ေဖေဖာ္ဝါရီလ (၂၈) ရက္ေန႔ က လွည္းတန္း လမ္းမ ေပၚမွာ အသက္ေပး သြားခဲ့ ရတဲ့ ေမာင္ညီညီေအာင္ထက္နိုင္ ကေတာ့ အသက္ (၂၃) ႏွစ္အရြယ္ပဲ ရွိေသးတဲ့ လူငယ္ တစ္ေယာက္ ျဖစ္ပါတယ္။ညီညီေအာင္ထက္နိုင္ ရဲ့ မိခင္ဆိုရင္ အညႊန႔္တလူလူ တက္ေနတဲ့ သားငယ္ေလး ကို ဆုံးရႈံးလိုက္ ရလို႔ ရင္က်ိဳး မတက္ ဝမ္းနည္း ေနရၿပီး အမႊာ အစ္ကို ကလည္း အရမ္းငိုခဲ့ ရတာျဖစ္ပါတယ္။ညီညီ က ပညာတတ္ လူငယ္ေလးျဖစ္ၿပီး အစ္ကိုျဖစ္သူ နဲ႔ အတူ မိဘကို လုပ္ေကၽြးျပဳစုေနတဲ့ သားလိမၼာေလး ျဖစ္ပါတယ္။

ဒီလိုမ်ိဳး မိဘ အားကိုးရတဲ့ သားေလးက ေစာစီးစြာ ေႂကြလြင့္ သြားခဲ့ရ တာေၾကာင့္ မိသားစုေတြ အေနနဲ႔လည္း ေန႔စဥ္ ရက္ဆက္ လြမ္းဆြတ္ ေန ၾကရတာ ျဖစ္ပါတယ္။ဒီေန႔အခ်ိန္ ထိေတာင္ ျပည္သူ ေတြက ညီညီေအာင္ထက္နိုင္ အသက္ေပးသြား ခဲ့ရတာ ကို မေမ့ မေလ်ာ့ ေသးဘဲ သူက်ဆုံးသြားတဲ့ ေနရာေလး မွာ ပန္းေတြထားေပး ေနၾကဆဲ ျဖစ္ပါတယ္။မတ္လ (၃) ရက္ေန႔ကဆိုရင္ သူရဲေကာင္း ညီညီ အတြက္လည္း UN က ဆုတံဆိပ္ တစ္ခုကို ခ်ီးျမႇင့္ခဲ့ ေသးတာျဖစ္ပါတယ္။

ဒီေန႔ မနက္(၈) နာရီခြဲ မွာ ဆိုရင္ေတာ့ US သံ႐ုံး ရဲ့ တာဝန္ရွိ သူေတြက ညီညီေအာင္ထက္နိုင္ က်ဆုံးခဲ့တဲ့ ေနရာကို လာၿပီးဂုဏ္ျပဳ ပန္းေခြ ခ်ီးျမႇင့္ခဲ့တာ ျဖစ္ပါတယ္။ဂုဏ္ျပဳ ပန္းေခြမွာ ဆိုရင္”In honor of those who have lost their lives.since the February 1 Coup.May we all remember their courage and dedication to a better future for Myanmar.(ေဖေဖာ္ဝါရီလ (၁) ရက္ေန႔ အာဏာသိမ္းခ်ိန္မွ စၿပီး အသက္ဆုံးရႈံးခဲ့ရ သူမ်ားအတြက္ ဂုဏ္ျပဳသည္။ျမန္မာနိုင္ငံ ရဲ့ ပိုမိုေကာင္းမြန္ေသာ အနာဂတ္ အတြက္ သူတို႔ ရဲ့ အပ္ႏွံမႈ နဲ႔ ရဲစြမ္းသတၱိ ကို ေအာက္ေမ့ သတိရၾကပါစို႔”ဆိုၿပီး ေရးသား ထားတာျဖစ္ေၾကာင္းကို ျပန္လည္ မၽွေဝ ေပးလိုက္ ပါတယ္။

Source&Photo Credit: MYANMAR LOAD

UNICODE

ဖေဖော်ဝါရီလ (၂၈) ရက်နေ့ က လှည်းတန်း လမ်းမ ပေါ်မှာ အသက်ပေး သွားခဲ့ ရတဲ့ မောင်ညီညီအောင်ထက်နိုင် ကတော့ အသက် (၂၃) နှစ်အရွယ်ပဲ ရှိသေးတဲ့ လူငယ် တစ်ယောက် ဖြစ်ပါတယ်။ညီညီအောင်ထက်နိုင် ရဲ့ မိခင်ဆိုရင် အညွှန့်တလူလူ တက်နေတဲ့ သားငယ်လေး ကို ဆုံးရှုံးလိုက် ရလို့ ရင်ကျိုး မတက် ဝမ်းနည်း နေရပြီး အမွှာ အစ်ကို ကလည်း အရမ်းငိုခဲ့ ရတာဖြစ်ပါတယ်။ညီညီ က ပညာတတ် လူငယ်လေးဖြစ်ပြီး အစ်ကိုဖြစ်သူ နဲ့ အတူ မိဘကို လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေး ဖြစ်ပါတယ်။

ဒီလိုမျိုး မိဘ အားကိုးရတဲ့ သားလေးက စောစီးစွာ ကြွေလွင့် သွားခဲ့ရ တာကြောင့် မိသားစုတွေ အနေနဲ့လည်း နေ့စဉ် ရက်ဆက် လွမ်းဆွတ် နေ ကြရတာ ဖြစ်ပါတယ်။ဒီနေ့အချိန် ထိတောင် ပြည်သူ တွေက ညီညီအောင်ထက်နိုင် အသက်ပေးသွား ခဲ့ရတာ ကို မမေ့ မလျော့ သေးဘဲ သူကျဆုံးသွားတဲ့ နေရာလေး မှာ ပန်းတွေထားပေး နေကြဆဲ ဖြစ်ပါတယ်။မတ်လ (၃) ရက်နေ့ကဆိုရင် သူရဲကောင်း ညီညီ အတွက်လည်း UN က ဆုတံဆိပ် တစ်ခုကို ချီးမြှင့်ခဲ့ သေးတာဖြစ်ပါတယ်။

ဒီနေ့ မနက်(၈) နာရီခွဲ မှာ ဆိုရင်တော့ US သံရုံး ရဲ့ တာဝန်ရှိ သူတွေက ညီညီအောင်ထက်နိုင် ကျဆုံးခဲ့တဲ့ နေရာကို လာပြီးဂုဏ်ပြု ပန်းခွေ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ဂုဏ်ပြု ပန်းခွေမှာ ဆိုရင်”In honor of those who have lost their lives.since the February 1 Coup.May we all remember their courage and dedication to a better future for Myanmar.(ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းချိန်မှ စပြီး အသက်ဆုံးရှုံးခဲ့ရ သူများအတွက် ဂုဏ်ပြုသည်။မြန်မာနိုင်ငံ ရဲ့ ပိုမိုကောင်းမွန်သော အနာဂတ် အတွက် သူတို့ ရဲ့ အပ်နှံမှု နဲ့ ရဲစွမ်းသတ္တိ ကို အောက်မေ့ သတိရကြပါစို့”ဆိုပြီး ရေးသား ထားတာဖြစ်ကြောင်းကို ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source&Photo Credit: MYANMAR LOAD