“ဥပါယ္တံမ်ဥ္” ႐ုပ္ရွင္ ဇာတ္ကားႀကီးထဲက သိန္းစိုး ဆိုတဲ့ ကာရိုက္တာ နဲ႔ တစ္ရွိန္ ထိုးေအာင္ျမင္လာသူ တစ္ဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ ေအာင္ျမင့္ျမတ္ကို ပရိသတ္ႀကီး သိၿပီးသားေနမွာပါ။ ေအာင္ျမင့္ျမတ္ က က်ရာ ဇာတ္႐ုပ္တိုင္းကို တေထရာတည္း ပီပီျပင္ျပင္ တိတိက်က် သ႐ုပ္ေဆာင္နိုင္တဲ့ အျပင္ ဇာတ္႐ုပ္အေပၚမွာလည္း လူေရာ စိတ္ပါေျပာင္းလဲ နိုင္တာေၾကာင့္ ပရိသတ္ေတြက ေလးစား အားက်ရသူ တစ္ေယာက္ဆိုလည္းမမွားပါဘူး။ ပရိသတ္ႀကီး ခ်စ္တဲ့ ေအာင္ျမင့္ျမတ္ ကေတာ့ ၿပီးခဲ့တဲ့ ဒီဇင္ဘာ လ (၂၀) ရက္ေန႔မွာ သူ႔ရဲ့ ခ်စ္သူေလး နဲ႔ ေရႊလက္တြဲ လက္ထပ္ခဲ့ ၿပီးျဖစ္ၿပီး ေအာင္ျမင့္ျမတ္က သူ႔ရဲ့ မဂၤလာပြဲ နဲ႔ ပက္သတ္ၿပီး လစ္ဟင္း မႈကို အခုလိုပဲ ေျပာျပလာပါတယ္။

“ဟုတ္ကဲ့ ကၽြန္ေတာ္ မိန္းမရပါၿပီ 😁 အားလုံးကို ဖိတ္ခ်င္ေပမယ့္ ဒီကာလ ႀကီးအတြင္းမွာမို႔ ဘယ္သူ႔ကို မွမဖိတ္လိုက္ နိုင္တာကို နားလည္ေပး ၾကပါလို႔ပဲ ေမတၱာ ရပ္ခံပါရေစေနာ္။ ႏွစ္ဖက္ မိဘ ေဆြမ်ိဳး တစ္ခ်ိဳ႕နဲ႔ ဒီရက္ပိုင္း မွာနီးနီးစပ္စပ္ ရွိတဲ့ မိတ္ေဆြ တစ္ခ်ိဳ႕ကိုပဲဖိတ္ၾကားလိုက္နိုင္ပါတယ္။ မဂၤလာပြဲ ျဖစ္ေျမာက္ေအာင္ အဖတ္ဖတ္က ဝိုင္းဝန္းကူညီေပးၾကတဲ့ သူေတြေရာ မဂၤလာဦး ဆုေတာင္းေပးၾကတဲ့သူေတြ အားလုံးကိုပါ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။ ဓာတ္ပုံေလးေတြထပ္ရရင္ ထပ္တင္ေပးပါဦးမယ္။ မ်က္စိေနာက္လဲ သည္းခံၾကပါဦးလို႔ 😁😁😁” ဆိုၿပီး ရင္းႏွီးသူ မိတ္ေဆြေတြ ကို ေမတၱာရပ္ခံထားပါတယ္။

ေအာင္ျမင့္ျမတ္တို႔ မဂၤလာပြဲေလးကေတာ့ မိသားစု ဝင္နည္းနည္း နဲ႔သာ က်င္းပခဲ့ေပမယ့္ ခ်စ္ခင္ ရသူေတြရဲ့ ေကာင္းခ်ီး ဂုဏ္ျပဳေပးမႈေတြနဲ႔ ေပ်ာ္စရာေတြ ျပည့္ႏွက္ခဲ့တာပဲ ျဖစ္ပါတယ္။ ေအာင္ျမင့္ျမတ္ တို႔ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ သက္ဆုံးတိုင္ ထာဝရ အျမဲေပ်ာ္ရႊင္စြာ ေပါင္းဖက္ နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ နိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Aung Myint Myat ‘s fb
Bilie – Cele Connections

UNICODE

“ဥပါယ်တံမျဉ်” ရုပ်ရှင် ဇာတ်ကားကြီးထဲက သိန်းစိုး ဆိုတဲ့ ကာရိုက်တာ နဲ့ တစ်ရှိန် ထိုးအောင်မြင်လာသူ တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် အောင်မြင့်မြတ်ကို ပရိသတ်ကြီး သိပြီးသားနေမှာပါ။ အောင်မြင့်မြတ် က ကျရာ ဇာတ်ရုပ်တိုင်းကို တထေရာတည်း ပီပီပြင်ပြင် တိတိကျကျ သရုပ်ဆောင်နိုင်တဲ့ အပြင် ဇာတ်ရုပ်အပေါ်မှာလည်း လူရော စိတ်ပါပြောင်းလဲ နိုင်တာကြောင့် ပရိသတ်တွေက လေးစား အားကျရသူ တစ်ယောက်ဆိုလည်းမမှားပါဘူး။ ပရိသတ်ကြီး ချစ်တဲ့ အောင်မြင့်မြတ် ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ လ (၂၀) ရက်နေ့မှာ သူ့ရဲ့ ချစ်သူလေး နဲ့ ရွှေလက်တွဲ လက်ထပ်ခဲ့ ပြီးဖြစ်ပြီး အောင်မြင့်မြတ်က သူ့ရဲ့ မင်္ဂလာပွဲ နဲ့ ပက်သတ်ပြီး လစ်ဟင်း မှုကို အခုလိုပဲ ပြောပြလာပါတယ်။

“ဟုတ်ကဲ့ ကျွန်တော် မိန်းမရပါပြီ 😁 အားလုံးကို ဖိတ်ချင်ပေမယ့် ဒီကာလ ကြီးအတွင်းမှာမို့ ဘယ်သူ့ကို မှမဖိတ်လိုက် နိုင်တာကို နားလည်ပေး ကြပါလို့ပဲ မေတ္တာ ရပ်ခံပါရစေနော်။ နှစ်ဖက် မိဘ ဆွေမျိုး တစ်ချို့နဲ့ ဒီရက်ပိုင်း မှာနီးနီးစပ်စပ် ရှိတဲ့ မိတ်ဆွေ တစ်ချို့ကိုပဲဖိတ်ကြားလိုက်နိုင်ပါတယ်။ မင်္ဂလာပွဲ ဖြစ်မြောက်အောင် အဖတ်ဖတ်က ဝိုင်းဝန်းကူညီပေးကြတဲ့ သူတွေရော မင်္ဂလာဦး ဆုတောင်းပေးကြတဲ့သူတွေ အားလုံးကိုပါ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဓာတ်ပုံလေးတွေထပ်ရရင် ထပ်တင်ပေးပါဦးမယ်။ မျက်စိနောက်လဲ သည်းခံကြပါဦးလို့ 😁😁😁” ဆိုပြီး ရင်းနှီးသူ မိတ်ဆွေတွေ ကို မေတ္တာရပ်ခံထားပါတယ်။

အောင်မြင့်မြတ်တို့ မင်္ဂလာပွဲလေးကတော့ မိသားစု ဝင်နည်းနည်း နဲ့သာ ကျင်းပခဲ့ပေမယ့် ချစ်ခင် ရသူတွေရဲ့ ကောင်းချီး ဂုဏ်ပြုပေးမှုတွေနဲ့ ပျော်စရာတွေ ပြည့်နှက်ခဲ့တာပဲ ဖြစ်ပါတယ်။ အောင်မြင့်မြတ် တို့ ဇနီးမောင်နှံ နှစ်ယောက် သက်ဆုံးတိုင် ထာဝရ အမြဲပျော်ရွှင်စွာ ပေါင်းဖက် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Aung Myint Myat ‘s fb
Bilie – Cele Connections