



unicode

ပရိသတ်ကြီးရေ.. ထင်သစ္စာ ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင် ဆယ်လီတစ်ဦးဖြစ်တဲ့ ခင်ဇာခြည်ကျော်ရဲ့ ချစ်စရာကောင်းလွန်းတဲ့ မျိုးဆက်သစ် ရင်သွေးလေးပဲ ဖြစ်ပါတယ်နော်..။လူငယ်ဆန်ဆန်လေးနဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကြောင့်လည်း ပုရိသပရိသတ်တွေပြင် မိန်းကလေး ပရိသတ်တွေကြားမှာပါ အမြဲရေပန်းစားနေတဲ့ ထင်သစ္စာကတော့ ဒီကနေ့လေးမှာတော့ ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်နော်..။

ထင်သစ္စာလေးကတော့ ရင်သားမှာ အဆီကျိတ်တွေ့လို့ ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ရတာဖြစ်ပြီး ခွဲစိတ်အပြီး မှာတော့ သမီးလေးရဲ့ လက်ရှိအခြေအနေနဲ့ ခွဲစိတ်မှုရလဒ်တွေကိုလည်း မဇာလေးက ပရိသတ်တွေကို အသိပေး ပြောပြလာပါတယ်နော်..။”ထင်ထင် ခွဲ စိတ်မှု့ အောင်မြင်ပါတယ်ရှင်…စိတ်ပူပြီး သတင်းမေးကြတဲ့ အနုပညာ ညီအကိုမောင်နှမ များအားလုံး နှင့် ဆွေမျိုးများ မိတ်ဆွေများ အားလုံး အထူးကျေး ဇူးတင်ပါတယ်…🙏🏻🙏🏻🙏🏻..” ဆိုပြီး သမီးလေးရဲ့ ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး ပြောပြထားတာပါနော်..။

“operation အောင်အောင်မြင်မြင်နဲ့ပီးသွားပါပီ🥰❤️ထင့်ကို စိတ်ပူပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကိုကျေးဇူးတင်ပါတယ်နော်🤗🙆🏻‍♀️💞..” ဆိုပြီး ထင်သစ္စာကလည်း သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာ ကနေ ကျေးဇူးတင်စကားလေး ဆိုထားပါသေးတယ်နော်..။စိတ်ပူနေကြ တဲ့ပရိသတ်တွေနဲ့ ခင်မင်ရင်းရင်းကြတဲ့မိတ်ဆွေကို သတင်းကောင်းလေး ပြန်လည်ဝေမျှအသိပေးထားတာမို့ ပရိသတ်တွေလည်းဝမ်းသာနေကြပြီး ကျန်းမာရေးဂရုစိုက်ဖို့ပြောထားကြတာလည်း Comment လေးတွေမှာ တွေ့ရပါတယ်နော်..။

သတင်းအရင်းမြစ်: Khin Zarchi Kyaw’s Fb Acc & Htin Thitsar’s Fb Acc