သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး စိုးျမတ္နႏၵာ ကေတာ့ အကယ္ဒမီ ထူးခၽြန္ဆုေတြ ရရွိထားၿပီး ဇာတ္ကားတိုင္း ကိုလည္း ပီျပင္ပိုင္နိုင္စြာ သ႐ုပ္ေဆာင္နိုင္တဲ့ ျပည္သူခ်စ္ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ အႏုပညာ အလုပ္ေတြကို ဆယ္စုႏွစ္ ေတြမ်ားစြာလုပ္ကိုင္ခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာေတာ့ သူမရဲ့စီးပြားေရး လုပ္ငန္းတစ္ခုျဖစ္တဲ့ ပိုးထည္လုပ္ငန္းကိုသာ ဦးစီးလုပ္ကိုင္ေနတာလည္း ျဖစ္ပါတယ္။ အခုမွာလည္း ပရိသတ္ေတြ ဝမ္းသာသြားေစမယ့္ သတင္းေလးကို ဒါဒါရဲ့ မိခင္က ေျပာျပလိုက္ၿပီပဲ ျဖစ္ပါတယ္။

မၾကာေသးခင္ မိနစ္ပိုင္း ာက္ကလည္း အန္တီစိုးၾကည္ျဖဴရဲ့ လူမႈကြန္ယက္စာ မ်က္ႏွာတြင္ အခ်ိန္အၾကာႀကီးအႏုပညာအလုပ္ေတြနဲ႔ေဝးကြာခဲ့ရာမွပရိသတ္ေတြရဲ့ေတာင္းဆိုမႈေၾကာင့္ဇာတ္ကားေတြျပန္လည္ရိုက္ကူးေတာ့မယ့္ သမီးေလးရဲ့ အေၾကာင္းကို ေျပာျပလာတာပဲ ျဖစ္ပါတယ္။ အန္တီစိုး ၾကည္ျဖဴကလည္း ” ေအာ္, အခုေတာ့သမီးငယ္ေလး ျပန္လႈပ္ရွားၿပီ❤️ေမေမဝမ္းသာတယ္သမီး💐 ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ပါတယ္။

ဒါဒါကေတာ့ လတ္တေလာမွာေတာ့ ေနျပည္ေတာ္တြင္ (76) ႏွစ္ေျမာက္ တပ္မေတာ္ေန႔ အထိမ္းအမွတ္ဂုဏ္ျပဳ ဇာတ္ကားကို အျခားနာမည္ႀကီး အႏုပညာရွင္မ်ားစြာနဲ႔ ရိုက္ကူးေနတာလည္း ျဖစ္ပါတယ္။ ဒီဇာတ္ကား ရဲ့နာမည္ကေတာ့ ” ၾကယ္ႏွင့္အတူ” လို႔ အမည္ရၿပီး ပရိသတ္ေတြ လည္း မေတြ႕ရတာၾကာၿပီျဖစ္တဲ့ ဒါဒါရဲ့သ႐ုပ္ေဆာင္တာေတြကို ျမင္ေတြ႕ရမွာဘဲ ျဖစ္ပါတယ္။ အားလုံးလည္း သိရွိဝမ္းသာ နိုင္ေအာင္ ဒီသတင္းေလးကိုတစ္ဆင့္ ျပန္လည္ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd- Soe Kyi Phyu’s Facebook Account

unicode

သရုပ်ဆောင် မင်းသမီးချောလေး စိုးမြတ်နန္ဒာ ကတော့ အကယ်ဒမီ ထူးချွန်ဆုတွေ ရရှိထားပြီး ဇာတ်ကားတိုင်း ကိုလည်း ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ ပြည်သူချစ် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာ အလုပ်တွေကို ဆယ်စုနှစ် တွေများစွာလုပ်ကိုင်ခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ သူမရဲ့စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ ပိုးထည်လုပ်ငန်းကိုသာ ဦးစီးလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ပရိသတ်တွေ ဝမ်းသာသွားစေမယ့် သတင်းလေးကို ဒါဒါရဲ့ မိခင်က ပြောပြလိုက်ပြီပဲ ဖြစ်ပါတယ်။

မကြာသေးခင် မိနစ်ပိုင်း ာက်ကလည်း အန်တီစိုးကြည်ဖြူရဲ့ လူမှုကွန်ယက်စာ မျက်နှာတွင် အချိန်အကြာကြီးအနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့ရာမှပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့်ဇာတ်ကားတွေပြန်လည်ရိုက်ကူးတော့မယ့် သမီးလေးရဲ့ အကြောင်းကို ပြောပြလာတာပဲ ဖြစ်ပါတယ်။ အန်တီစိုး ကြည်ဖြူကလည်း ” အော်, အခုတော့သမီးငယ်လေး ပြန်လှုပ်ရှားပြီ❤️မေမေဝမ်းသာတယ်သမီး💐 ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။

ဒါဒါကတော့ လတ်တလောမှာတော့ နေပြည်တော်တွင် (76) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ဂုဏ်ပြု ဇာတ်ကားကို အခြားနာမည်ကြီး အနုပညာရှင်များစွာနဲ့ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကား ရဲ့နာမည်ကတော့ ” ကြယ်နှင့်အတူ” လို့ အမည်ရပြီး ပရိသတ်တွေ လည်း မတွေ့ရတာကြာပြီဖြစ်တဲ့ ဒါဒါရဲ့သရုပ်ဆောင်တာတွေကို မြင်တွေ့ရမှာဘဲ ဖြစ်ပါတယ်။ အားလုံးလည်း သိရှိဝမ်းသာ နိုင်အောင် ဒီသတင်းလေးကိုတစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Soe Kyi Phyu’s Facebook Account