၿပီး ခြဲစိပ္ဖို႔လိုအပ္တဲ့ ကေလးေတြကိုလည္း ကုသိုလ္ ယူရင္းေရာဂါ ကုသေပးေနတာျဖစ္ပါတယ္။

ခ်စ္သုေဝဟာ လက္ရွိမွာ ပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲဆို အေရးယူခံထားရ တာေၾကာင့္ ေဘးကင္းရာသို႔ တိမ္းေရွာင္ ေနရတာ ျဖစ္ပါတယ္။ သူမရဲ့ လုံျခဳံေရးေၾကာင့္ အြန္လိုင္းအသုံးျပဳျခင္းမရွိဘဲ လူမႈကြန္ယက္ေပၚကေန အခ်ိန္အေတာ္ၾကာ ေပ်ာက္ကြယ္ေနခဲ့တာ ျဖစ္ပါတယ္။ေရွာင္တိမ္းေနရခ်ိန္ ကာလအတြင္း ဖခင္ကို ဆုံးရႈံးလိုက္ ရတာဟာ ခ်စ္သုေဝအတြက္ေတာ့ အႀကီးမားဆုံး နာက်င္မႈတစ္ခုပဲ ျဖစ္ပါတယ္ေနာ္..လြန္ခဲ့တဲ့ လပိုင္းေလာက္က ခ်စ္သုေဝရဲ့ ခင္ပြန္း အဆိုေတာ္ လင္းလင္းရဲ့ ဖခင္လည္း ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။

ဘုရားနဲ႔ တစ္ဂိုဏ္းတည္း ထားတဲ့ မိဘေတြကြယ္လြန္ခ်ိန္မွာေတာင္ အနားမွာ ရွိေနခြင့္မရတာဟာ သူတို႔အတြက္ေတာ့ အႀကီးမားဆုံး ဆုံးရႈံးမႈေတြ ျဖစ္ပါတယ္။ဒီေန႔မနက္မွာေတာ့ခ်စ္သုေဝက ဖခင္ နဲ႔ ပက္သက္လို႔ ” Daddy..ရင္ကြဲနာဟာအေတာ္ဆိုးဆိုးပါပဲ dae…သားသမီးတာဝန္အလုံးစုံမေက်နိုင္သလိုခံစားမိတဲ့ေနာင္တ တခ်ိဳ႕လည္းပါတယ္..ယူၾကဳံးမရ ျဖစ္မႈေတြလည္း ပါတယ္…Daeအရမ္းအားကိုးတဲ့ မီးငယ္ေပါက္ dae ကို မကယ္နိုင္ခဲ့ဘူး..ေနာက္ဆုံးခရီးလည္းမပို႔နိုင္ခဲ့ဘူး…ရက္လည္ ဆြမ္းသ ကၤန္း ကိုယ္တိုင္ကိုယ္က် dae အတြက္ မကပ္နိုင္ခဲ့ျပန္ပါဘူး…

သူတပါးအတြက္ေတာင္အရာရာ ကိုယ္တိုင္လုပ္ေပးရမွစိတ္ေက်နပ္တတ္တာ…ခုေတာ့…daeအလွည့္မွ… Daeအတြက္ရည္စူးၿပီး ကုသိုလ္ျပဳသမၽွအတြက္ dae ျမင့္ျမတ္ရာဘုံဘဝက သာဓုေခၚပါေနာ္Dae ကို ခ်စ္လို႔ ရည္စူးကုသိုလ္ျပဳေပးၾကတဲ့ မိတ္ေဆြသူငယ္ခ်င္းအားလုံးကိုလည္းေက်းဇူးပါေနာ္ “ ဆိုၿပီးေရးခဲ့ပါတယ္”ခ်စ္သုေဝရဲ့ ဖခင္လည္းေကာင္းရာမြန္ရာဘုံဘဝမွာေအးခ်မ္းစြာ အနားယူနိုင္ပါေစလို႔ ပရိတ္ႀကီးနဲ႔အတူ ဆုေတာင္းလိုက္ပါတယ္ေနာ္…

Source – Chit Thu Wai
Crd