ပရိသတ် တွေ ချစ်ခင် အားပေးရတဲ့ အဆိုတော် လိမ္မော်သီး ကတော့ ထူးခြားတဲ့ အသံ ပါဝါ ကို ပိုင်ဆိုင် ထားသူ ဖြစ်ပြီး သီချင်းတွေ ကို အင်အား အ ပြည့် နဲ့ သီဆိုတတ်တာ ဖြစ် ပါတယ် ။ ယနေ့ အချိန် အထိ တိုင်အောင် သီချင်းတွေ အများအပြား ဖန်တီး ခဲ့တဲ့ လိမ္မော်သီး က တစ်ကိုယ်တော် အခွေ တွေ လည်း ထွက်ရှိခဲ့ပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် လိမ္မော်သီးက ချစ်စရာ ကောင်း တဲ့ သူမ ရဲ့ ညီမလေး ဝေလာရီ နဲ့ ဆိုရင်လည်း သီချင်းတွေ ဖန်တီးပြီး အတူတူ သီဆိုခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီနေ့လေး မှာ လိမ္မောသီး က မကြာခင် ရက်ပိုင်းက ကွယ်လွန် သွားတဲ့ ရေမွန် ရဲ့ တိုက်ခန်း လေးကို ကိုယ်တိုင် သွားရောက် ဖြစ်ခဲ့ကြောင်း ဖော်ပြ လာပါတယ် ။ ဒီနေ့ဆိုရင် ရေမွန် ကွယ်လွန် သွားတာ ရက်လည် နေ့လေးလည်း ဖြစ်ပါတယ် ။ ရေမွန် ရဲ့ ရက်လည် နေ့မှာ သူ့ရဲ့ အမှတ်တရ တွေ ပြည့်နေတဲ့ အခန်း ထဲက အမှတ်တရ ပုံရိပ် လေးတွေ ကို ဖော်ပြ လာတာ ဖြစ်ပါတယ် ။

ပုံရိပ် လေးတွေ နဲ့ အတူ ” နောက်ဆုံး ခရီး လိုက်မပို့ နိုင်ခဲ့ ပေမယ့်… ရက်လည် တော့ ရောက်ခဲ့တယ်… ကိုကြီး အေးချမ်းတဲ့ ဘုံဘဝ ရောက်ရှိနေ မယ်လို့ ယုံကြည်ပါတယ်… ငြိမ်းချမ်း ပါစေ ကိုကြီး …. ” ဆိုတဲ့ စာလေး ကိုလည်း ဝမ်းနည်းကြောင်း အမှတ်တရ ရေးသား ဖော်ပြထားရာ စိတ်မကောင်း ဖြစ်မိတာ အမှန်ပါပဲနော် ။ ရေမွန်လည်း ကောင်းရာ သု တိလားပါစေ ဆုတောင်း ပေးလိုက်ပါတယ် ။

Yuan – Cele Zone
Photo – Mi Mon Mon Thike

ZAWGYI

ပရိသတ္ ေတြ ခ်စ္ခင္ အားေပးရတဲ့ အဆိုေတာ္ လိေမၼာ္သီး ကေတာ့ ထူးျခားတဲ့ အသံ ပါဝါ ကို ပိုင္ဆိုင္ ထားသူ ျဖစ္ၿပီး သီခ်င္းေတြ ကို အင္အား အ ျပည့္ နဲ႔ သီဆိုတတ္တာ ျဖစ္ ပါတယ္ ။ ယေန႔ အခ်ိန္ အထိ တိုင္ေအာင္ သီခ်င္းေတြ အမ်ားအျပား ဖန္တီး ခဲ့တဲ့ လိေမၼာ္သီး က တစ္ကိုယ္ေတာ္ အေခြ ေတြ လည္း ထြက္ရွိခဲ့ၿပီ ျဖစ္ပါတယ္ ။ ဒါ့အျပင္ လိေမၼာ္သီးက ခ်စ္စရာ ေကာင္း တဲ့ သူမ ရဲ့ ညီမေလး ေဝလာရီ နဲ႔ ဆိုရင္လည္း သီခ်င္းေတြ ဖန္တီးၿပီး အတူတူ သီဆိုခဲ့တာပဲ ျဖစ္ပါတယ္ ။

ဒီေန႔ေလး မွာ လိေမၼာသီး က မၾကာခင္ ရက္ပိုင္းက ကြယ္လြန္ သြားတဲ့ ေရမြန္ ရဲ့ တိုက္ခန္း ေလးကို ကိုယ္တိုင္ သြားေရာက္ ျဖစ္ခဲ့ေၾကာင္း ေဖာ္ၿပ လာပါတယ္ ။ ဒီေန႔ဆိုရင္ ေရမြန္ ကြယ္လြန္ သြားတာ ရက္လည္ ေန႔ေလးလည္း ျဖစ္ပါတယ္ ။ ေရမြန္ ရဲ့ ရက္လည္ ေန႔မွာ သူ႔ရဲ့ အမွတ္တရ ေတြ ျပည့္ေနတဲ့ အခန္း ထဲက အမွတ္တရ ပုံရိပ္ ေလးေတြ ကို ေဖာ္ၿပ လာတာ ျဖစ္ပါတယ္ ။

ပုံရိပ္ ေလးေတြ နဲ႔ အတူ ” ေနာက္ဆုံး ခရီး လိုက္မပို႔ နိုင္ခဲ့ ေပမယ့္… ရက္လည္ ေတာ့ ေရာက္ခဲ့တယ္… ကိုႀကီး ေအးခ်မ္းတဲ့ ဘုံဘဝ ေရာက္ရွိေန မယ္လို႔ ယုံၾကည္ပါတယ္… ၿငိမ္းခ်မ္း ပါေစ ကိုႀကီး …. ” ဆိုတဲ့ စာေလး ကိုလည္း ဝမ္းနည္းေၾကာင္း အမွတ္တရ ေရးသား ေဖာ္ျပထားရာ စိတ္မေကာင္း ျဖစ္မိတာ အမွန္ပါပဲေနာ္ ။ ေရမြန္လည္း ေကာင္းရာ သု တိလားပါေစ ဆုေတာင္း ေပးလိုက္ပါတယ္ ။

Yuan – Cele Zone
Photo – Mi Mon Mon Thike