



UNICODE

5 Stars” လူရွှင်တော် အဖွဲ့ကတော့ မြန်မာတစ်နိုင်ငံ လုံးက ပရိသတ်တွေ ကြားမှာ မသိသူ မရှိလောက်အောင် လူကြိုက်များ ရေပန်းစားနေ တာပဲ ဖြစ်ပါတယ် ။ နာမည်ကောင်းသတင်းတွေ နဲ့ သူတို့ရဲ့အောင်မြင် မှုတွေကို နှစ်အတော် ကြာအောင် ထိန်းသိမ်း လာခဲ့တဲ့ ဖိုက်စတား အဖွဲ့လေးက ပရိသတ်တွေ အတွက် အမြဲတမ်းကြိုးစား တင်ဆက် ပေးနေတာ ဖြစ်ပါတယ် ။ ဒါကြောင့် လည်း သူတို့အဖွဲ့လေး က အခုလို ကာလမှာတောင် ဟာသ ဗီဒီယိုတွေ ရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာက တစ်ဆင့် မျှ ဝေပေးနေတာ ဖြစ်ပါတယ် ။

အောင်သော် ၊ အောင်မော် ၊ ကြာစိ ၊ ကျင်ဝှက် နဲ့ မျောက်ရှုံး ဆိုတဲ့ အဖွဲ့ဝင် ငါးယောက် ပါဝင်တဲ့ ဖိုက်စတား အဖွဲ့လေးကို ပရိသတ်တွေ ကလည်း အမြဲတမ်း စောင့်ကြည့် အားပေး နေရတာ ဖြစ်ပါတယ် ။ ဒီနေ့ မှာတော့ ဖိုက်စတား အဖွဲ့သားတွေက သူတို့ရဲ့ သူငယ်ချင်းကြာစိအတွက် မွေးနေ့ Surprise လေးတစ်ခု ပြုလုပ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ ဂီတာတီးပြီး သီချင်းတွေ ဆိုကာ မွေးနေ့ကိတ် ယူလာတဲ့ သူငယ်ချင် းတွေကြောင့် ကြာစိတစ်ယောက် အံ့သြဝမ်းသာခဲ့ရတာပဲ ဖြစ်ပါတယ် ။

ရေချိုးနေရင်း တန်းလန်းကြီးကို မွေးနေ့ စပရိုက်လာလုပ်ပေးတဲ့ သူငယ်ချင်း တွေကြောင့် ကြာစိ တစ်ယောက် သဘက်ပြေးခြုံပြီး မွေးနေ့ပွဲကျင်းပခဲ့ရတာပဲ ဖြစ်ပါတယ် ။ ညီအစ်ကိုတွေလိုချစ် ခင်ကြတဲ့ ကြာစိတို့သူငယ်ချင်းတစ်စုက တော့ စစနောက်နောက်နဲ့ ရယ်စရာ တွေပြောပြီး အရမ်းကိုပျော်နေကြတာလည်း ဖြစ်ပါတယ် ။ ကဲ ပါးစပ်မစိနိုင်လောက် အောင်ရယ်မော နေရပြီး ပျော်ရွှင်စရာ ကောင်းနေတဲ့ ကြာစိရဲ့မွေးနေ့ပွဲ ဗီဒီယိုလေး ကို ချစ်ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက် ပါတယ်နော် ။

Source & Video Credit-“5Stars Entertainment” FB Page