လက္ရွိ ျဖစ္ေပၚေနတဲ့ အေျခအေနေတြ ေၾကာင့္ တခ်ိဳ႕ မိသားစုေတြ ကလည္း ဘယ္ေတာ့မွ ျပန္မရနိုင္ေတာ့ တဲ့ မိမိတို႔ရဲ့ ေသြးသားရင္း ျခာေတြ ကို ဆုံးရႈံးသြားရတာ ျဖစ္ပါတယ္။က်န္ရစ္သူ မိသားစု ရဲ့ထမင္းဝိုင္းေတြ ကလည္း လူမစုံ ေတာ့ဘဲ တိတ္ဆိတ္ ေျခာက္ကပ္ လြန္းတဲ့ အေျခအေန ရွိပါတယ္။လက္ရွိမွာ ဆိုရင္ တစ္ဦးတည္း ေသာ သားသမီးေတြ လည္းက်ဆုံးသြားရ တာေၾကာင့္ မိဘေတြ အေန နဲ႔ အရမ္း ရင္က်ိဳးရၿပီး တခ်ိဳ႕က ေလးေတြဆိုလည္း မိဘမဲ့ ျဖစ္သြားရၿပီျဖစ္ပါတယ္။က်ဆုံး သူရဲေကာင္းေတြ ရဲ့ မိသားစုဝင္ ေတြကိုေတာ့ ျပည္သူလူ ထုက တတ္နိုင္ သေလာက္ ကူညီေဖး မေပးၾကတာ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ရက္ပိုင္းက ဆိုရင္လည္း မႏၲေလးၿမိဳ႕မွာ ေနထိုင္တဲ့ ဦးၿဖိဳးေမာင္ေမာင္ ကေတာ့ လူထု လႈပ္ရွားမႈေတြမွာ ပါဝင္ရင္း ေျခေထာက္ ကို က်ည္ထိ သြားတာျဖစ္ပါတယ္။ေဆး႐ုံ ၊ ေဆးခန္းလည္း မသြားရ တာေၾကာင့္ ဦးၿဖိဳးေမာင္ေမာင္ က ေသြးထြက္ လြန္ၿပီး က်ဆုံးသြားခဲ့ရ တာျဖစ္ပါတယ္။မက်ဆုံးခင္ ေရွ႕ ရက္ပိုင္းေတြမွာ ဦးၿဖိဳးေမာင္ေမာင္ ကို ဇနီးသည္က မသြားဖို႔ တားေပမယ့္လည္း “ငါေသရင္လည္း အာဇာနည္ ျဖစ္တာေပါ့ ငါ့မိန္းမရယ္”ဆိုၿပီး ျပန္ေျပာ တယ္လို႔ သိရပါတယ္။ဦးၿဖိဳးေမာင္ေမာင္တို႔ ဇနီးေမာင္ႏွံက သားသမီး မရွိတာေၾကာင့္ တစ္ေယာက္ကို တစ္ေယာက္ အရမ္း ဂ႐ုစိုက္ၿပီး ေအးအတူပူ အမၽွေနထိုင္ေန ၾကတာျဖစ္ပါတယ္။

အရမ္းခ်စ္ရတဲ့ ခင္ပြန္းသည္ ကို ဆုံးရႈံးလိုက္ ရတာေၾကာင့္ ဇနီးသည္ ခင္မ်ာ မွာလည္း ပူေဆြးေသာက ေတြေရာက္ေနရတာ ျဖစ္ပါတယ္။ဦးၿဖိဳးေမာင္ေမာင္ကေတာ့ သူ႔ရဲ့ အေျခအေနကိုသိလို႔ ဆုံးခါနီးမွာ ေတာင္“မိန္းမ ငါမရေတာ့ဘူး သြားရေတာ့ မွာ မင္းရင္ခြင္ထဲ ေနာက္ဆုံးအေန နဲ႔ ဖက္ထားပါေတာ့ “ဆိုၿပီး ေျပာလိုက္ေသးတာ ျဖစ္ပါတယ္။ဦးၿဖိဳးေမာင္ေမာင္ ရဲ့ ဇနီးကေတာ့ အသက္ ေပးသြားရၿပီျဖစ္တဲ့ သူရဲေကာင္း ခင္ပြန္းသည္ရဲ့ မ်က္ႏွာေလး ကို ေနာက္ဆုံးအေနနဲ႔အဝၾကည့္ေနခဲ့တာျဖစ္ပါတယ္။အခုလိုမ်ိဳး မိသားစုေတြ ၊ ခ်စ္တဲ့သူေတြက ေသကြဲကြဲေန ရတာေၾကာင့္ ျပည္သူေတြ ကလည္း အရမ္းဝမ္းနည္း​ ေနၾကေၾကာင္းကို ျပန္လည္ မၽွေဝေပး လိုက္ပါတယ္။

Source&Photo Credit: myanmar load

UNICODE

လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ကြောင့် တချို့ မိသားစုတွေ ကလည်း ဘယ်တော့မှ ပြန်မရနိုင်တော့ တဲ့ မိမိတို့ရဲ့ သွေးသားရင်း ခြာတွေ ကို ဆုံးရှုံးသွားရတာ ဖြစ်ပါတယ်။ကျန်ရစ်သူ မိသားစု ရဲ့ထမင်းဝိုင်းတွေ ကလည်း လူမစုံ တော့ဘဲ တိတ်ဆိတ် ခြောက်ကပ် လွန်းတဲ့ အခြေအနေ ရှိပါတယ်။လက်ရှိမှာ ဆိုရင် တစ်ဦးတည်း သော သားသမီးတွေ လည်းကျဆုံးသွားရ တာကြောင့် မိဘတွေ အနေ နဲ့ အရမ်း ရင်ကျိုးရပြီး တချို့က လေးတွေဆိုလည်း မိဘမဲ့ ဖြစ်သွားရပြီဖြစ်ပါတယ်။ကျဆုံး သူရဲကောင်းတွေ ရဲ့ မိသားစုဝင် တွေကိုတော့ ပြည်သူလူ ထုက တတ်နိုင် သလောက် ကူညီဖေး မပေးကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းက ဆိုရင်လည်း မန္တလေးမြို့မှာ နေထိုင်တဲ့ ဦးဖြိုးမောင်မောင် ကတော့ လူထု လှုပ်ရှားမှုတွေမှာ ပါဝင်ရင်း ခြေထောက် ကို ကျည်ထိ သွားတာဖြစ်ပါတယ်။ဆေးရုံ ၊ ဆေးခန်းလည်း မသွားရ တာကြောင့် ဦးဖြိုးမောင်မောင် က သွေးထွက် လွန်ပြီး ကျဆုံးသွားခဲ့ရ တာဖြစ်ပါတယ်။မကျဆုံးခင် ရှေ့ ရက်ပိုင်းတွေမှာ ဦးဖြိုးမောင်မောင် ကို ဇနီးသည်က မသွားဖို့ တားပေမယ့်လည်း “ငါသေရင်လည်း အာဇာနည် ဖြစ်တာပေါ့ ငါ့မိန်းမရယ်”ဆိုပြီး ပြန်ပြော တယ်လို့ သိရပါတယ်။ဦးဖြိုးမောင်မောင်တို့ ဇနီးမောင်နှံက သားသမီး မရှိတာကြောင့် တစ်ယောက်ကို တစ်ယောက် အရမ်း ဂရုစိုက်ပြီး အေးအတူပူ အမျှနေထိုင်နေ ကြတာဖြစ်ပါတယ်။

အရမ်းချစ်ရတဲ့ ခင်ပွန်းသည် ကို ဆုံးရှုံးလိုက် ရတာကြောင့် ဇနီးသည် ခင်မျာ မှာလည်း ပူဆွေးသောက တွေရောက်နေရတာ ဖြစ်ပါတယ်။ဦးဖြိုးမောင်မောင်ကတော့ သူ့ရဲ့ အခြေအနေကိုသိလို့ ဆုံးခါနီးမှာ တောင်“မိန်းမ ငါမရတော့ဘူး သွားရတော့ မှာ မင်းရင်ခွင်ထဲ နောက်ဆုံးအနေ နဲ့ ဖက်ထားပါတော့ “ဆိုပြီး ပြောလိုက်သေးတာ ဖြစ်ပါတယ်။ဦးဖြိုးမောင်မောင် ရဲ့ ဇနီးကတော့ အသက် ပေးသွားရပြီဖြစ်တဲ့ သူရဲကောင်း ခင်ပွန်းသည်ရဲ့ မျက်နှာလေး ကို နောက်ဆုံးအနေနဲ့အဝကြည့်နေခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး မိသားစုတွေ ၊ ချစ်တဲ့သူတွေက သေကွဲကွဲနေ ရတာကြောင့် ပြည်သူတွေ ကလည်း အရမ်းဝမ်းနည်း​ နေကြကြောင်းကို ပြန်လည် မျှဝေပေး လိုက်ပါတယ်။

Source&Photo Credit: myanmar load