


Yuan – Cele Zone
Photo – Mayla Melody

UNICODE

အဆိုတော် မေလသံစဉ် ကတော့ အနုပညာ လောကမှာ နာမည်တစ်လုံး နဲ့ ရပ်တည်ထား နိုင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး အနုပညာ အလုပ်တွေကို ငယ်စဉ်တည်းက လုပ်ကိုင် နေခဲ့တဲ့ အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ရဲ့ ချစ်ခင် အားပေးမှုကိုလည်း အခိုင်အမာ ရယူထားနိုင်ခဲ့တဲ့ သူမကတော့ ချိုသာလွန်းတဲ့ အသံလေး တွေကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပြီး အချစ်သီချင်းလေး တွေ မြန်မာသံ သီချင်းလေးတွေကို သီဆိုလေ့ ရှိနေသူလေး ဖြစ်ပါတယ်။

အမြဲလိုလို ချိုသာတဲ့ အပြုံးလေးတွေ နဲ့ ပျော်ပျော် ရွှင်ရွှင် နေတတ် သူလေးဖြစ်ပြီး မြန်မာဆန်ဆန် ဖက်ရှင် လေးတွေ ရိုးရှင်းတဲ့ ဖက်ရှင်လေး တွေကိုသာ ဝတ်ဆင် လေ့ရှိသူတစ်ယောက်ပါ ။ ဒါ့အပြင် သူမက တော့ cover သီချင်းလေးတွေကိုလည်း သီဆိုလေ့ရှိပြီး အဆိုပိုင်း မှာပါ သူမတူအောင် ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက် ဆိုရင်လည်း မမှားပါဘူး။

မေလအနေ နဲ့ ကတော့ တစ်နေ့ တစ်ခြား အောင်မြင် လာကာ အလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ အခုဆိုရင် သူမ ရဲ့ ပေ့စ်လေးဟာ follower (5.8 M) တောင်ရှိနေပြီ ဖြစ်ရာ သူမအရမ်းလို ချင်နေတဲ့ blue mark လေးပါ ခက်ခက်ခဲခဲ နဲ့ ရရှိသွားတာကြောင့် အတိုင်းပျော်ရွှင်နေ မိကြောင်းကို “Follower 58 သိန်း ရှိလာပြီဖြစ်တဲ့ မေလ ရဲ့ Page လေး အ​ကြောင်း အမျိုးမျိုး​ကြောင့် Blue Mark မရဖြစ်​နေတာ အကို Aung Aye Chit ကူညီ​ပေးလို့ အဆင်​ပြေသွားပါပြီ Follower 58 သိန်း (5.8 M) ထဲမှာ မေလ ငယ်ငယ် ကတည်းက အခုချိန်ထိ အား​ပေး၊ ချစ်​ပေးကြတဲ့သူ အားလုံးကို အမြဲအမှတ်ရ ကျေးဇူးတင်​နေမှာပါနော်” စာလေးကို ရေးသားဝေမျှထားရာ ပရိသတ်ကြီး အတွက် မျှဝေပေးလိုက်ပါရစေ။

Yuan – Cele Zone
Photo – Mayla Melody