


Happy – Cele Zone

UNICODE

မိဘ တွေရဲ့အနုပညာ အမွေကို သားသမီး တော်တော်များများက ဆက်ခံ ကြသလို ဦးခင်လှိုင် ရဲ့ သမီးလေး ကလည်း ဖခင် ရဲ့ အနုပညာ ခြေလှမ်းတွေကို အတူတူ လိုက်လှမ်းနိုင်ဖို့ ကြိုးစားနေခဲ့ပါတယ်။ လက်ရှိမှာလည်း အနုပညာ အလုပ်တွေနဲ့ ကြော်ငြာ လေးတွေ လက်ခံနေပြီး သူမကို ချစ်ခင် အားပေးတဲ့ ပရိသတ်တွေလည်း အများအပြား ရှိနေခဲ့ပါတယ်။

ဆံပင် အဝါရောင် ဆိုးပြီး ဘိုမ လေးလိုလှနေတဲ့ သူမ အတွက် တောသူမလေး ဇာတ်ရုပ် နဲ့ ကြော်ငြာ ရိုက်ရတော့မှာမို့ တော်တော်လေးကို အခက်တွေ့ခဲ့တာပါ။ ဒီနောက်မှာတော့ သူမ ကို ပြင်ဆင်ပေးသူတွေရဲ့ အရည်အချင်းကြောင့် တစ်ရက်တာ ဆံပင်အမဲလေးနဲ့ ရိုက်ကွင်းပေါ်မှာ အဆင်ပြေပြေ ရိုက်ကူးနိုင်ခဲ့ပါတယ်။

ဒီနေ့ မှာလည်း သူမရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တစ်ချို့ကို ” မနေ့က ရှူတင်ပုံလေးတွေ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ မြန်မာ ဆန်ဆန် တောသူမလေးတစ်ယောက်ရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေဟာ ကြည့်ရှု သူပရိသတ်တွေရဲ့စိတ်ကို အေးချမ်းစေမှာတော့အမှန်ပါပဲ။ ချစ်ဖို့ ကောင်းလွန်းတဲ့ သဲသဲ ရဲ့ပုံရိပ်တစ်ချို့ကို ပရိသတ်ကြီးအတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Thazin Htoo Myint