ပြည်သူများက သူတို့ စုဆောင်း ထားတဲ့ ပိုက်ဆံတွေ ကို လုံခြုံစိတ်ချရတဲ့ ဘဏ်များတွင် သာ အပ်နှံလေ့ရှိ ကြ တာဖြစ်ပါတယ်။ သို့သော်လည်း ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာ သိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ပြည်သူများကရှေ့ ဆက်ဖြစ်လာမယ့် အနာဂတ်တွေကို ကြိုတင်မမှန်းဆနိုင်တော့ရုံသာမကဘဲ ဘဏ်များကိုလည်း ယုံကြည်မှုနည်းပါးလာပြီး သူတို့ရဲ့ ပိုက်ဆံများ ကို လက်ဝယ်သိမ်းဆည်း ထားချင်တာ ကြောင့်အခုလို မနက်အစောကြီးထကာ ဘဏ်ရှေ့များတွင် ပင်ပင်ပန်းပန်း စောင့်ဆိုင်းထုတ် ယူနေကြရတာ ဖြစ်ပါတယ်။တစ်ချို့ပြည်သူများမှCurfew အချိန်ထက်စောကာ တန်းစီကြတာကြောင့် ဖမ်းဆီးခံရတာမျိုးလည်း ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အခုနောက်ပိုင်း ကုမ္ပဏီ တော်တော်များများ ကလည်း လစာများကို ငွေသားဖြင့် တိုက်ရိုက်မပေး တော့ဘဲ Mobile Banking များဖြင့်သာ လွှဲပေးကြတော့တာ ဖြစ်တာ ကြောင့် အခုလိုဘဏ်တွေ ရှေ့မှာ အချိန်အကြာကြီး စောင့်ဆိုင်းပြီး ငွေထုတ်ရတာ အတော်လေး ကို စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေကြတာ ဖြစ်ပါတယ်။ဒါ့အပြင် မြန်မာငွေ အချင်းချင်း လဲလှယ်ပေးတဲ့ အပြင် ဈေးကွက်ကလည်းများစွာ မြင့်တက်နေတာကြောင့် မြန်မာငွေဈေးဟာ သိသိသာသာ ကျဆင်းနေတာ ဖြစ်ပါတယ်။ တစ်ချို့ ကုမ္ပဏီများက ဘဏ်များတွင် Token စောင့်ဆိုင်းဖို့အတွက် လစာ သတ်မှတ်ပြီး ဝန်ထမ်းများ ခေါ်ယူနေကြတာကိုလည်းလူမှုကွန်ယက်များတွင် မြင်တွေ့ ကြရမှာပါ။

ဒီ အခြေအနေ ကတော့ လက်ရှိ ပြည်သူတွေ နေ့စဉ် ရက်ဆက် ကြုံတွေ့နေရတဲ့ ပြသနာဖြစ်ပြီး အခုချိန်ထိတော့ထိန်းချုပ်နိုင်မယ့် နည်းလမ်း မရှိသေးပါဘူး။ မကြာသေးခင် နာရီပိုင်း လောက်ကလည်းMake-up artist မေဦးရဲ့Facebook အကောင့်တွင် နေ့စဉ်ရက်ဆက် ဘဏ်တွေရှေ့မှာ ငွေထုတ်ဖို ့အချိန်အကြာကြီး တန်းစီစောင့်ဆိုင်း နေရတဲ့ပြည်သူတွေအား သတိပေးစကားတစ်ခွန်း ပြောပြလာတာ ဖြစ်ပါတယ်။ အနှစ်နှစ်အလလပင််ပင်ပန်ပန်းရှာဖွေထားတဲ့ ကိုယ်ပိုင်တဲ့ ငွေတွေကို ကိုယ့်သဘောနဲ့လုံခြုံမယ်လို့ ထင်တဲ့ bank ဆိုတဲ့နေရာမှာစိတ်ချစွာ ယုံကြည်စွာအပ်နှံခဲ့ကြတယ်။ အခုတော့ မယုံကြည်ရတဲ့အခြေအနေမို့ ကိုယ်သဘော နဲ့ပဲကိုယ်ပိုင်ငွေကို ပြန်ထုတ်ဖို့လုပ်တော့ရချင်သလောက် လိုသလောက်ထုတ်ခွင့်မရတော့ဘူး။ကိုယ့်ငွေကိုယ်ပြန်ထုတ်တာတောင် ဒီလောက်ပင်ပန်းဆင်းရဲပြီးဒုက္ခရောက်နေရရင် ဒီအာဏာရူးတွေ အောက်မှာ တခြားလူ့အခွင့်ရေးတွေ အလုပ်အကိုင်တွေ ဘာတစ်ခုမှရဖို့ မရှိဘူးဆိုတာ ပြည်သူတွေပိုသဘောပေါက်ကြပါ။

ဒါ့ကြောင့် ဒီအာဏာရူးတွေ ကို အမြစ်ပြုတ်အောင် ရတဲ့နည်းနဲ့ဝိုင်းပြီးတော်လှန်ကြပါ 💪🏻” လို့ ရေးသားဝေမျှလာတာ ဖြစ်ပါတယ်။ ပြည်သူတွေတစ်ချို့ကလည်း မေဦးရဲ့ ပို့စ်အောက်တွင် ဘဏ်တွေမှာ စောင့်ဆိုင်းရင်း ကြုံတွေ့ နေကြတဲ့သူတို့ရဲ့ အခက်အခဲတွေကို ပြောပြထားကြပါသေးတယ်။ ဒီလိုအခက်အခဲတွေကို နောင်လာနောင်သား တွေ မကြုံတွေ့ရစေရန် အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် အားလုံးပူးပေါင်း ပါဝင်ပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေနော်။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တွေအားလုံး ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်…။

Source and Photo Crd-May Oo’s Facebook Account and Original Uploader

Credit:celethatin