



unicode

လူကြမ်း သရုပ်ဆောင် နိုင်လူကိုတော့ ပရိသတ်တွေတော်တော် များများက ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားကြီး တွေမှာ မြင်ဖူး လေ့ရှိကြမယ် ထင်ပါတယ်နော် ။ နိုင်လူက ဗီလိန်ဇာတ်ရုပ် တွေကို သဘာဝ ကျကျသရုပ်ဆောင်နိုင်သူဖြစ်တာ ကြောင့် အားလုံးက သူ့ကိုသဘောကျနှစ်ခြိုက် ပြီး အားပေးကြ တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နိုင်လူ က အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင် နေဆဲဖြစ်သလို သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ကြော်ငြာတွေ လည်း ရိုက်ကူးနေတာ ဖြစ်ပါတယ် ။

နိုင်လူက အလုပ် နဲ့ပတ်သက် ရင် ကြိုးကြိုးစားစား လုပ်ကိုင်လေ့ရှိပြီး မိသားစုအပေါ်မှာ အိမ်ထောင်ဦးစီး ကောင်းတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်နေတာ ဖြစ်ပါတယ် ။ နိုင်လူ က အရမ်းကိုချစ်စရာကောင်း တဲ့ သမီးချောလေး တစ်ယောက်ကို ပိုင်ဆိုင် ထားတာလည်း ဖြစ်ပါတယ် ။ ခေတ်ဆည်းဆာ လို့ခေါ်ဝေါ်တဲ့ နိုင်လူ့ရဲ့ သမီးချောလေး က အသားဖြူဖြူဖွေးဖွေး၊ ပါးဖောင်းဖောင်း ကစ်ကစ်လေး တွေနဲ့ တကယ့်ကို အသည်း ယားစရာလေးပဲ ဖြစ်ပါတယ် ။

အခုလည်း နိုင်လူ့ရဲ့သမီးလေးက အရမ်းနာမည်ကြီး နေတဲ့သီချင်းလေးကို မျက်လုံး ၊မျက်ခုံးတွေပင့်ကာ ကစားပြီး အပီအပြင် Tik Tok ဆော့ပြလိုက်တာ ဖြစ်ပါတယ် ။ အခုအရွယ်လေး နဲ့တင် မျက်နှာအမူ အရာလေးတွေမျိုးစုံလုပ်တတ်လွန်း တဲ့ နိုင်လူ့သမီးလေး ကတော့ ဖေဖေ တောင်အရှုံးပေး ရလောက်အောင်ကို အနုပညာသွေးအပြည့်ပါလာ သူလေး ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေ အတွက် သရုပ်ဆောင်နိုင်လူ ရဲ့သမီးချောလေး ခေတ်ဆည်းဆာ ရဲ့Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Source and Video Credit-Naing Lu