


Happy – Cele Zone
Photo – Nyi Nyi Maung

UNICODE

လုပ်ငန်းရှင် တွေနဲ့ အနုပညာ ရှင်ဆိုတာလည်း နှစ်ကိုယ့် တစ်စိတ်လိုပါပဲ။ အလုပ်သဘော အရ ကဏ္ဍတွေအပြင် ချစ်ခင် ရင်းနှီးတဲ့ အတိုင်းအတာတွေ လည်း ရှိလာတတ်ကြပါတယ်။ သုသု အမြဲတမ်း ကြော်ငြာပေးနေတဲ့ ကုန် ပစ္စည်းပိုင်ရှင်က သူမအတွက် ခရစ္စမတ်လက်ဆောင် အဖြစ် နာက်ဆုံးပေါ် iPhone 12 Promax ကြီး လက်ဆောင်ပေးခဲ့ပါတယ်။

လက်ဆောင် ရတဲ့ သုသု ကလည်းအရမ်းကိုပျော်နေခဲ့တာ မို့ လက်ဆောင်ပေးရတဲ့ သူလည်း ထပ်တူပျော်ရမှာပါ။ ချစ်ခင်မှု နဲ့ ပေးတဲ့လက်ဆောင်တွေ မှာ ငွေကြေးအတိုင်းအတာ ဟာအဓိကမကျဘဲ မေတ္တာ အတိမ်အနက် ကသာအရေးကြီးပါတယ်။ သုသု ကလည်း အလုပ်ကိုစေတနာထားပြီး လုပ်လို့ လုပ်ငန်းရှင်ကလည်း သူမကိုပြန်ပြီး မေတ္တာထားပေးတဲ့သဘောပါပဲ။

ရင်ခုန်စရာ ခရစ္စမတ်လက်ဆောင် လေးကို ဖောက်ကြည့်ခဲ့တဲ့ ပျော်စရာပုံရိပ်လေးတွေကို ” ရင်ခုန်ရတဲ့ Lazy Boy က Christmas လက်ဆောင် ကျေးဇူးပါ မလင်းရေ အမြဲ သတိတရ ရှိပေးလို့ ပျော်တာလေ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာ ခရစ္စမတ်ပါ သုသုရေ ဒီထက်မကအောင်မြင်ပျော်ရွှင်ပါစေ။

Happy – Cele Zone
Photo – Nyi Nyi Maung