


unicode

ပရိသတ်အချစ်တော် လူရွှင်တော်၊ ဇာတ်ပို့ သရုပ်ဆောင် ခင်လှိုင်ကတော့ အကယ်ဒမီဆုကြီးနဲ့ အကြိမ်ကြိမ် လွဲချော်နေဆဲဆိုပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားပေးမှု အခိုင်အမာရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ခင်လှိုင်ရဲ့ သားနဲ့ သမီးဖြစ်သူ နေရဲနဲ့ သဇင်ထူးမြင့် တို့ကလည်း ဖခင်ရဲ့ ခြေရာကို နင်းပြီး အနုပညာလောကထဲမှာ ရပ်တည်နေကြတာပဲ ဖြစ်ပါတယ်။ နေရဲကလည်း သရုပ်ဆောင်လောက မှာရော ဂီတလောကမှာပါ ကြိုးစားမှုတွေကို ပြုလုပ်နေသလို သဇင်ထူးမြင့်ကလည်း လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အချစ်တွေကြောင့် တစ်နေ့တစ်ခြား ပိုလှလာပြီး ချစ်စရာကောင်းလာတဲ့ သဇင်ထူးမြင့်က ဒီကနေ့မှာတော့ သူမတို့ မိသားစုရဲ့ ကြည်နူးစရာ မိသားစုဓာတ်ပုံတွေကို မျှဝေပေးလာပါတယ်။ ထိုဓာတ်ပုံ အောက်မှာ ယောကျာ်းလေး ပရိသတ်တွေက ခင်လှိုင်ကို ယောက္ခမကြီး ဆိုပြီး စနောက်ခေါ်ဆိုနေကြတာကြောင့် သဇင်ထူးမြင့်ရဲ့ အလှကတော့ ခင်လှိုင်ကို တစ်နေ့တစ်ခြား ပိုပြီး မျက်နှာပန်းပွင့်လာစေတယ်လို့ ဆိုနိုင်ပါတယ်။

သဇင်ထူးမြင့်ကတော့ ဖေဖေ၊ မေမေ မျက်နှာပန်းပွင့်ရအောင် တကယ်ပဲ ချစ်စရာကောင်းပြီး လှလာတာ ပရိသတ်ကြီးလည်း သတိထားမိကြမယ် ထင်ပါတယ်။ ပရိသတ်ကြီးလည်း သဇင်ထူးမြင့်တို့ မိသားစုပုံရိပ်လေးကိုကြည့်ပြီး သဘောကျ ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်