ပရိသတ်ကြီးရေ စိန်ဖြိုးက တော့ တစ်ခတ်တစ်ခါ နာမည်ကြီးမင်းသမီးနန္ဒါလှိုင် ရဲ့ အငယ်ဆုံးမောင်လေးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ကို မောင်ဆိုတဲ့ နာမည်နဲ့လုပ်ကိုင်ခဲ့ပြီး အခုချိန်မှာတော့ မော်ဒယ်လ် မင်းသမီး​ဟောင်း တ​စ်လက်ဖြစ်တဲ့ ရီရီပွင့်ဖြူ နဲ့ ချစ်သူတွေဖြစ်ကာလက်ထပ်ဖို့ ပြင်ဆင်နေကြပြီပဲ ဖြစ်ပါတယ်။

ချစ်သူသက်တမ်း ၉နှစ်ရှိတဲ့ ချစ်သူနှစ်ဦးဖြစ်တဲ့ စိန်ဖြိုး နဲ့ ရီရီတို့ကတော့ လက်ရှိမှာ၂ယောက်တည်း မင်္ဂလာဦးဆွမ်းကပ် ပြုလုပ်ခဲ့ပြီး Prewedding တွေဆက်တိုက်ရိုက်ကူးလျှက်ရှိနေတာပါ။လက်ရှိမှာလည်း နောက်ဆုံးအနေ နဲ့ ရိုက်ကူးခဲ့တဲ့ Pre wedding ပုံ​လေးတွေကိုတင်လာခဲ့တာပါ။

“ဒါ တကယ့်နောက်ဆုံး Pre wedding ပုံလေးတွေပါနော်…. 😁😅🤪ဒီကာလမှာ မင်္ဂလာဆောင်တဲ့ ကိစ္စလုပ်ရတာ တော်တော့်ကို မလွယ်တဲ့ကိစ္စပါပဲ…အဲ့တာကြောင့် ရီတို့ကတော့ ၃/၄ပွဲလုပ်မယ့် အစား ပွဲလေး တစ်ပွဲပဲ လုပ်ပြီး အမှတ်တရ ဓါတ်ပုံလေးတွေ ပဲ ဝအောင်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်….ရီတို့ရဲ့ မင်္ဂလာဧည့်ခံပွဲလေးကိုလည်း မကြာခင်မှာ ကျင်းပနိုင်ဖို့ စီစဉ်နေပါတယ်…သီးခံပြီး ချစ်ပေးကြတဲ့ဆုတောင်းပေးကြတဲ့ ချစ်မိတ်ဆွေ သူငယ်ချင်းများအားလုံး ကျေးဇူးပါ 🥰🥰🥰😘”ဆိုတဲ့စာလေးနဲ့ ကြည်နူးစရာ ပုံတွေကို တင်လာခဲ့တာပါ။ပရိသတ်တွေလည်း စိန်ဖြိုးနဲ့ရီရီတို့ရဲ့ preweddingပုံလေးတွေကိုကြည့်ပြီးသဘောကျရင်မှတ်ချက်ပေးခဲ့ ပါဦးနော်။

Koe- CeleGabar
Source- SeinPhyo& Yi

ZAWGYI




Koe- CeleGabar
Source- SeinPhyo& Yi