



unicode

လက်ရှိမှာဆိုရင် အနုပညာအလုပ် တွေနဲ့အလှမ်းဝေးကွာနေတဲ့ မိုးယုစံကတော့ ဒုတိယရင် သွေးလေးကိုလွယ်ထားရပြီး ဖေဖော်ဝါရီလထဲမှာ မွေးဖွားမှာဖြစ်ပါတယ်နော်။မိုးယုစံက ပျော်ရွှင်စရာမိသားစု ဘဝလေးကို တည်ဆောက်ထားပြီး သူမရဲ့ခင်ပွန်းကလည်း အရမ်းကြင်နာတတ် တဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။မိုးယုစံက အနုပညာအလုပ်တွေ မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့ချစ်မေတ္တာကိုပိုင်ဆိုင်ထားတဲ့အပြင် သူမရဲ့သားလေးကပါလူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်နော်။

မိုးယုစံရဲ့သားကြီးလေး Austinလေးကတော့ ချစ်‌မွေးအပြည့်ပါပြီး သိတတ်လိမ္မာတဲ့ကလေးလေးဖြစ်ပါတယ်နော်။Austin လေးက ညီလေးရတော့မှာကြောင့် အရမ်းပျော်ရွှင်နေပြီး အခုအရွယ်ကတည်းက အစ်ကိုကြီးပီသ နေတာပဲဖြစ်ပါတယ်။မေမေမိုးယုကလည်း မကြာခင်မှာ သားနှစ်ယောက် ရဲ့မေမေဖြစ်တော့မှာမှလို့ အရမ်းဂုဏ်ယူနေတာဖြစ်ပါတယ်။မိုးယုတို့မိသားစုလေး ကတော့ နှစ်ဖက်မိဘတွေနဲ့လည်း ချစ်ချစ်ခင်ခင် နဲ့စည်းလုံးကြလို့ အရမ်းပျော်စရာကောင်းတဲ့မိသားစုဘဝလေးဖြစ်ပါတယ်နော်။

မိုးယုကတော့ သူမရဲ့မိဘနှစ်ပါးနဲ့ မောင်လေးကိုလည်း အရမ်းဂရုစိုက်ပေးတာဖြစ်ပါတယ်။မိုးယုစံ ရဲ့မောင်လေး ဆန်းလင်းထွန်း ကတော့ အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေပြီး မိန်းကလေးတွေဝိုင်းဝိုင်း လည်နေတဲ့သူပဲဖြစ်ပါတယ်။ဒီနေ့လေးဟာ ဆိုရင်တော့ ဆန်းလင်းထွန်းရဲ့ (၂၄)နှစ်ပြည့်မွေးနေ့လေးဖြစ်လို့ မိုးယုက ငယ်ဘဝပုံရိပ်လေးတွေနဲ့အတူ မွေးနေ့ဆုတောင်းပေးထား တာဖြစ်ပါတယ်။မိုးယုကလည်း အစ်မကြီးပီပီ မောင်လေးကိုအရမ်းချစ်ပြီး ငယ်ငယ်ကတည်းက ဂရုစိုက်ခဲ့တာကြောင့် သူမတို့ရဲ့ငယ်ဘဝပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source&Video Credit:Moe Yu San’s Facebook Acc