ေဖေဖာ္ဝါရီလကတည္းက ျပဳလုပ္ခဲ့တဲ့ လူထုလႈပ္ရွားမႈ ပြဲေတြမွာေတာ့ လူႀကီးလူငယ္မေရြး တက္တက္ ႂကြႂကြ ပါဝင္လာခဲ့ၾကတာ ျဖစ္ပါတယ္ ။ ခြန္အားရွိသေလာက္ အတတ္နိုင္ဆုံး ႀကိဳးစားေနၾကတဲ့ ျပည္သူေတြက ေန႔ဘက္မွာေရာ ညဘက္ မွာပါ နည္းလမ္းမ်ိဳးစုံနဲ႔ ဆႏၵထုတ္ေဖာ္ေနၾကတာ ျဖစ္ပါတယ္ ။ ဒါေပမဲ့လည္း လူထုလႈပ္ရွားမႈျပဳလုပ္ရင္းနဲ႔ အသက္ေပးသြားခဲ့ ရတဲ့ ျပည္သူေတြလည္း ရွိလာခဲ့ၿပီျဖစ္ တာေၾကာင့္ စိတ္မေကာင္းစရာျဖစ္ရပ္ေတြကို ၾကဳံေတြ႕လာရတာပဲ ျဖစ္ပါတယ္ ။

အခုလည္း ျပည္သူတစ္ေယာက္က “ေဖေဖကိုသတိရလို႔တဲ့ ေဖေဖ့ပုံေလးကို အ႐ုပ္ေလးလုပ္ထားတယ္ ဦးတဲ့ 😭😭😭😭 သမီးရယ္” ဆိုၿပီး ပုံရိပ္တစ္ခ်ိဳ႕ကို မၽွေဝထားတာ ျဖစ္ပါတယ္ ။ ဒီပုံထဲမွာေတာ့ ကေလးမေလး တစ္ေယာက္က ကြယ္လြန္သြားၿပီျဖစ္တဲ့ သူမရဲ့ဖခင္ကို သတိရလြမ္းဆြတ္ေနတာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ ကေလးမေလးက ဖခင္ျဖစ္သူရဲ့ဓာတ္ပုံကိုၾကည့္ၿပီး ပုံစံတူ အ႐ုပ္ေလး တစ္႐ုပ္ျပဳလုပ္ကာ အလြမ္းေျဖေနတာပဲ ျဖစ္ပါတယ္ ။

ကေလးမေလးက သူမလုပ္ထားတဲ့အ႐ုပ္ေလးကိုကိုင္ၿပီး ဖခင္ျဖစ္သူရဲ့ ဓာတ္ပုံနဲ႔ အကၤ်ီခ်ထားတဲ့ေနရာမွာ ထိုင္ေနခဲ့တာ ျဖစ္ပါတယ္ ။ ဖခင္ကို သတိရစိတ္နဲ႔ ပုံေဖာ္ခဲ့တဲ့ ကေလးတစ္ေယာက္ရဲ့ ဂ်ဳံအ႐ုပ္ေလးက တကယ့္ကို စိတ္မေကာင္းျဖစ္ စရာေကာင္းေနတာပဲ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ ဒီကေလးရဲ့ပုံေတြကို တင္ခဲ့တဲ့သူရဲ့Post ေအာက္မွာလည္း ျပည္သူေတြက ကေလးအတြက္ အားေပးႏွစ္သိမ့္ စကားေတြ ေျပာေပးခဲ့ၾကတာလည္း ျဖစ္ပါတယ္ ။ ဖခင္ကိုသတိရလို႔ ပုံစံတူအ႐ုပ္လုပ္ရင္း အလြမ္းေျဖေနတဲ့ ကေလးမေလး ရဲ့ပုံရိပ္ေတြကို ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္။

Source & Photo Credit-Ko Jack Mintattoo’s FB Acc

unicode

ဖေဖော်ဝါရီလကတည်းက ပြုလုပ်ခဲ့တဲ့ လူထုလှုပ်ရှားမှု ပွဲတွေမှာတော့ လူကြီးလူငယ်မရွေး တက်တက် ကြွကြွ ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ် ။ ခွန်အားရှိသလောက် အတတ်နိုင်ဆုံး ကြိုးစားနေကြတဲ့ ပြည်သူတွေက နေ့ဘက်မှာရော ညဘက် မှာပါ နည်းလမ်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ အသက်ပေးသွားခဲ့ ရတဲ့ ပြည်သူတွေလည်း ရှိလာခဲ့ပြီဖြစ် တာကြောင့် စိတ်မကောင်းစရာဖြစ်ရပ်တွေကို ကြုံတွေ့လာရတာပဲ ဖြစ်ပါတယ် ။

အခုလည်း ပြည်သူတစ်ယောက်က “ဖေဖေကိုသတိရလို့တဲ့ ဖေဖေ့ပုံလေးကို အရုပ်လေးလုပ်ထားတယ် ဦးတဲ့ 😭😭😭😭 သမီးရယ်” ဆိုပြီး ပုံရိပ်တစ်ချို့ကို မျှဝေထားတာ ဖြစ်ပါတယ် ။ ဒီပုံထဲမှာတော့ ကလေးမလေး တစ်ယောက်က ကွယ်လွန်သွားပြီဖြစ်တဲ့ သူမရဲ့ဖခင်ကို သတိရလွမ်းဆွတ်နေတာ ဖြစ်ပါတယ် ။ ဒါကြောင့် ကလေးမလေးက ဖခင်ဖြစ်သူရဲ့ဓာတ်ပုံကိုကြည့်ပြီး ပုံစံတူ အရုပ်လေး တစ်ရုပ်ပြုလုပ်ကာ အလွမ်းဖြေနေတာပဲ ဖြစ်ပါတယ် ။

ကလေးမလေးက သူမလုပ်ထားတဲ့အရုပ်လေးကိုကိုင်ပြီး ဖခင်ဖြစ်သူရဲ့ ဓာတ်ပုံနဲ့ အင်္ကျီချထားတဲ့နေရာမှာ ထိုင်နေခဲ့တာ ဖြစ်ပါတယ် ။ ဖခင်ကို သတိရစိတ်နဲ့ ပုံဖော်ခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ ဂျုံအရုပ်လေးက တကယ့်ကို စိတ်မကောင်းဖြစ် စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ဒီကလေးရဲ့ပုံတွေကို တင်ခဲ့တဲ့သူရဲ့Post အောက်မှာလည်း ပြည်သူတွေက ကလေးအတွက် အားပေးနှစ်သိမ့် စကားတွေ ပြောပေးခဲ့ကြတာလည်း ဖြစ်ပါတယ် ။ ဖခင်ကိုသတိရလို့ ပုံစံတူအရုပ်လုပ်ရင်း အလွမ်းဖြေနေတဲ့ ကလေးမလေး ရဲ့ပုံရိပ်တွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Ko Jack Mintattoo’s FB Acc